All News Health interview

“စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းသို့ ပြန်လာသည့် တရုတ်၂၅ ဦးကို သံသယရှိလူနာအနေဖြင့် သီးခြားခွဲထား၊ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်များဝင်ရောက်မှု ပိတ်သင့်ဟုဆို “

“စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းသို့ ပြန်လာသည့် တရုတ်၂၅ ဦးကို သံသယရှိလူနာအနေဖြင့် သီးခြားခွဲထား၊ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်များဝင်ရောက်မှု ပိတ်သင့်ဟုဆို “

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်းဒေသကြီး စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီစီမံကိန်းလုပ်ကိုင်နေသော ယန်စီကုမ္မဏီထံသို့ တရုတ်လူမျိုးများ ဝင်လာသည်ဟုသတင်းရရှိ၍ ပြည်သူလူထု အထိတ်တလန့်ဖြစ်ပေါ်နေသဖြင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ သွားရောက်စစ်ဆေးခဲ့ပြီး တရုတ် ၂၅ ဦးကို သံသယရှိလူနာအဖြစ် ခွဲခြားထားကြောင်း သိရှိရသည်။ ,ယနေ့ စစ်ဆေးမှုတွင် ပါဝင်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒီနေ့ ယန်စီကုမ္ပဏီကို သွားစစ်တော့ စစ်ဆေးတွေ့ရှိမှုက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ယန်စီကုမ္ပဏီဘက်ကေ ဇန်နဝါရီ၂၈ရက်နေ့ မနက်ခင်းမှာ လှမ်းပြီးတော့ အကြောင်းကြားတာက ကား၅စီးဝင်လာတယ်ဆိုပြီးတော့ သတင်းပို့လို့ ကျွန်မတို့က တိုင်းအစိုးရကို တောင်းဆိုတာပေါ့။ ဝင်ပြီးတော့ ရှောင်တခင်စစ်ဖို့ဆိုပြီးတော့ တောင်းဆိုတော့ ဒီနေ့မနက် တိုင်းအစိုးရက စည်ပင်ဝန်ကြီးရယ်။ နယ်လုံဝန်ကြီးရယ်။ ခရိုင်လဝက ခရိုင်ရဲတပ်ဖွဲ့မှူး။ တိုင်းကျန်းမားရေအဖွဲ့ နဲ့ ကျွန်မနဲ့ အတူတူ ဝင်စစ်ခဲ့တယ်။ ဝင်စစ်တော့ ထူးခြားတာတော့ မတွေ့ခဲ့ပါဘူး။

သူတို့ လူဝင်တဲ့အနေအထားက လဝက လူအဝင်အထွက်စာရင်းနဲ့ သူတို့ဥပဒေနဲ့ အညီ အထောက်အထားအပြည့်အစုံနဲ့ ဝင်လာတာပါ။ ဝင်လာတာကတော့ ကျွန်မစိတ်ထဲမှာ ဘဝင်မကျတာကတော့ ဒီလောက်ပြဿနာဖြစ်နေတဲ့အချိန်မှာ အခုရက်ပိုင်းအတွင်းကို ဟိုဘက်ကနေ ကိုယ်နိုင်ငံထဲကို ဝင်ခွင့်ပေးတာကတော့ လေဆိပ်တွေကတော့ မဖြစ်သင့်ဘူးပေါ့။

အဲဒါနည်းနည်းတော့ စိတ်တိုင်းမကျဘူး။ ဒါကပြည်ထောင်စု အဆင့်ကနေညွှွန်ကြားမှလည်းဖြစ်မှာလေ။ ကျွန်မတို့လည်း ပြည်ထောင်စုကို စိစစ်တွေ့ရှိချက်ကို ပြည်ထောင်စုကို တင်ဖို့ရာကတော့ တိုင်းအစိုးရက သူတို့ဌာနတွေကို ညွှန်ကြားသွားပါတယ်။

မေး။ ။ သူတို့တွေကို ကျန်မာရေး စစ်ဆေးတဲ့အခါမှာ ဘယ်လိုပုံစံမျိုးစစ်ဆေးတာလဲ။

ဖြေ။ ။ ကျန်းမာရေးက တိုင်းကျန်းမာက သူတို့ရဲ့ ပညာနဲ့စစ်တာလေ။ ကျွန်မတို့က ဆရာဝန်မဟုတ်ဘူး။ ပညာရှင်မဟုတ်တော့ ကျွန်မအနေနဲ့ ကျန်းမာရေးစစ်ဆေးတဲ့ အထိတော့ မလုပ်ဘူး။ ကျွန်မစစ်တာက လူအဝင်အထွက် ကိုက်၊ မကိုက် ကျန်းမာရေးက ကျန်းမာရေးနဲ့ ပတ်သက်တာစစ်ဆိုပြီးတော့ လူခွဲပြီးတော့ ကျွန်မတို့က လဝကနဲ့သွားတာ။ သူတို့ကတာ့ ကျန်းမာရေး စစ်နေခဲ့တာပေါ့။

မေး။ ။ ကျန်းမာရေး စစ်ဆေးတဲ့ အခါမှာကော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ လောလောဆယ်တော့မတွေ့ရဘူး။ နေမကောင်းတဲ့သူတွေ ပြန်ဝင်လာတယ် ဆိုတာကတော့ မဟုတ်ဘူး။ အဲတာတော့ မဟုတ်ဘူး။ မစိုးရိမ်ပါနဲ့။ လက်ရှိနေတဲ့အနေအထားတွေကလည်း အကုန် လန်းလန်းဆန်းဆန်းကြီးတွေပါပဲ။ သူတို့လည်း သံသယရှိလူနာအနေနဲ့ သတ်မှတ်ခံထားရတာတော့ ဟုတ်တယ်။ ဟုတ်လို့ ဒီ၂၅ယောက်ကို သီးခြားထားတာပါ။

မေး။ ။ နောက်ဝင်ထွက်မှုတွေ မဖြစ်အောင် ဘယ်လိုလုပ်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်မတို့အနေနဲ့ တိုင်းအဆင့်အနေနဲ့တော့ လုပ်လို့မရဘူး။ ပြည်ထောင်စု အဆင့်ကအနေနဲ့ လုပ်မှရမယ်။ ပြည်ထောင်စုက ဝင်ခွင့်ပေးနေလို့ ဒီဘက်ထိရောက်လာတာပေါ့။ ဒီဟာကိုတားဖို့ရန်အတွက် ပြည်ထောင်စု အစိုးရမှာပဲ တာဝန်ရှိတာလေ။ ပြည်ထောင်စုသက်ဆိုင်တဲ့ ဝန်ကြီးဌာနက တာဝန်ရှိတာလေ။

လဝက ဒါတွေကို ဒီလောက်ရောဂါအခြေအနေဆိုးနေတဲ့အချိန်မှာ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး စိုးရိမ်နေတဲ့အချိန်မှာ ဒီလေယာဉ်တွေကနေမှ ဒီလေဆိပ်တွေ အကုန်ပိတ်ထားသင့်တာလေ။ အဝင်အထွက်မရှိ ပိတ်ထားသင့်တာလေ။ အခုဒါကြီးက ဒီရက်ပိုင်းအတွင်းကို တရုတ်နိုင်ငံလိုဟာမျိုးက ဝင်လာတဲ့ အနေအထားက ပိတ်ရမှာပေါ့။ အခုဟာက မပိတ်ဘူးဖြစ်နေတာလေ။ မပိတ်လို့လည်းဘဲ အခုရက်ပိုင်းအတွင်းရောက်လာကြတာပေါ့။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ယန်စီကုမ္ပဏီကို သွားရောက်စစ်ဆေးနေကြစဉ်။ Photo Credit- ဒေါ်အောင်မေရီဖေ့စ်ဘုတ်စ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts