All News interview Peace

ICJ တရားရုံးတွင် မြန်မာ တရားစွဲခံရမှု စီးပွားရေးထိခိုက်နိုင်၊ ၊ ပိတ်ဆို့မှုများ ရှိနိုင်၍ ကြိုပြင်ရန်လို

ICJ တရားရုံးတွင် မြန်မာ တရားစွဲခံရမှု စီးပွားရေးထိခိုက်နိုင်၊ EU က ပေးထားသော အထူးအခွင့်အရေး GSP ရုပ်သိမ်းဖွယ်ရှိ၊ ပိတ်ဆို့မှုများ ရှိနိုင်၍ ကြိုပြင်ရန်လို

UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံးICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ရင်ဆိုင်နေရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဝန်ခံထားရပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် ယင်းသို့ တရားစွဲဆိုခံရမှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများက မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြုပ်နှံမည့် စီးပွားရေး အခြေအနေများအပေါ်တွင်လည်း ရိုက်ခတ်လာမည်ဖြစ်ရာ ရန်ကုန်ခေတ်သစ်က မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ICJ တရားရုံးမှာ မြန်မာနဲ့ ဂမ်ဘီယာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်၊ မမြောက် လျောက်လဲချက်တွေ ပေးပြီးပြီဆိုတော့ မြန်မာ့စီးပွားရေးကို ဘယ်လို သက်ရောက်မလဲ။

ဖြေ။ ။ စီးပွားရေးရှုထောင့်ဘက်ကတော့ စိန်ခေါ်မှုတွေကတော့ တော်တော်များလာတယ်။ မြန်မာနိုင်ငံရဲ့ Reputation Image(ဂုဏ်သိက္ခာပုံရိပ်) လို့ခေါ်တာပေါ့နော်။ ဒီကျော်ဇောသတင်းကသိပ်မကောင်းတဲ့အတွက် တချို့ရင်းနှီးမြုပ်နှံမှုတွေကို နည်းနည်းစဉ်းစားစရာတွေဖြစ်လာနိုင်စရာအကြောင်းတော့ သူတို့မှာရှိလာနိုင်တာပေါ့။

မြန်မာနိုင်ငံကလည်း ဒါတွေကို အစစအရာရာနဲ့ ကြို Actively ကြိုတင်ပြီးတော့ ကျောခြင်းကပ်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ လုပ်ထားပြီးတော့ လာပြီးတော့ ရင်းနှီးမြုပ်နှံသူတွေ အခွင့်အရေးပိုရအောင်လို့ ဖန်တီးပေးတာတို့ ဒါကိုချောမွေ့အောင်လုပ်ဖို့ ဝတ္တရားရှိပါတယ်။ ICJ တရားရုံးမှာ ဖြေရှင်းရတဲ့ Image ကသိပ်မကောင်းဘူး။ ICJ ရောက်ရင် Image က စထိတဲ့သဘောရှိပါတယ်။

မေး။ ။ ဥရောပသမဂ္ဂEU ဘက်က ကုန်သွယ်ရေး ကင်းလွတ်ခွင့် GSP ရုပ်သိမ်းမယ်ဆိုတဲ့ ကိစ္စကရော…။

ဖြေ။ ။ အဲဒီလိုလည်း မဟုတ်ပါဘူး။ ဒီသတင်းတွေထွက်နေတယ်ဆိုတာက EU က မြန်မာနဲ့ ကမ္ဘောဒီးယားကို စောင့်ကြည့်တယ်ဆိုတာပဲရှိပါတယ်။ ကမ္ဘောဒီးယားကိုတော့သူတို့ GSP အခွင့်အရေးရုပ်သိမ်းမယ်ဆိုပြီးတော့ ဒါတစ်ဆင့်လုပ်တာပဲရှိပါသေးတယ်။ သူကစောင့်ကြည့်တဲ့အဆင့်ပဲရှိပါသေးတယ်။ သူတို့နောက်နှစ်ကျရင် ပြန် လေ့လာသုံးသပ်ဖို့ EUက လာပါလိမ့်မယ်။

မေး။ ။ EUက GSP ကုန်သွယ်ခွင့် အထူးအခွင့်အရေးတွေ ရုပ်သိမ်းမယ်ဆိုရင် စီးပွားရေးသမားတွေဘက်က ဘာတွေ ပြင်ထားလဲ။

ဖြေ။ ။ အထည်ချုပ်က အဓိကပါ။ အထည်ချုပ်က သူတို့လုပ်ထားတာတွေရှိကောင်းရှိနိုင်ပါတယ်။ တခြားဈေးကွက်တွေကိုပေါ့လေ။

မေး။ ။ ICJ ကမြန်မာကို ထိခိုက်နိုင်တဲ့ ဆုံးဖြတ်ချက်မျိုးချခဲ့ရင် စီးပွားရေးသမားတွေအနေနဲ့ နိုင်ငံတကာ က စီးပွားရေးပိတ်ဆို့လာမယ့်အပေါ် ဘာတွေ ပြင်ထားလဲ။

ဖြေ။ ။ ICJ ကတော့ လွယ်လွယ်ကူကူတော့ နောက်နှစ်တည်းမှာလည်း နှစ်ကြိမ်လောက်ခေါ်မယ်ကြားပါတယ်။ ပြီးတော့ အမှုက ၃နှစ်ကနေ ၁၃နှစ်ထိကြာတတ်တယ်ဆိုတာရယ်.. ပြောကျတာပေါ့။ ကျွန်တော်တို့တော့ပြင်ဆင်ချိန်တော့ ရကောင်းရပါတယ်။ ဖြည်းဖြည်းချင်းတော့ ပြင်ထားဖို့လိုပါတယ်။ ကိုယ့်ဟာကိုကျောချင်းကပ်ပြီတော့ ညီညီညွတ်ညွတ်နဲ့ လုပ်ဖို့လိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts