China Watch Local News political news

တရုတ်သမ္မတ မြန်မာနိုင်ငံလာရောက်ချိန် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ ပရမ်းပတာမထုတ်ယူရေး တရုတ်သံရုံးရှေ့ ဆန္ဒပြမည်

တရုတ်သမ္မတ မြန်မာနိုင်ငံလာရောက်ချိန် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ ပရမ်းပတာမထုတ်ယူရေး တရုတ်သံရုံးရှေ့ ဆန္ဒပြမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံသို့ ၂ ရက်တာ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ပင် ခရီးစဉ်အချိန်နှင့်တိုက်ဆိုင်၍ မြစ်ဆုံစီမံကိန်း အပြီးတိုင်းဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ ပရမ်းပတာ မထုတ်ယူရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးအောင်စိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ဆန္ဒပြပွဲကို ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး အဖွဲ့ ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး လူမှုအဖွဲ့အစည်း တို့က ဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒပြပွဲကို တရားဝင် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ ထံ အကြောင်းကြားပြီးဖြစ်ကြောင်း ဦးအောင်စိုးက ပြောသည်။

“တရုတ်သမ္မတကတော့ ရန်ကုန်လာဖို့ မရှိဘူးလို့သိရတယ်။ ကျနေ်ာတို့က ရန်ကုန်တရုတ်သံရုံးအနီးမှာ ဆန္ဒပြမယ်။ နောက်ပြီး ကျနေ်ာတို့ တရုတ်သမ္မတကိုလည်း ပေးစာတစ်စောင်ပေးသွားမယ်။ ဆန္ဒပြပွဲကိုလည်း ဥပဒေအရ ကျနေ်ာတို့ တရားဝင် အကြောင်းကြားပြီးတော့မှ ဆောင်ရွက်တာဖြစ်ပါတယ်။ ဟောပြောတာတွေလည်း ပါမယ်” ဟု ဦးအောင်စိုးက ဆိုသည်။

ရဲတပ်ဖွဲ့ထံသို့ ဆန္ဒပြပွဲ တရားဝင် အကြောင်းကြားစာတွင် လူဦးရေ ၂၀၀ ဟု အကြောင်းကြားထားပြီး ဥပဒေအရ ခွင့်ပြုမိန့် မလိုဘဲ အကြောင်းကြားရန်သာ လိုအပ်၍ အကြောင်းကြားခြင်းဖြစ်သည်ဟု ဦးအောင်စိုးက ပြောသည်။

တရုတ်သမ္မတရှီကျင့်ပင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ ၂ ရက်တာ လာရောက်လည်ပတ်မည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com