Local News Peace political news

NLD အစိုးရလက်ထက် တိုင်းရင်းသား မြေယာပိုင်ဆိုင်မှု အန္တရာယ်ပြုခံရပြီး လုံခြုံမှု ကင်းမဲ့၊ တပ်မတော်က တောင်သူများ၏ဘဝရပ်တည်ရေးကို ခြိမ်းခြောက်ဟုဆို

NLD အစိုးရလက်ထက် တိုင်းရင်းသား မြေယာပိုင်ဆိုင်မှု အန္တရာယ်ပြုခံရပြီး လုံခြုံမှု ကင်းမဲ့၊ တပ်မတော်က တောင်သူများ၏ဘဝရပ်တည်ရေးကို ခြိမ်းခြောက်ဟုဆို

ရန်ကုန်၊ဒီဇင်ဘာ ၂၄

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအများစုဖြင့် အနိုင်ရရှိပြီး တက်လာသော NLD အစိုးရလက်ထက်တွင် စီမံကိန်းများကြောင့် တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှု အန္တရာယ်ပြုပြီး လုံခြုံမှု ကင်းမဲ့လာနေကြောင်း ဖက်ဒရယ်တိုင်းရင်းသားတောင်သူလယ်သမားများကွန်ရက်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ဖက်ဒရယ်တိုင်းရင်းသားတောင်သူလယ်သမားများ ကွန်ရက်၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကယားပြည်နယ်တွင် ကျင်းပခဲ့ပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ညီလာခံသို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ (KSFU)၊ မွန်ပြည်နယ်မှMon Region Land Policy Affairs Committee (MRLPAC)၊ ရှမ်းပြည်နယ်မှ Shan state Farmer Network (SSFN)ကချင်ပြည်နယ်မှ Mungchying Rawt Jat (MRJ) ၊ချင်းပြည်နယ်မှ Chin Farmers Network (CFN)၊ ရခိုင်ပြည်နယ်မှ Kyauk Phyu Rural Development Association (KRDA)၊ကရင်ပြည်နယ်မှ Rural Community Development Group (RCDG) များနှင့် တိုင်းရင်းသားပြည်နယ်မှ တောင်သူလယ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်

NLD အစိုးရလက်ထက်တွင် တပ်မတော်၏ မြေသိမ်းမှုများနှင့် မြေသိမ်းခံ တောင်သူများကို တရားစွဲဆိုမှုများကြောင့်လည်း တိုင်းရင်းသားတောင်သူလယ်သမားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နေရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ တိုင်းရင်းသားတွေဆိုတာ တောင်သူတွေဆိုတာ ဒီလယ်ယာ ပဲလုပ်စားတတ်တယ်။ အဲဒီလယ်မလုပ်စားနိုင်တဲ့အခါ ကျတော့စီးပွားရေးဘက်ပဲကြည့်ကြည့် တချို့အဖမ်းခံရ တယ်လေ။ အဖမ်းခံရတဲ့မိသားစု တွေမှာလည်း ကလေးရှိတယ်။ ပညာရေးအပိုင်းကသူတို့ တအားထိခိုက်တယ်။ သူတို့မိဘတွေက အချုပ်ထဲမှာ ၊ ထောင်ထဲမှာ ရှိနေတော့ သူတို့စာလည်းမလုပ်နိုင်တော့ဘူး။ သူတို့မိဘတွေ အတွက်ပဲတွေးပြီးဝမ်းနည်းတယ်။ကျောင်းလည်းမတက်နိုင်ဘူး။ စိတ်အားတွေလည်းအရမ်းအားငယ်တယ်လေ။ အမျိုးသမီးတွေဆိုရင်လည်း ငါယောက်င်္ကျားက ထောင်ထဲမှာပဲ။ သူတို့စီးပွားရေးလည်းမရှိတော့ဘူး။ ဘာမှ လည်းလုပ်စားကိုင်စားဖို့လည်းမရှိဘူး။သူတို့မှာစိတ်အားငယ်မှုတွေခံစားရတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာအနေနဲ့ အများကြီးထိ ခိုက်နစ်နာမှုတွေရှိတယ်”ဟု ဖက်ဒရယ်တိုင်းရင်းသားတောင်သူလယ်သမားများကွန်ယက် ဦးဆောင်ကော်မတီဝင် ဒေါ်မိုးမိုးက ပြောဆိုသည်။

ဖက်ဒရယ်တိုင်းရင်းသားတောင်သူလယ်သမားများကွန်ရက်၏ ကြေညာချက်တွင် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အဖြစ် ရွေးကောက်ပွဲကျင်းပ ပေးပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့ အသီး သီး ကို ကမ်းလှမ်းခဲ့ကြောင်း၊ သို့ရာတွင် ဖိနှိပ်မှုများစွမှ လွတ်မြောက်ရန်အတွက် လမ်းစဖြစ်မည်ဟု ယုံကြည်မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ကြောင်း ဖော်ပြထားသည်။

NLD အစိုးရတက်လာပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများတွင် စီမံကိန်းများကြောင့် ဌာနေ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ တပ်မတော်က တိုင်းရင်းသားတောင်သူလယ်သမားများကို ရည်ရွယ်ချက်ရှိရှိ တရားစွဲဆိုထောင်ချပြီး ဘဝရှင်သန် ရပ်တည်မှုများကို ခြိမ်းခြောက်နေကြောင်း ဖော်ပြထားသည်။

တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် အဖွဲ့များနှင့် လုပ်ငန်းရှင်ကုမ္ပဏီများကို အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များက တစ်စုံတစ်ရာ အရေးယူမှု မရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ်ပေးနေကြောင်း၊ တိုင်းရင်းသားလယ်သမားများ၏ ဘဝလုံခြုံမှု ပိုမိုကင်းမလဲ့လာစေကြောင်းလည်း ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ဖက်ဒရယ်ကို မျှော်ရည်၍ နစ်နာခံရမှုများကို ဖော်ထုတ်ရပ်တည်ပေးရန်၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်းနှင့်အတူ ဖက်ဒရယ်ြမေယာစနစ်ကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းကြောင်းလည်း ကြေညာချက်တွင်ေ ဖာ်ပြထားသည်။

Photo Credit- ကရင်နီတောင်သူလယ်သမားသမဂ္ဂ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts