All News China Watch Local News Peace

ငြိမ်းချမ်းရေးကို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရေး တိုင်းရင်းသားများကို တိုက်တွန်းပေးရန် တရုတ်သမ္မတကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပန်ကြား

ငြိမ်းချမ်းရေးကို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရေး တိုင်းရင်းသားများကို တိုက်တွန်းပေးရန် တရုတ်သမ္မတကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရေး တိုင်းရင်းသားများကို တိုက်တွန်းပေးရန် တရုတ်သမ္မတ ရှီကျင့်ပင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပန်ကြားပြောဆိုသည်။

မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း တရုတ်သမ္မတကို ပန်ကြားပြောဆိုလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရ မည်ကို တိုင်းရင်းသားအားလုံး နားလည်လက်ခံနိုင်ရန် လိုအပ်ပါကြောင်း၊ အဆွေတော် သမ္မတကြီး ကလည်း တိုက်တွန်းအားပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရန် ဆန့်ကျင်သည့် အကြမ်း ဖက်ဆူပူမှုများကို မည်သည့်နိုင်ငံကမျှ လက်ခံနိုင်မည်မဟုတ်သလို အစိုးရကို ဆန့်ကျင်၍ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများဆိုလျှင် ပို၍ပင် လက်ခံနိုင်မည် မဟုတ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ပင်က ” မည်သည့်အဖွဲ့ အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံကြောင်း၊ အများကစွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည် ဖြစ်၍ မိမိတို့ကလည်း သေချာစွာစိစစ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ နယ်ပယ်တွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း” ပြောဆိုသည်။

တရုတ်သမ္မတရှီကျင့်ပင်သည် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ လာရောက်လည်ပတ်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com