All News China Watch Local News

လှိုင်သာယာတွင် ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ကို ရိုက်နှက်သည့် တရုတ် ၅ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်သော်လည်း အာမခံဖြင့် ပြန်လွှတ်ပေး

လှိုင်သာယာတွင် ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ကို ရိုက်နှက်သည့် တရုတ် ၅ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်သော်လည်း အာမခံဖြင့် ပြန်လွှတ်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာဝင်းအတွင်း ဒီဇင်ဘာလ ၇ရက်နေ့ညပိုင်း ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွပ်အုပ်ချုပ်ရေးမှူး အဖွဲ့ကို ရိုက်နှက်ခဲ့သည် တရုတ်နိုင်ငံသား ၅ဦး၏ ဗီဇာများကို သိမ်းဆည်ထားကာ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်အရေးယူထားသော်လည်း အာမခံပေးထားကြောင်း လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောဆိုသည်။

ဒီဇင်ဘာလ ၇ရက်နေ့ ညပိုင်းက ၎င်းတို့နေအိမ်ရှေ့တွင် လမ်းပိတ်ကာ ကားရပ်ထားသည်ကို ပတ်ဝန်းကျင်တွင် နေထိုင်သူများက ကားပိတ်မရပ်ရန်ပြောဆိုရာက စကားများသဖြင့် ပြဿနာဝင်ရောက်ဖြေရှင်းပေးရန် ရဲတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ ရောက်ရှိလာချိန် တရုတ် ၅ ဦးက ရဲနှင့် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“အမှုဖြစ်တာကတော့ သာမန်ပါပဲ။ သူတို့က ကားပိတ်ရပ်တော့ ပတ်ဝန်းကျင်နဲ့ ပြဿနာတက်တာ အဲကိစ္စနဲ့ ပတ်သက်ပြီးတော့ အမှုဖွင့်ထားတယ်ဗျ။ တရုတ်နိုင်ငံသား ၅ယောက်ကို ဖွင့်ထားတယ်။ ဒီပုဒ်မတွေက အာမခံပေးလို့ရတဲ့ ပုဒ်မတွေဆိုတော့ ပေးထားတယ်။ ကျွန်တော်တို့အမြန်ဆုံးတရားစွဲသွားမယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးကိုရောက်အောင် အမြန်ဆုံး ကျွန်တော်တို့ဖက်ကလုပ်နေပါတယ်။ ပြီးတော့မှသူတို့ လဝကတွေနဲ့ရှင်း။ ဒါပဲရှိတယ်။ ဗီဇာတော့ရှိတယ်ဗျ။ သူတို့ ဗီဇာတွေ ပတ်ပို့စ်တွေအကုန်လုံးသိမ်းထားတယ်” ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးကပြောဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသား ၅ဦးကို လက်ရှိချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)တို့ဖြင့် လှိုင်သာယာမြို့နယ် ရဲစခန်းကအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Photo: Nan Shwe Yamin ဖေ့ဘုတ်စ်

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com