All News Local News Peace

စစ်တပ်ပိုင်ဆက်သွယ်ရေး Mytel ကုမ္ပဏီ ဝန်ထမ်း ၂ ဦးကို ပြန်လည် လွှတ်ပေးဟု AA ထုတ်ပြန်

စစ်တပ်ပိုင်ဆက်သွယ်ရေး Mytel ကုမ္ပဏီ ဝန်ထမ်း ၂ ဦးကို ပြန်လည် လွှတ်ပေးဟု AA ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရခိုင်တပ်မတော် AA က ဖမ်းဆီးထားသူများအနက်မှ စစ်တပ်ပိုင် Mytel ကုမ္ပဏီမှ ရခိုင်ပြည်နယ် ခေတ္တတွဲဖက်ဒါရိုက်တာ ဦးဇော်ထွန်းအောင်နှင့်သူ၏ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ ၂ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးထားသူ ၂ ဦးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး တစ်လနှင့် ၆ ရက်အကြာ ယနေ့ နံနက်ပိုင်းတွင် ပေါက်တာမြို့နယ်၊ မနော်သီရိကျေးရွာတွင် လွှတ်ပေးလိုက်ကြောင်း၊ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ဦးဝှေ့တင်းကို လွှတ်ပေးလိုက်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားသူများအနက်မှ အပြစ်မရှိသူများ၊ ကျန်းမာရေးမကောင်းသူများ၊ စစ်ဖက်နှင့်သက်ဆိုင်ခြင်းမရှိသူများကို ထပ်မံ လွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com