Education interview political news

ဒေါ်အောင်ဆန်းစုကြည် တက်တဲ့ နေပြည်တော်အခမ်းအနားပွဲမှာ ကျောင်းသားတွေ ဘာလို့ ဆန္ဒပြခဲ့ကြလဲ(ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် တက်တဲ့ နေပြည်တော်အခမ်းအနားပွဲမှာ ကျောင်းသားတွေ ဘာလို့ ဆန္ဒပြခဲ့ကြလဲ(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈

နေပြည်တော် MICC 2 ခန်းမတွင် ယနေ့ ပြုလုပ်နေသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောပွဲ၌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသည့်အချိန် ကျောင်းသားများဆန္ဒထုတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ၁ ကိုအောင်ပြည့်စုံဖြိုး ကပြောသည်။

“အဓိကကတော့ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂသပိတ်နဲ့ ပတ်သက်လို့ အဓိက လုပ်တာပါ၊ အဲဒီကိစ္စတွေကို တာဝန်ရှိသူတွေက မမြင်ဘူး မကြားဘူးထင်နေလို့ ၊ မြင်အောင်ကြားအောင်ပြပေးလိုက်တာပါ”ဟု ဗ.က.သ ဒုဥက္ကဌ (၁) ကိုအောင်ပြည့်စုံဖြိုး ကပြောသည်။

ဗ.က.သ အဖွဲ့ဝင် လူငယ်များက သုတေသနမရှိသော အစမ်းသပ်ခံ ပညာရေးစနစ်အလိုမရှိ၊ မန္တလေးတက္ကသိုလ်သပိတ်ကို ချက်ချင်းဖြေရှင်းပေး၊ အမှန်တရားတစ်ခုအတွက် အချိန်မဆွဲပါနဲ့ စသည့် စာသားများကို ကိုင်ဆောင်ကာ အခမ်းအနားတွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာက လာရောက်တားမြစ်ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများဘက်က မည်သည့်အချက်မှ တုန့်ပြန်လာခြင်းမရှိသေးကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ခွင့်တောင်းခဲ့သော်လည်း ခွင့်ပြုခြင်းမရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အခြေခံပညာဦးစီးဌာန၏ မတ်လကုန်အထိ စာသင်ကာလ တိုးမြှင့်မည့်အပေါ် အခြေခံပညာဆရာ/ဆရာများ နှင့် ပညာရေးကောလိပ်သမဂ္ဂ ကျောင်းသား/ကျောင်းသူများမှ ဖဲကြိုးစိမ်းလှုပ်ရှားများများ လုပ်ဆောင်နေသည့်ကိစ္စသည် ပညာရေးမူဝါဒများ ချမှတ်ရာတွင် အောက်ခြေမှ အသံများကို နားမထောင်ခြင်းများကြောင့် ထုတ်ဖော်နေဖြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုအခမ်းအနားတွေကို အလွဲသုံးစားမလုပ်ပါနဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်စည်းကိုစောင့်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မခဏခဏပြောပါတယ်။ လူတိုင်းလူတိုင်းမှာ အခွင့်ရေးဆိုတဲ့ တာဝန်ရှိတယ်ဆိုတာလည်း သိရမယ်။ စည်းကမ်းဆိုတာ ကိုယ့်စည်းကို ကိုယ်ထိန်းရပါမယ်။ အနောက်ကနေ ဘာတွေဆောင်ရွက်ဆောင်ရွက် ဒီတိုင်းဆို မမြင်ရဘူး။ မမြင်ရတော့ ဘာမှ လုပ်မှာမဟုတ်ဘူး။ တင်ပြချင်တယ်ဆိုရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေအများကြီးရှိတယ်။ တင်ပြနိုင်တဲ့ ပုံစံတွေရှိတယ်” ဟု အခမ်းအနားတွင် ဆန္ဒပြသူများကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။

Photo Credit- Peacock News (Peacock News သတင်းဌာနထံ တရားဝင်ဆက်သွယ်၍ ခွင့်ပြုချက်တောင်းခံပြီး ဓာတ်ပုံသုံးစွဲပါသည်)

ေဒၚေအာင္ဆန္းစုၾကည္ကုိ ေက်ာင္းသားေတြ ဘာလုိ႔ ဆႏၵျပလဲ(ရုပ္/သံ)

ေဒၚေအာင္ဆန္းစုၾကည္ တက္တဲ့ ေနျပည္ေတာ္အခမ္းအနားပြဲမွာ ေက်ာင္းသားေတြ ဘာလုိ႔ ဆႏၵျပခဲ့ၾကလဲ၊ ေဒၚေအာင္ဆန္းစုၾကည္တုံ႔ျပန္မႈကုိ ဘယ္လုိျမင္ၾကလဲ(ရုပ္/သံ)ရန္ကုန္၊ ဇန္န၀ါရီ ၂၈ ေနျပည္ေတာ္ MICC 2 ခန္းမတြင္ ယေန႔ ျပဳလုပ္ေနသည့္ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈအေကာင္အထည္ေဖာ္ေရး ႏွီးေႏွာပြဲ၌ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာေနသည့္အခ်ိန္ ေက်ာင္းသားမ်ားဆႏၵထုတ္ခဲ့ေၾကာင္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္မွ ဒုဥကၠ႒ ၁ ကိုေအာင္ျပည့္စုံၿဖိဳး ကေျပာသည္။“အဓိကကေတာ့ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈနဲ႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢသပိတ္နဲ႔ ပတ္သက္လို႔ အဓိက လုပ္တာပါ၊ အဲဒီကိစၥေတြကို တာ၀န္ရွိသူေတြက မျမင္ဘူး မၾကားဘူးထင္ေနလို႔ ၊ ျမင္ေအာင္ၾကားေအာင္ျပေပးလိုက္တာပါ”ဟု ဗ.က.သ ဒုဥကၠဌ (၁) ကိုေအာင္ျပည့္စုံၿဖိဳး ကေျပာသည္။ဗ.က.သ အဖြဲ႕ဝင္ လူငယ္မ်ားက သုေတသနမရွိေသာ အစမ္းသပ္ခံ ပညာေရးစနစ္အလိုမရွိ၊ မႏၲေလးတကၠသိုလ္သပိတ္ကို ခ်က္ခ်င္းေျဖရွင္းေပး၊ အမွန္တရားတစ္ခုအတြက္ အခ်ိန္မဆြဲပါနဲ႔ စသည့္ စာသားမ်ားကို ကိုင္ေဆာင္ကာ အခမ္းအနားတြင္ ဆႏၵေဖာ္ထုတ္ခဲ့ျခင္းျဖစ္ၿပီး သက္ဆုိင္ရာက လာေရာက္တားျမစ္ခဲ့ေသာ္လည္း ဆက္လက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ဆႏၵျပမႈႏွင့္ပတ္သက္၍ တာ၀န္ရွိသူမ်ားဘက္က မည္သည့္အခ်က္မွ တုန္႔ျပန္လာျခင္းမရွိေသးေၾကာင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ေတြ႕ခြင့္ေတာင္းခဲ့ေသာ္လည္း ခြင့္ျပဳျခင္းမရွိခဲ့ေၾကာင္း သိရသည္။လက္ရွိအခ်ိန္တြင္ အေျခခံပညာဦးစီးဌာန၏ မတ္လကုန္အထိ စာသင္ကာလ တိုးျမႇင့္မည့္အေပၚ အေျခခံပညာဆရာ/ဆရာမ်ား ႏွင့္ ပညာေရးေကာလိပ္သမဂၢ ေက်ာင္းသား/ေက်ာင္းသူမ်ားမွ ဖဲႀကိဳးစိမ္းလႈပ္ရွားမ်ားမ်ား လုပ္ေဆာင္ေနသည့္ကိစၥသည္ ပညာေရးမူဝါဒမ်ား ခ်မွတ္ရာတြင္ ေအာက္ေျခမွ အသံမ်ားကို နားမေထာင္ျခင္းမ်ားေၾကာင့္ ထုတ္ေဖာ္ေနျဖင္းျဖစ္ေၾကာင္း သိရသည္။ေဒၚေအာင္ဆန္းစုၾကည္က "ဒီလိုအခမ္းအနားေတြကို အလြဲသံုးစားမလုပ္ပါနဲ႔။ လူတိုင္းလူတိုင္းဟာ ကိုယ့္စည္းကိုေစာင့္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ ကၽြန္မခဏခဏေျပာပါတယ္။ လူတိုင္းလူတိုင္းမွာ အခြင့္ေရးဆိုတဲ့ တာဝန္ရွိတယ္ဆိုတာလည္း သိရမယ္။ စည္းကမ္းဆိုတာ ကိုယ့္စည္းကို ကိုယ္ထိန္းရပါမယ္။ အေနာက္ကေန ဘာေတြေဆာင္ရြက္ေဆာင္ရြက္ ဒီတိုင္းဆို မျမင္ရဘူး။ မျမင္ရေတာ့ ဘာမွ လုပ္မွာမဟုတ္ဘူး။ တင္ျပခ်င္တယ္ဆိုရင္ တင္ျပႏိုင္တဲ့ အခြင့္အလမ္းေတြအမ်ားႀကီးရွိတယ္။ တင္ျပႏိုင္တဲ့ ပံုစံေတြရွိတယ္" ဟု အခမ္းအနားတြင္ ဆႏၵျပသူမ်ားကို ျပန္လည္တုံ႔ျပန္ေျပာဆုိခဲ့သည္။ Photo Credit- Peacock News (Peacock News သတင္းဌာနထံ တရား၀င္ဆက္သြယ္၍ ခြင့္ျပဳခ်က္ေတာင္းခံၿပီး ဓာတ္ပုံသုံးစြဲပါသည္)www.khitthitnews.com

Posted by Khit Thit Media on Tuesday, 28 January 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com