All News China Watch Local News

တရုတ်သမ္မတရှီကျင့်ပင် နေပြည်တော်ရောက်ရှိ

တရုတ်သမ္မတရှီကျင့်ပင် နေပြည်တော်ရောက်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

တရုတ်သမ္မတ့မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရောက်ရှိပြီး ၎င်း၏ ၂ ရက်တာ မြန်မာနိုင်ငံခရီးစဉ်ကို စတင်လိုက်ပြီဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မြန်မာအစိုးရတာဝန်ရှိသူများက ကြိုဆိုကြကြောင်း မြန်မာ အစိုးရဘက်မှ သတင်းထုတ်ပြန်သည်။

တရုတ်သမ္မတသည် နေပြည်တော်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့နှင့် ဇန်နဝါရီလ ၁၈ ရက်နေ့ ၂ ရက်တာ နေထိုင်မည်ဖြစ်သည်။

ဓာတ်ပုံ- MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts