All News Local News Peace

ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဗိုလ်ချုပ် ၁၀ ဦးအပါအဝင် တပ်မတော်သား ၂၄ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နှင့်သူရဲကောင်းတံဆိပ်များ သမ္မတဦးဝင်းမြင့် ချီးမြှင့်

ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဗိုလ်ချုပ် ၁၀ ဦးအပါအဝင် တပ်မတော်သား ၂၄ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နှင့်သူရဲကောင်းတံဆိပ်များ သမ္မတဦးဝင်းမြင့် ချီးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၄

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး၊ ဗိုလ်ချုပ်အဆင့် ၁၀ ဦး အပါအဝင် တပ်မတော်သား ၂၄ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်များ ချီးမြှင့်ပေးအပ်လိုက်ကြောင်း သိရှိရသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်နှစ်စဉ် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆပ်များ ချီးမြှင့်လေ့ရှိရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတရုံးက အမိန့် ကြေညာစာ ၂/၂၀၂၀ ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ရာ တပ်မတော်သား ၂၄ ဦး ပါဝင်လာခြင်းဖြစ်သည်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ရာတွင် သီဟသူရဘွဲ့ ကို အမှတ် ၅၆၄ ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး အေးမင်းအောင်ကိုလည်းကောင်း၊ သူရ ဘွဲ့ကို တပ်မတော်သား ၃ ဦးထံသို့လည်းကောင်း ပေးအပ်သည်။

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များကို စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကိုလေး၊ တပ်ထိန်းချုပ် ဗိုလ်ချုပ်သက်ထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်း၊ အငြိမ်းစား ဗိုလ်ချုပ် ၄ ဦးကိုလည်းကောင်း စုစုပေါင်း ၁၁ ဦးကို ချီးမြှင့်သည်။

စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ကို တပ်မတော်သား ၉ ဦးကို ချီးမြှင့်ကြောင်း သမ္မတ၏ အမိန့် ကြေညာစာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com