Local News Peace political news

စစ်တပ်ပိုင် ထုတ်ကုန်နှင့်အမှတ်တံဆိပ် ၁၄၉ မျိုးကို သပိတ်မှောက်၊ နိုင်ငံတကာကုမ္ပဏီ ၈၀ ကျော်ကို Dirty List အဖြစ် Burma Campaign UK ကြေညာ

စစ်တပ်ပိုင် ထုတ်ကုန်နှင့်အမှတ်တံဆိပ် ၁၄၉ မျိုးကို သပိတ်မှောက်၊ နိုင်ငံတကာကုမ္ပဏီ ၈၀ ကျော်ကို Dirty List အဖြစ် Burma Campaign UK ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မြန်မာစစ်တပ်ပိုင်ကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများက ထုတ်လုပ်သည့် ထုတ်ကုန်များနှင့်ကုန်အမှတ်တံဆိပ် ၁၄၉ မျိုးကို ထုတ်ပြန်လိုက်ပြီး အဆိုပါအမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းများကို ဝယ်ယူခြင်းမပြုရန် Burma Campaign UK က ထုတ်ပြန်ကြေညာသည်။

ထုတ်ကုန်နှင့်အမှတ်တံဆိပ် ၁၄၉ မျိုးတွင် ဆောက်လုပ်ရေး၊ မီဒီယာ၊ ဖျော်ဖြေရေး၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ကုန်သွယ်မှုများ ပါဝင်ကြောင်း၊ ယင်းထုတ်ကုန်နှင့် အမှတ်တံဆိပ်များကို တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ သံရုံးများ၊ အလှူရှင်များ၊ အကူအညီပေးရေးအေဂျင်စီများ၊ ကုမ္ပဏီများအနေဖြင့် ဝယ်ယူခြင်းမပြုရန် သတင်းအချက်အလက်နှင့်အသိပေးပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ကုန်နှင့်အမှတ်တံဆိပ်များကို သုံးစွဲခြင်းဖြင့် မြန်မာစစ်တပ်အနေဖြင့် အမြတ်ငွေများရရှိပြီး ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားများနှင့် စစ်အင်အားတိုးချဲ့ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ICC နှင့် ICJ တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင်လည်း ဦးပိုင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့နှင့်အတူ ပူးတွဲဆောင်ရွက်နေသော စီးပွားရေးမိတ်ဖက်များကို ဖော်ပြထားပြီး စီးပွားရေးပိတ်ဆို့မှုဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများနှင့် ထုတ်ကုန်များ၊ အမှတ်တံဆိပ်များသည် ပွင့်လင်မြင်သာမှုမရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာစစ်တပ်နှင့် စီးပွားရေးဆောင်ရွက်နေသော (သို့မဟုတ်) လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် နိုင်ငံတကာကုမ္ပဏီ ၈၀ ကျော် စာရင်း Dirty List ကိုလည်း Burma Campaign UK ထုတ်ပြန်ကြေညာသည်။

မြန်မာတွင် ရင်းနှီးမြုပ်နှံသော Dirty List စာရင်းတွင် အမေရိကန် Facebook ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီများလည်းပါဝင်ပြီး တရုတ်ကုမ္ပဏီအများဆုံးပါဝင်ကာ ကမ္ဘာကျော် အမှတ်တံဆိပ်များလည်း ပါဝင်နေသည်။

Dirty List စာရင်းအသွင်းခံရသည့် နိုင်ငံတကာကုမ္ပဏီများမှာ အောက်ပါအတိုင်းဖြစ်သည်။

Adani Group
Alcazar Capital Ltd
Alphabet/Google
Apple
Armscor International
Asia-Africa-Europe-1 (AAE1)
Asian Identity
Aviation Industry Corporation of China (AVIC)
Bharat Dynamics Limited
The Brewing, Food & Beverage Industry Suppliers Association/International Brewing Awards
China Aerospace Science and Technology Corp (CASC)
China Aerospace Science and Industry Corporation (CASIC)
China Communications Construction Company Limited (CCCC)/China Road and Bridge Company
China General Technology (Group) Holding Ltd/China National Technical Import and Export Corporation (CNTIC)
China National Aero-Technology Import & Export Corporation (CATIC)
China National Heavy Machinery
China North Industries Group Corporation (Norinco)/Wanbao Mining
China Poly Group Corporation
China Southern Power Grid Co
China State Construction Engineering Corporation
China Three Gorges Development Corporation (CTG)
Cloudflare
edotco Group
Électricité de France (EDF)
Electricity Generation Authority of Thailand (EGAT)
Excellence Metal Casting
Facebook
Fayat Group/Razel-Bec
Global Airfreight International PTE PTD
Grab
Groupe Grimaud/Novogen
Gruner/Stucky SA
Hanergy Group Holdings Limited
Hindustan Aeronautics Ltd (HAL)
HR Wallingford
Huawei
HyalRoute
Idemia
Infinity Global Solutions (IGS)
Infosys
Italian Thai Development Public Company LTD (ITD)
Japan Credit Bureau (JCB)
Kirin
KNDS/Nexter Group
Korean Air
Korea Mining Development Trading Corporation (KOMID)
Larsen & Toubro
LNG Plus International Company Ltd
M1 Group
Malcom Dunstan and Associates (MD&A)
Malyeshev Plant
Mediterranean Shipping Company (MSC)
MESNAC
Multiconsult
Myanmar Pongpipat/Saidang Company/Heinda Tin Mine
OCK Group
Oxford Business Group
Pacific International Lines
Portia Management Services
Posco
Rojana Industrial Park Public Company Ltd
Rostec – (State Corporation for Assistance to Development, Production and Export of Advanced Technology Industrial Product)
Satake Group
Sinohydro Corporation
SN Power
Society for Worldwide Interbank Financial Telecommunication (Swift)
State Power Investment Corporation (SPIC)
STE Global Trading Pte Ltd
Tactical Missile Weapons Corporation (KTRV)
Tata Group/Tata Sons
Tokiwa Corporation Ltd
Toshiba
TPG Capital
Transworld Group Singapore
Tristate Holdings Ltd
United Aircraft Corporation (UAC)
Viettel
Voltalia
Wuxi Huaguang Electric Power Engineering Co., Ltd.
Yatai Group
YEIG International Co., Ltd
Zhejiang Orient Engineering Co Ltd (ZOEC)

Photo Credit – Jason Eppink via www.flickr.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com