All News Local News Peace

ICJ တွင် ဂမ်ဘီယာနိုင်ငံ၏ သက်သေ မည်မျှ ခိုင်လုံမည်ကို ထည့်စဉ်းစားရန်လိုဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ် သတိပေး

ICJ တွင် အစိုးရနှင့်တပ်မတော်ပူးပေါင်း၍ ရင်ဆိုင်မည်ဆိုသော်လည်း ဂမ်ဘီယာနိုင်ငံ၏ သက်သေ မည်မျှ ခိုင်လုံမည်ကို ထည့်စဉ်းစားရန်လိုဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ် သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို အစိုးရနှင့် တပ်မတော် ပူးပေါင်းရင်ဆိုင်မည်ဟု ကြေညာထားသော်လည်း တစ်ဖက်၏ သက်သေအထောက်အထား မည်မျှ ခိုင်လုံမည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က သတိပေးလိုက်သည်။

ယနေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ယနေ့ စတင်ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် PPST ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရေး အတွက် အစိုးရနဲ့ တပ်မတော် ပူးပေါင်းလုပ်ဆောင်မယ် ဆိုတာဟာ ဒီကိစ္စကို အစိုးရက တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုတာကို ပြသခြင်းပဲဖြစ်ပါတယ်။ တစ်ဖက်က သက်သေအထောက်အထား ခိုင်လုံမှု ဘယ်လောက် အထိ ရှိတယ်ဆိုတာကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောသည်။

ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဒေသခံ တိုင်းရင်းသား ပြည်သူများ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရမှုများကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းသာယာဝပြော တိုးတက်ဖွံ့ဖြိုးအောင် တည်ဆောက်ခြင်ဖြင့် ကုစားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

PPST အစည်းအဝေးကို ချင်းမိုင်မြို့တွယ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com