All News Local News Peace

ကယားပြည်နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုဖယ်ရှားရေးကိစ္စ ဖခင်တော်စပ်နေ၍ ဖြေရှင်းရန် မသင့်တော်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကယားပြည်နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုဖယ်ရှားရေးကိစ္စ ဖခင်တော်စပ်နေ၍ ဖြေရှင်းရန် မသင့်တော်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ဇန်နဝါရီ ၁၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် စိုက်ထူထားသော ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး ကိစ္စ ဖြေရှင်းရန်မှာ ဖခင်တော်စပ်နေခြင်း ဖြေရှင်းရန် မသင့်တော်သဖြင့် ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် တိုင်ပင်ဖြေရှင်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ကရင်နီလူငယ် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း ကရင်နီလူငယ်များထံမှ သိရှိရသည်။

“ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပတ်သက်ပြီး သူရဲ့ ဖခင်ဖြစ်တဲ့အတွက် သူ့ရဲ့ မိသားစုဝင်ဖြစ်တဲ့ အတွက် ဒီကိစ္စမှာဖြေရှင်းလိုတဲ့ စိတ်ဆန္ဒမရှိဘူး။ ဖြေရှင်းလို့လည်း မသင့်တော်ဘူးလို့ မှတ်ယူတဲ့အတွက် ပြည်ထော င်စုဝန်ကြီး ဒေါက်တာအောင်သူနဲ့ပဲ တိုင်ပင်ညှိနိူင်းလိုက်ပါ။ အဖြေရှာကြပါဆိုတဲ့ပုံစံနဲ့ပဲ အဆုံးသတ်သွားတယ်” ဟုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သူ ကရင်နီလူငယ် ကိုမျိုးလိူင်ဝင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီလူငယ်များတွေ့ဆုံပွဲတွင် အဓိက အချက် ၃ ချက် ဆွေးနွေးခဲ့ပြီး တပ်မတော်က တရားစွဲဆိုထားသော တောင်သူလယ်သမားများကိစ္စလည်းပါဝင်ကြောင်း ပြောဆိုသည်။

” ဆွေးနွေးချက်သုံးချက်ကတော့ ကျွန်တော်တို့ကယားပြည်နယ်တပ်သိမ်းမြေနဲ့ပတ်သက်ပြီးတော့အဓိက ဆွေးနွေးဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်မည် နည်းလမ်း၊ တတိယကတော့ ကရင်နီပြည်လူငယ်တွေရဲ့ လိုအပ်ချက် ဖြစ်နေတဲ့ (၆)ချက်ကိုဆွေးနွေးခဲ့တယ်။အဲဒါတွေကလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနဲ့ ပြန်တိုင်ပင်ပြီးတော့လုပ်နိုင်တဲ့အပိုင်းတွေအတတ်နိုင်ဆုံး လုပ်ပေးသွားမယ်ဆိုတဲ့ဟာလောက်ပဲ မှတ်ချက်ပြုပြီး စကားအဆုံးသတ်သွားတယ်”ဟု ကိုမျိုးလှိုင်ဝင်းက ဆက်ပြောသည်။

Photo Credit – PKPF

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts