All News Local News Peace

တပ်မတော်၏ ဥပဒေနှင့်မညီသော တရားစွဲမှုကိစ္စ ရှေ့နေဦးကြီးမြင့်နှင့်ကဗျာဆရာစောေ၀ သတင်းစာရှင်းလင်းပွဲလုပ်မည်

တပ်မတော်၏ ဥပဒေနှင့်မညီသော တရားစွဲမှုကိစ္စ ရှေ့နေဦးကြီးမြင့်နှင့်ကဗျာဆရာစောေ၀ သတင်းစာရှင်းလင်းပွဲလုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေရန် ဟောပြောသည်ဟုဆိုကာ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်တို့ကို တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားမှုသည် ဥပဒေနှင့်မညီသဖြင့် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောဆိုသည်။

ဇန်ဝါရီလ ၂၅ ရက်နေ့ ၊ မြန်မာသတင်းလွတ်လပ်ခွင့်စင်တာ မွန်းလွဲ ၁ နာရီ တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဖမ်းဝရမ်းထုတ်ခံထားရ၍ သတင်းစာရှင်းလင်းပွဲတွင် ဖမ်းဆီးမှုများရှိနိုင်သည်ဆိုသော စိုးရိမ်မှုများလည်းရှိနေသည်။

“ကိုယ်တို့ကို ဖမ်းဝရမ်းထုတ်တာကလည်း ဥပဒေနဲ့မညီဘူး။ တရားစွဲတာကလည်း ဥပဒေနဲ့မညီဘူး။ ဒါတွေကို ရှင်းလင်းမှာပါ” ဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ဆိုသည်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်၏ အဆိုအရ တရားလိုဖြစ်သော ဒုတိယဗိုလ်မှူးကြီးဇော်ဇော်သည် တပ်မတော်မှ နုတ်ထွက်သွားသည်ဟု ကြားသိထားကြောင်းပြောဆိုသော်လည်း တပ်မတော်ဘက်ကမူ အတည်ပြုချက်မရရှိပေ။

ကော့သောင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မေလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒပြင်ဆင်ရေး ထောက်ခံပွဲကျင်းပစဉ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် ဟောပြောစေခဲ့သည်ဟုဆိုကာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို ကော့သောင်းမြို့နယ်၊ ခမောက်ကြီးတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဇော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားရုံး ဦးတိုက်လျှောက်ထား တရားစွဲခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts