All News interview

” အခုတော့ ဗစ်တိုးရီးယားသမီးလေးပြောတဲ့အတိုင်း ကိုကိုနှစ်ယောက်ပေါ့။ ရဲကရဲအလုပ်ကိုပီပီပြင်ပြင်လုပ်ဖို့အတွက် ပြည်သူ့လူထုက အခုလိုပဲတိုက်တွန်းရမှာပေါ့”

” အခုတော့ ဗစ်တိုးရီးယားသမီးလေးပြောတဲ့အတိုင်း ကိုကိုနှစ်ယောက်ပေါ့။ ရဲကရဲအလုပ်ကိုပီပီပြင်ပြင်လုပ်ဖို့အတွက် ပြည်သူ့လူထုက အခုလိုပဲတိုက်တွန်းရမှာပေါ့”

ကိုအောင်ကြီးရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နှင့်ဆက်သွယ်မေးမြန်းချက်

By မိုးယံခ/ရန်ကုန်ခေတ်သစ်

နေပြည်တော်ဗစ်တိုရီးယားကလေးငယ်ကို ကျူးလွန်သည်ဆိုသော သံသယဖြင့် ရဲတပ်ဖွဲ့က အောင်ကြီးကို ဖမ်းဆီးတရားစွဲဆိုခဲ့သော်လည်း တရားရုံးက အောင်ကြီးကို တရားရှင် ပြန်လွှတ်လိုက်ပြီဖြစ်သည်။ ဗစ်တိုးရီးယားအမှု အခြေအနေနှင့်ပတ်သက်ပြီး အောင်ကြီး၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဗစ်တိုးရီးယားအမှုက ဘယ်လိုအခြေအနေဖြစ်သွားတာလဲ။

ဖြေ။ ။ အမှုက ရာဇဝတ်မှုတွေရဲ့ ထုံးစံပေါ့ဗျာ။ တရားလိုပြသက်သေတွေကိုစစ်တယ်။ စစ်တင်ပြီးရင်စွဲချက်တင်တယ်။ စွဲချက်မတင်ရင် အဲဒီအချိန်မှာပဲ လွှတ်တယ်။ စွဲချက်တင်တော့မှ တရားခံဘက်ကိုစစ်တယ်။ ပြီးတော့မှ အပြီးသတ်အမိန့်ချတယ်ပေါ့။ အခုအဆင့်က တရားလိုပြသက်သေတွေ စစ်တာ တရားလိုပြသက်သေတွေစစ်ပြီးတဲ့အခါကျတော့ စွဲချက်တင်တယ် မတင်ဘူးဆိုတဲ့ကိစ္စ ပုဒ်မနှစ်ခုရှိပါတယ်။ ၂၅၃ (၁)က တရားလိုပြသက်သေတွေအကုန်လုံး ကိုစစ်ပြီးတဲ့အခါမှာ ကနဦးသက်သေခံချက် မပေါ်ပေါက်ရင် တစ်နည်းဖြင့် သူအပြစ်ရှိတယ်လို့ အချက်အလက်ဖြေရှင်းစရာ တရားခံဘက်က လုံလောက်အောင် အချက်အလက်မပေါ်ပေါက်ရင် သူ့ကိုလွှတ်ပါတယ်။
နောက်တစ်ခါ တရားလိုပြသက်သေတွေ အကုန်မဟုတ်ရင်တောင်မှ အရေးကြီးတဲ့ သက်သေတွေကို စစ်ပြီးတော့ တရားသူကြီးက တရားခံဘက်ဖြေရှင်းဖို့ လုံလောက်အောင် အထောက်အထားမရှိပါဘူးဆိုရင် သူ့ကို ၂၅၃ (၂) အရလွှတ်ပါတယ်။ အခုက ၂၅၃ (၂) နဲ့လွှတ်တာပါ။ လွှတ်တော့ အောင်ကြီးကို စွဲချက်မတင်ဘဲနဲ့ လွှတ်တဲ့သဘောပါ။ အဲဒီတော့ အမှုကြီးကလုံးလုံးပိတ်သွားတာပါ။ ပိတ်ပေမယ့်လို့ အပြီးသတ်အမိန့်ကို အကုန်လုံးစစ်ပြီးတော့မှ တရားခံဘက်ကဖြေရှင်း ပြီးမှဆိုရင်တော့ အဲဒါကမီးသေပါတယ်။ အဆုံးထိပေါ့ဗျာ။ အခုကတော့အမှုကပိတ်သွားပြီး တရားသူကြီးကလွှတ်လိုက်ပြီ သူကအပြင်လည်းရောက်သွားပြီပေါ့ဗျာ။ သို့သော်ရဲက နောက်ထပ်အထောက်အထားအသစ်ပေါ်ရင်သူ့ကို စွဲနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ရဲကနှိုးဆော်လို့ဆိုပြီးတော့ ဥပဒေအရာရှိကနေပြီးတော့မှ သူ့ဥပဒေရုံးကို ဥပဒေရုံးက ခရိုင်ကအမိန့်ပေါ့ဗျာ။ တိုင်းတရားလွှတ်တော်ခေါ်မှာပေါ့။ တိုင်းတရားလွှတ်တော်ကိုတပ်လို့ တိုင်းတရားလွှတ်တော်ကနေပြီးတော့ တရားရှင်မလွှတ်ဘဲနဲ့ ဆက်စစ်ဆိုရင်လည်း ဆက်စစ်ရမှာပါ။ အခုအဆင့်ကတော့ ပြီးသွားတာပေါ့ဗျာ။

မေး။ ။ အမှုကပိတ်သွားပြီးဆိုတော့ ဗစ်တိုးရီးယားအတွက်အမှန်တရားကကော ဘယ်လိုဖြစ်သွားမလဲ။

ဖြေ။ ။ ဗစ်တိုးရီးယားအတွက်အမှန်တရားက လတ်တလောမှာ ဒီအမှုထဲမှာ အမှန်တရားရှာလို့မရဘူးပေါ့။ ဒီအမှုကတော့ လက်သည်လည်းမတွေ့ဘူး။ စွဲထားတဲ့တရားခံလည်း အပြစ်ရှိလောက်အောင် အနေအထားမရှိဘူးဆိုပြီးတော့ လွှတ်လိုက်တာ အဲတော့ ဗစ်တိုးရီးယားမိဘတွေနဲ့ ဒေါ်ရွက်နုအောင်တို့လုပ်ဖို့ကတော့ အမှုကိုပြန်စွဲဖို့ပဲ အခုအသစ်တွေ့ရှိတဲ့ အချက်အလက်တွေအရ အရင်တုန်းကတော့ ကိုကိုက ဘာညာဘာညာပေါ့ဗျာ။ အဲအချက်အလက်ပေါ်မှာ ကလေးကအဲလိုလုပ်တယ်လို့ပြောတယ်။

လုပ်တဲ့အခါမှာရဲကလည်းပဲ အဲလိုပဲ ကိုကိုဆိုတာ လူကြီးလည်း ကိုကိုခေါ်နိုင်တာပဲဆိုပြီးတော့ ကောက်ပြီးတော့ အတင်းဖမ်းဖမ်းပြီးတော့ ပြန်လွှတ် ပြန်လွှတ်ပြီးတော့ပြန်ဖမ်း အခုကတော့ ဗစ်တိုးရီးယားမိဘအတွက် အချက်အလက်တွေလည်းရလိုက်ပြီ သူ့သမီးကအတိအကျပြောတာတွေ အဲနောက်ပိုင်းကပေါ်လာတာကို သူ့သမီးပြောတဲ့စကားအတိအကျနဲ့ သူ့သမီးကထောက်ပြတဲ့ အထောက်အထားကိုပြင်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်နိုင်ပါတယ်။

အမှုပြန်ဖွင့်နိုင်တာပေါ့။ တရားခံကို အဲတုန်းတော့ကိုကိုလို့ပြောတယ်ပေါ့ဗျာ။ သာမန်ပဲပြောတာပေါ့။ အခုတော့ သူတို့သမီးပြောတဲ့အတိုင်း ကိုကိုနှစ်ယောက်ပေါ့။ အဲလိုပြန်ဖွင့်ဖွင့်တဲ့အခါမှာ ရဲကရဲအလုပ်ကိုပီပီပြင်ပြင်လုပ်ဖို့အတွက် ပြည်သူ့လူထုက အခုလိုပဲတိုက်တွန်းရမှာပေါ့။ သက်သေကတော့ ရဲကပြန်ပြီး စုရမှာပေါ့။ ရဲကရှာရမှာပေါ့။ ပြန်ပြီးတော့သက်သေတွေ ပုဒ်မကတော့ ၃၇၆ ကဒီအတိုင်းပဲပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts