All News Local News Peace

ICJ တွင် တရားစွဲခံရမှု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဖြေရှင်းရာတွင် နိုင်ငံတကာ ကတိကဝတ်များကို လိုက်နာရန် အပစ်ရပ် လက်နက်ကိုင်အဖွဲ့ PPST ထုတ်ပြန်

ICJ တွင် တရားစွဲခံရမှု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဖြေရှင်းရာတွင် နိုင်ငံတကာ ကတိကဝတ်များကို လိုက်နာရန် အပစ်ရပ် လက်နက်ကိုင်အဖွဲ့ PPST ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၅

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ စုဖွဲ့ထားသော PPST အဖွဲ့က ICJ တွင် တရားစွဲဆိုခံရမှုကို ဖြေရှင်းရာတွင် နိုင်ငံတကာကတိကဝတ်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိကျင်းပသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီး အချက် ၅ ချက်ပါ ထုတ်ပြန်ချက်တွင် ယင်းသို့ ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းခြင်း သည် အစိုးရ၏ တာဝန်ယူမှု တာဝန်ခံမှုကို ပြသခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ပဋိညာဉ် ၊ စာချုပ်စာတမ်းများ၊ ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တိုင်းပြည်၏ ပုံရိပ်မြင့်မားလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်ကို ပြင်ဆင်ဖြည့်စွက်အတည်ပြုကြောင်း၊ အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၏ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်များအပေါ် အကန့်အသတ်များ၊ အတားအဆီးများနှင့်ပတ်သက်၍ NCA စာချုပ်ပါ အချက်များနှင့် ကွဲလွဲမှုရှိနေခြင်း၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးအပေါ် သက်ရောက်မှုများ ရှိလာနိုင်ခြင်းတို့ကြောင် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခမျယဒကို အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်လည်း တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts