All News Local News

အရှုံးပေါ်၍ Democracy Today နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ရပ်ဆိုင်းကြောင်း ကြေညာ၊ ပုဂ္ဂလိက သတင်းစာများကို ကူညီမည်ဆိုသော ပြန်ကြားရေးဝန်ကြီးကို မီဒီယာသမားများ မေးခွန်းထုတ်

အရှုံးပေါ်၍ Democracy Today နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ရပ်ဆိုင်းကြောင်း ကြေညာ၊ ပုဂ္ဂလိက သတင်းစာများကို ကူညီမည်ဆိုသော ပြန်ကြားရေးဝန်ကြီးကို မီဒီယာသမားများ မေးခွန်းထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရွှေသံလွင်ကုမ္ပဏီက ထုတ်ဝေနေသော ဒီမိုကရေစီတူဒေး နေ့ထုတ်သတင်းစာကို အရှုံးများစွာ ပေါ်နေသဖြင့် သတင်းစာ ထုတ်ဝေမှုကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒီမိုကရေစီတူးဒေးသတင်းစာက တရားဝင် ထုတ်ပြန်ကြေညာသည်။

ဒီမိုကရေစီတူဒေး သတင်းစာကို တရားဝင် ရပ်နားကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တရားဝင် ကြေညာခဲ့ကြောင်း၊ဝန်ထမ်းများ၏ ခံစားခွင့်နှင့် ထိုက်သင့် ရထိုက်သော အခွင့်အရေးများကို ဥပဒေနှင့်အညီ ပေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှစတင်၍ စာပေစိစစ်ရေး ဖျက်သိမ်းပြီး ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့်ပြုခဲ့သော်လည်း အစိုးရပိုင် သတင်းစာကြီး ၂ စောင်ဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းက ဈေးကွက်ဝေစုနှင့် ကြော်ငြာ အများဆုံးရရှိထားသဖြင့် မယှဉ်နိုင်ဘဲ ပုဂ္ဂလိက သတင်းစာများ တစ်စောင်ပြီး တစ်စောင် ရပ်နားလာခြင်းဖြစ်သည်ဟု သတင်းစာဆရာတချို့က သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် အမှုထမ်းဆောင်ပြီးမှ ပြန်ကြားရေးဝန်ကြီး ဖြစ်သွားသော ဝန်ကြီး ဒေါက်တာဖေမြင့်သည် ပုဂ္ဂလိက သတင်းစာများ၏ အခြေအနေကို သိရှိပြီး အစိုးရ သတင်းစာများ မရှိသင့်သည်ဟု ကောင်စီတွင် တာဝန်ထမ်းဆောင်စဉ်က ပြောဆိုခဲ့သော်လည်း လက်တွေ့ ဝန်ကြီးဖြစ်သောအခါ ပုဂ္ဂလိက သတင်းစာများကို ကူညီရန် ပျက်ကွက်ခဲ့ကြောင်း သတင်းစာဆရာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဦးထက်မြက်
ဒုတိယဥက္ကဋ္ဌ ၂ ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဒီမိုကရေစီတူဒေးဖြစ်ဖြစ်ပေါ့လေ။ ရပ်သွားတာက သတင်းစာတွေရော ဂျာနယ် အထူးသဖြင့်တော့ မဂ္ဂဇင်းတွေက တော်တော်များတာပေါ့။ သတင်းစာတွေလည်းနောင်လည်းရပ်မှာပဲ။ ရပ်မှာပဲဆိုတာက သူတို့အခက်အခဲ ရှင်းရှင်းပြောရရင် အဲဒါကတော့ ဒီကနေ့ ခေတ်ရေစီးကြောင်းကိုပဲ ပြောရမလိုဖြစ်နေတယ်။ Print media က ကျသထပ် ကျလာပြီ။ ဆိုရှယ်မီဒီယာအားကကောင်းလာပြီ။ တစ်ချိန်တည်းမှာ စာဖတ်တဲ့ သူတွေကလည်း Hand phone ပဲဖွင့်ပြီး အဲဒီဟာပဲ ကြည့်လာကြပြီလေ။ Facebook နဲ့ ကျန်တဲ့ သတင်းတွေကြည့်လာ ကျတော့ ဒီသတင်းစာတွေက မကျဘူးဆိုတဲ့ သတင်းစာတောင်မှ အစောင်ရေ နည်းလာတာအမှန်ပဲ။

အရှုံးခံ ထုတ်နေကျတာတွေက များတယ်။ အခုဟာက သတင်းစာကြီးတွေ လောက်ပဲရှိသလို မဂ္ဂဇင်းေ တွမှာလည်း မြတ်တယ်ဆိုတဲ့မဂ္ဂဇင်းက ရှားရှားပါးပါးပဲ ။ အဲဒါက ဘယ်လိုလုပ်မလဲဆိုတာကတော့ အရင်ဒီ သတင်းမီဒီ ယာကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဲ့ မဏ္ဍိုင်လေးရပ်တွေဆုံပွဲတုန်းက သူတို့ပေးထားတဲ့ကတိအတိုင်း ပြန်ကြားရေးဝန်ကြီးဌာနက အကူအညီပေးမယ်ဆိုတာက ဘယ်လောက်ထိ ထိထိရောက်ရောက် ပေးနိုင်မလဲဆိုတာအရေးကြီးတယ်။

သူတို့က အကူအညီပေးလာနိုင်ရင် ဥပမာဆိုပါတော့ စက္ကူဖိုးတွေ သက်သာ ပေးမယ်။ ဆေးဖိုးတွေသက်သာပေးမယ် စသဖြင်ပေါ့လေ။ အဲဒါမျိုးတွေသက်သာပေးရင်အခွန်က အစ သက်ပေးရင်တော့ Print Media တစ်စုံတစ်ရာ ရပ်တည်နိုင်လိမ့်မယ်လို့ထင်တယ်။ ရေရှည်ကျ ရင်တော့ တစ်မျိုးပေါ့ တပ်ချုပ်ကြီးနဲ့ တွေတုန်းက သူတို့လည်းကြော်ငြာတွေပေးပါ့မယ်။ ကူညီပါမယ်ဆိုတဲ့အတိုင်း အကူအညီကလည်း ဘယ်လောက်ပေးမလဲဆို တာ ပြန်ပြီး သေချာမသိဘူးလေ။

အဲဒီတော့ ဒါကို အာဏာ ပိုင်တွေ အနေနဲ့ တတ်နိုင်တဲ့သူတွေ ဝိုင်းဝန်ကူညီမယ်ဆိုရင်တော့သူတို့တွေသက်တမ်း ရှည် စေနိုင်ဦးမယ်။ အဲဒီ ကြော်ငြာကိစ္စကတော့ ကြောငြာထည့်ထဲသူတွေရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်ဖြစ်နေတယ်နော်။ ကြော်ငြာတွေ ဒီဘက်လည်းပေးပါဆိုရင် ကြောငြာထည့်တဲ့သူတွေ ကျန်တဲ့ ပုဂ္ဂလိကသင်း စာတွေကို ပေးချ င်မှပေးမှာပေါ့။ အစိုးရသတင်းစာမထုတ်ဘဲ နေခိုင်းတာက မြန်မာပြည်လို ဟာမျိုးကတော့ ခက်သားပဲ။

မြန်မာပြည်လို နိုင်ငံမျိုးက ဒီမိုကရေစီလမ်းကြောင်း သွားနေတာဆို ပေမယ့် ဒီမိုကရေစီကို စစ်မှန်မှန် မသွားနိုင်သေးတာကို။ စစ်မှန်မှန်မသွားနိုင်သေး တော့ သူတို့က ထုတ်နေဦးမှာပဲ။ အိန္ဒိယဆိုလည်း ဒီမိုကရေစီနိုင်ငံသာဆိုတယ် ပြန်ကြားရေးဝန်ကြီး ဌာနရှိနေသေး တာပဲ။ အစိုးရက သတင်းစာထုတ်နေသေးတာပဲ။

အဲဒီတော့ အဲဒီလို နိုင်ငံမျိုးတွေတောင်ရှိနေရင် မြန်မာပြည်မှာလည်း အစိုးရက သူ့ သတင်းစာကို ထုတ်ဦးမှာနော်။ စိတ်ချ။ နောက်ထပ် ဒီမိုကရေစီအပြည့်အဝရရင် တစ်မျိုးပေါ့လေ။ အဲဒီတော့ အခုအခြေအနေတော့ အစိုးရအနေနဲ့တော့ သတင်းစာမထုတ်ဘဲ နေမှာမဟုတ်ဘူး အားကောင်းသထက် အားကောင်းအောင် ကြိုးစားနေတာ။ ပြန်ကြားရေးကလုပ်နေတာ။ အစိုးရက ပုဂ္ဂလိကတွေကို ကူညီပေးဖို့လိုမယ်။

ဦးကျော်စွာမင်း
အထွေထွေ အတွင်းရေးမှူး ၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

Print Media ကျရူံးတာပေါ့ ။ နှစ်ပိုင်းရှိတာ တစ်ပိုင်းက တစ်ဖက်မှာ Digital mediaတွေတိုးတက်လာတယ် Online ဘက်ကိုပြောင်းလိုက်တယ်။ ပြည်သူလုထုကလည်း လက်ခံထားတာ အသက်အကြီးပိုင်းလောက်ပဲစာ ဖတ်တယ်။ စာဖတ်တယ်။ နိုင်ငံတာကာမှာလည်းပဲ ဒီလိုပုံစံမျိုးတွေက ကြုံနေရတာပဲလေ။ ဒါကတော့ တားလို့မ ရဘူး ။ဒါပေမယ့် တစ်ခုက နိုင်ငံက ပံ့ပိုးမူပေါ့နော်။ ဒီဟာကို ရှင်သန်စေချင်ရင် ဒီတိုင်းလက်လွှတ်ထားလို့လည်း မရဘူး။ လွှတ်ထားရင်လည်း အကုန်လုံး သွားမှာပဲ။

သတင်းမီဒီယာဥပဒေကလည်း Print Mediaတွေကိုဆောင်ရွက်ပေးရမယ်ဆိုတဲ့ ပံ့ပိုးကူညီဆောင်ရွက်ပေးရမယ့် ဟာ ပါတာပေါ့နော်။ ဒါကြောင့်မို့ လို ဒီဟာက ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံမှာက မီဒီယာတွေ အားကောင်းမှ ဒီဟာကို ပြောရရင်တော့ Print Media အွန်လိုင်းမီဒီယာရောပါတာပေါ့နော်။

လက်ရှိဝန်ကြီး ကိုယ်တိုင်က သတင်းသမားအနေနဲ့ ရပ်တည်တဲ့အချိန်မှာ သူကိုယ်တိုင်ပဲပြော တာပဲလေ။ သတင်းစာ အစိုးရသ တင်းစာတွေက ပုဂ္ဂလိက သတင်းစာတွေ ရိုက်ခတ်မှုရှိတယ်ဆိုတာ အတိအလင်းပြောပြီးသွားပြီ။ သတင်းစာစောင်ဆို တာကတော့ ကြော်ငြာရပ်တည်မူအားကောင်းရမယ်။ ဒါမျိုးတွေနဲ့ ရပ်တည်ရတာ။

သူတို့ ခုထားတာလေ အခုဟာက ကြော်ငြာတွေ အကုန်လုံးက အစိုးရဆီကိုသွားတယ်။ အစိုးရကဒါကို လက်ခံနေတာပေါ့နော်။ နိုင်ငံ တကာမှာဆိုရင် ကြော်ငြာတွေ မယူဘူးမဟုတ်ဘူး။ ကြော်ငြာ တွေ ပြန်ရှယ်ပေးတာတွေရှိတယ်။ ဒီလိုပုံစံမျိုးသွားရင်တော့ ပုဂ္ဂလိကရပ်တည် ရေးအတွက် ရှင်သန်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီရာရောက်တာပေါ့။

အမှန်တော့ အမြဲတောက်လျှောက်ပြောနေတာပဲ။ အာပေါက်နေပြီ။ ပြောတာက သတင်းစာတွေက ပြည်သူ့ဘဏ္ဍသုံးရင် ပြည်သူ့ကို Information ပဲထုတ် ပေးရမယ်။ အခုဟာ စီးပွားရေးပုံစံလုပ်နေတဲ့အတွက် ကျန်တဲ့ ပုဂ္ဂလိက မီဒီယာတွေ ရပ်တည်ဖို့ တစ်ဖက်တစ်လမ်းက တိုက်ခိုက်နေတဲ့ သဘောမျိုးပါတယ်လို့ပြောရတာပေါ့နော်။ ဒါကြောင့်မို့လို့ ပြန်ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ မီဒီယာတွေအားမကောင်းတာ ဒီမိုကရေစီအတွက် စိုးရိမ်ဖွယ်ရာဖြစ်တယ်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com