All News Health interview

“တရုတ်ရွှေလီမှ ပြန်လာပြီး ဖျား၍ အပူချိန်မြင့်နေသည့် စက်ရုံအလုပ်သမတစ်ဦးကို ကော်ရိုနာဗိုင်းရပ်စ်လက္ခဏာမပြသော်လည်း ၂၄ နာရီ စောင့်ကြည့်နေရ”

“တရုတ်ရွှေလီမှ ပြန်လာပြီး ဖျား၍ အပူချိန်မြင့်နေသည့် စက်ရုံအလုပ်သမတစ်ဦးကို ကော်ရိုနာဗိုင်းရပ်စ်လက္ခဏာမပြသော်လည်း ၂၄ နာရီ စောင့်ကြည့်နေရ”

မူဆယ်မြို့မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းနှင့် ဆက်သွယ်မေးမြန်းချက်

By ဇော်မင်း(ပျော်ဘွယ်)/ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့် ထိစပ်နေသည့် အနီးကပ်ဆုံး တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၂၆ ဦးရှိလာနေပြီဖြစ်ကြောင်း တရုတ်သတင်းများတွင် ဖော်ပြထားသည်။ လတ်တလော မူဆယ်ဘက်တွင် ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ်ဖြင့် စောင့်ကြည့်နေရသူတချို့ ရှိနေသဖြင့် မူဆယ်မြို့မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။လက်ရှိမူဆယ်မှာ ကျန်းမာရေးအခြေအနေ သံသဃဖြစ်ဖွယ်လူနာတွေလည်းေ တွ့ ရတယ်လို့ကြားရတယ်။ မူဆယ်ဂိတ်အခြေအနေလေးပေါ့။ လက်ရှိအခြေအနေလေးမေးကြည့်တာဘယ်လိုရှိလဲ။

ဖြေ။ ။မူဆယ်ဂိတ်ကတော့ တရုတ်ဘက်ကမ်းကတော့မူဆယ်ကို မလွှတ်တောဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေ အလုပ်လုပ်တဲ့ နိုင်ငံသားတွေကတော့ လွှတ်တာပေါ့ဗျာ။ တရုတ်နိုင်ငံသားတွေတော့ သူတို့ မလွှတ်တော့ဘူး ကျွန်တော်မူဆယ်မှာ သံသယဖြစ်တယ်ဆိုတဲ့ မူဆယ်ဆေးရုံးကြီးမှာကျွန် တော်တို့ စောင့်ကြည့်နေတဲ့ အခြေအနေပေါ့နော်။ထူးခြားမှုတော့မရှိဘူး။ ကိုရိုနာဗိုင်းရပ်(စ်)တော့ လက္ခဏာမပြတော့ဘူးပေါ့နော်။ ဟိုအခြေနေကတော့မူ ဆယ်ဘက်ခြမ်းမှာတော့ လူသွားလူလာ နိုင်ငံဝင်ထွက်တာသိပ်မရှိတော့ဘူး။ ဝင်ထွက်တာသိပ်မရှိတော့ဘူး ။မြန်မာနိုင်ငံသားတွေပြန်လာတဲ့ သူတွေလောက်ပဲစစ်ဆေးတာပဲရှိတာပေါ့။

မေး။ ။လက်ရှိကျန်းမာရေးဌာနအနေနဲ့ရော့ လွှတ်တော်အမတ်တွေနဲ့ရော့ ပူးပေါင်းဆောင်ရွက်တာရော့ရှိလား။

ဖြေ။ ။အခုကျန်းမာရေးဌာနက အခုမူဆယ်မှာဝင်ပေါက်ထွက်ပေါက်သုံးပေါက်ရှိတယ်ပေါ့နော်။ တရား ဝင်ပေါက်နော်။ကျွန်တော်တို့ နန်းတော်ပေါက်ဆိုရင် ဝင်လာ တဲ့သူတွေရဲ့Temperatureကို ချက်ချင်းလုပ်တယ်ပေါ့။ တိုင်းထွာတယ်ပေါ့လေ ။ကျန်တဲ့နှစ် ပေါက်ကေ တာ့ဂမ်းနဲ့ပဲ။ လက်နဲ့ပဲဝင်လာတဲ့ လူတိုင်းလူတိုင်းကိုကျန်းမာရေးသူရဲ့ Temperatureပေါ့စစ်ဆေးတာ ပဲရှိတယ်လေ။ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ ပြည်သူတွေကို Maskနဲ့သွားလာတဲ့နေရမှာ။ ဘာပဲကိုင်မိကိုင်မိပေါ့။တစ်ခုခုစားမယ်ပြုမယ်ဆိုလိုရှိရင် ကျွန်တော်တို့ ဒီဘက်က လက်ကို ဆပ်ပြာနဲ့ သေချာစင်အောင်ဆေးပြီးစားရမယ်၊ သောက်ရမယ်ဆိုတာကို အသိပညာပေးထားတာရှိတယ်ပေါ့။

လောလောဆယ်ကျွန်တော်တို့ မူဆယ်မှာ သံသယရှိတဲ့လူ ဆိုတဲ့ဟာကသူရဲ့History ကို ပြန်ကြည့်တဲ့အခါမှာ သူက ဝူဟန်ဘက် ကလာတာလည်းမဟုတ်ဘူး ။ စက်ရုံအလုပ်ကရုံကနေပြီးတော့ ကျွန်တော်တို့ဘက်ကမ်းကို ပြန်ကူးလာပြီးတော့ နှစ်သစ်ကူးလည်းဖြစ်တဲ့အချိန်မှာစက်ရုံအလုပ်ရုံပိတ်တဲ့အချိန် ကျွန်တော်တို့ ဒီဘက်နိုင်ငံကို ပြန်လာတဲ့အချိန်မှာ တစ်ယောက်ကတော့ နည်းနည်း Temperatureမြင့်တာတော့ရှိတယ်။သူရဲ့လက္ခဏာကတော့ ဝူဟန်ဗိုင်းရပ်(စ်)ကိုပြတာတော့မရှိဘူးပေါ့။ ကျွန်တော်တို့လော လောလောဆယ်ကတော့သူကို ၂၄နာရီ စောင့်ကြည့်နေတာတော့ရှိတယ်။

မေး။ ။သူက ကျားလား၊ မလား လက်ရှိအသက်အရွယ်ကရော့ ဘယ်လောက်ရှိလည်း။

ဖြေ။ ။မပေါ့ဗျာ။ သူရဲ့အနေအထားက လူလတ်ပိုင်းလောက်တော့ရှိတာပေါ့လေ ။ရွှေလီဒေသမှာသူကတော့ သုံးနှစ်ကျော်လေးနှစ်လောက် စက်ရုံအလုပ်ရုံမှာ အလုပ်လုပ်ခဲ့ပြီးပြီ ။ဝူဟန်ဒေသကိုခရီးထွက်ပြီး ပြန်လာတဲ့သူလည်းမဟုတ်ဘူးပေါ့။

မေး။ ။လက်ရှိ သူရဲ့ ကျန်းမာရေးစောင့်ရှောက်မူအပိုင်းပေါ့နော်။ ဆရာတို့အနေနဲ့ အားရကျေ နပ်မူရှိရဲ့လား။

ဖြေ။ ။လောလောဆယ် သူရဲ့ Temperatureမြင့်တာတော့မြင့်တာပေါ့လေ။ တခြားဖျားနာရောဂါလည်းရှိကောင်းရှိမှာပေါ့။ ဒီဘက်က ဆရာဝန်ကြီးစောင့်ကြည်နေတယ်ပေါ့။ခုကနပြော တဲ့ကော်ရိုနာဗိုင်းရပ်စ်ကိုလက္ခဏာမပြဘူးပေါ့ဗျာ။ လောလောဆယ် ၂၄နာရီစောင့်ကြည့်နေတာ တော့ရှိတယ်။

မေး ။ ။ဆရာ နောက်တစ်ယောက်ရော့ ဆင်းသွားပြီလား။

ဖြေ။ ။နောက်တစ်ယောက်ကကျတော့ လာပြီးတော့ Temperature ဝင်လာတဲ့အချိန်မှာသူရဲ့ Temperature နည်းနည်းတော့ အဖျားရောဂါရှိတယ်ဆိုပြီး ဆေးရုံကြီးသူကို ကျွန်တော်စောင့် ကြည့်တဲ့အချိန်မှာသူ Temperature က ကျသွားတယ် အဖျားရောဂါသက်သာသွားတဲ့အချိန်ကျတော့သူပြင်ပလူနာဌာနမှာပဲ စောင့်ကြည့်နေတာပေါ့။ခုကန တစ်ယောက်ကကျတော့ သူနည်း နည်းအဖျားမကျသေးတော့ သူကို ၂၄နာရီ ကျွန်တော်တို ဒီဘက်ကအရေးပေါ်လူနာ အခန်းမှာပဲ ထားပြီးတော့ စောင့်ကြည့်နေတာတော့ရှိတယ်။

မေး။ ။ ဆင်းသွားတဲ့ လူနာက ပြန်သွားပြီးလား၊ ပြင်ပလူနာဌာနမှာပဲ ခဏထားတာလား။

ဖြေ။ ။ပြင်ပလူနာဌာနမှာ အခုကသူက အဖျားလည်းမရှိတော့ဘူးဆိုတော့သူကိုပြန်လွှတ်လိုက်တဲ့ အပိုင်းတွေတော့ရှိတယ်။

မေး ။ ။ သူက ဘယ်ဒေသလာတာလဲ။

ဖြေ။ ။သူဘယ်ဒေသလည်းဆိုတာကို ကျွန်တေ်တို့ မသိဘူး။ကျွန်တော်တို့ကလည်းနယ် မြေကကျယ်တော့ ကျေးရွာအထိကို ကျွန်တော်ဆိုရင် အိမ်ပြန်ရောက်သေးဘူး ကျေးရွာမှာရှိ တဲ့ဒေသကလူတွေကို လိုက်ပြီးတော့ အသိပညာတွေပေးတယ်။ပြန်မရောက်နိုင်သေးတော့မြို့ပေါ် မှာဖြစ်တဲ့ဟာတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှုးနဲ့ မြို့ နယ် ဆရာဝန်ကြီးနဲ့ထိန်းချုပ်မှုအောက်မှာ တော့ရှိနေတယ်ပေါ့လေ။

မေး ။ လက်ရှိ ဂိတ်တွေကတော့ အကုန်ပိတ်ပြီလား။ သစ်သီးအသင်းကလည်း ကြေညာထားလို့လေ။

ဖြေ။ ။ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ကူးသန်းဆက်ဆံမှုမှာ ကုန်သွယ်ဖလှယ်တဲ့နေရာမှာတော့ ပိတ်ကောင်းပိတ်မှာပေါ့။ကျွန်တော်တို့ နိုင်ငံသားတွေက ဟိုဘက်ကမ်းမှာကျန်ခဲ့တော့ပြန်လာ လို့ရှိရင်ကျွန်တော်တို့နိုင်ငံကပိတ်လို့ရှိရင် တခြားတရားမဝင်အပေါက်ကနေပြီးတော့ ပြန်လာလိမ့်မယ်။ တရား မဝင်အပေါက်ကနေ ပြန်လာလို့ရှိရင် သူတို့ကို ကျန်းမာရေးစစ်ဆေးဖို့မလွယ်တော့ဘူး။ အဲဒီတော့ ဒီဘက်က ဌာနဆိုင်ရာတွေပူပေါင်းပြီးတော့ ဖွင့်ပေးပါ။ဖွင့်ပေးပြီးတော့ ဝင်လာတဲ့ သူကို ကျန်မာရေးစစ်ဆေးပေးမယ်။ကျန်မာရေးစစ်ဆေးတဲ့အခွင့်အလမ်းတော့ရှိတယ်ပေါ့ဗျာ။တရားမ ဝင်ပေါက်ကနေပြီးတော့ ခိုးပေါက်ကနေပြီးတော့ ဝင်လာလို့ရှိရင် ကျွန်တေ်တို့ စစ်ဆေးဖို့မလွယ် တော့ဘူးဖြစ်သွားမယ်။

မေး။ ။လက်ရှိ ဂိတ်သုံးဂိတ်တွေ ဘယ်ဂိတ်တွေလည်းဆရာ။

ဖြေ။ ။ကျွန်တော်တို့ နန်းတော်ဂိတ်ဆိုတာကတော့စာအုပ်တွေလုပ်ပေးတဲ့တရားဝင်ဂိ တ်ကြီးပေါ့နော်။ကျွန်တော်တို့ ဟိုဘက်မှာ ဆင်ဖြူဂိတ်၊ မန့်ဝန်းဂိတ်ဆိုတာကကာကြီးတွေ ဝင် ပေါက်ထွက်ပေါက်ရှိတဲ့ဂိတ်တွေပေါ့။ကျန်တဲ့နှစ်ဂိတ်ကတော့ ကမ်းအနေနဲ့ စစ်ဆေးတာပေါ့ဗျာ။ Temperatureစစ်ဆေးတာပေါ့။အခြေအနေရ ကျွန်တော်တု့ိမူဆယ်မှာနည်းနည်းတော့ခြောက်သွေ့ သွားတာပေါ့ဗျာ။

မေး။ ။ကုန်သွယ်မှုအပိုင်းမှာလည်း ရပ်တန့်သလောက်ဖြစ်သွားတယ်ပေါ့နော်။

ဖြေ။ ။ကုန်သွယ်မှုကတော့ ရပ်တန့်သလောက်ဖြစ်သွားပြီ။တရုတ်ပြည်ကလက်မခံတော့ဘူး။

Photo Credit- ရှမ်းပြည်နယ်လွှတ်တော်

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts