All News China Watch Local News

ထိုင်ဝမ်နိုင်ငံကို တရုတ်အစိတ်အပိုင်းဟု မြန်မာထုတ်ပြန်မှု ထိုင်ဝမ်နိုင်ငံအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြင်းပြင်းထန်ထန်ကန့်ကွက်

ထိုင်ဝမ်နိုင်ငံကို တရုတ်အစိတ်အပိုင်းဟု မြန်မာထုတ်ပြန်မှု ထိုင်ဝမ်နိုင်ငံအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြင်းပြင်းထန်ထန်ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

တရုတ်သမ္မတရှီကျင့်ပင် ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာချက်ကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်ကန့်ကွက် ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်သော ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုသည်ဟု တရုတ်နှင့်မြန်မာ ပူးတွဲကြေညာချက်တွင် ထည့်သွင်းဖော်ပြမှုကို ကန့်ကွက်ကြောင်း၊ ထိုင်ဝမ်သည် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အစိတ်အပိုင်းမဟုတ်ကြောင်း၊ ထိုင်ဝမ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်သော အဆိုပါ ကြေညာချက်ကို ကန့်ကွက်ရှုတ်ချကြောင်း ထိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Joanne Ou က ကြေညာချက်တွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံကို တရုတ်သမ္မတရှီကျင့်ပင် လာရောက်လည်ပတ်စဉ် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းကြေညာချက်တွင် ထိုင်ဝမ်၊ တိဘက်၊ ရှင်ကျန်းတို့ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

ထိုင်ဝမ်နိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြန်လည် ရွေးချယ်ခြင်းခံရသော ထိုင်ဝမ်နိုင်ငံတော်သမ္မတ Tsai Ing-wenနှင့် ထိုင်ဝမ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တရုတ်နိုင်ငံအနေဖြင့် လေးစားရန် တိုက်တွန်းထားသည်။

မြန်မာနို်င်ငံသည် ဘေဂျင်အစိုးရကို ၁၉၄၉ ခုနှစ်တွင် အသိအမှတ်ပြုသည့် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံမဟုတ်သည့် နိုင်ငံတစ်ခုဖြစ်သည်။

Photo Credit – focustaiwan.tw

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts