Inequality interview Web TV
လူထု အားကိုးယုံကြည်ရတဲ့ အစိုးရ ကျန်းမာစောင့်ရှောက်မှု မရနိုင်တာ ဘာကြောင့်လဲ(ရုပ်/သံ)
လူထု အားကိုးယုံကြည်ရတဲ့ အစိုးရ ကျန်းမာစောင့်ရှောက်မှု မရနိုင်တာ ဘာကြောင့်လဲ(ရုပ်/သံ)
By ရန်ကုန်ခေတ်သစ်( Inequality)
မြန်မာနိုင်ငံ၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ဘတ်ဂျက်တွင် ကျန်းမာရေးအသုံးစရိတ်ကို ဘတ်ဂျက်အားလုံး၏ ၃ ဒသမ ၆၆ ရာခိုင်နှုန်း ငွေကျပ်အားဖြင့် ကျပ် ၁၁၈၄ ဒသမ ၁၁ ဘီလီယံ သုံးစွဲသည်။ သို့ရာတွင် လူဦးရေ သန်း ၅၀ ကျော်အတွက်သုံးစွဲသော ကျန်းမာရေးအသုံးစရိတ်မှာ နည်းပါးလွန်းပြီး ပြည်သူလူထုမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လွန်စွာ ခက်ခဲသော အခြေအနေကို ရင်ဆိုင်နေရသည်။
အစိုးရဆေးရုံဆေးပေးခန်းများတွင် တိုးတက်မှု တချို့ရှိသော်လည်း လူထုယုံကြည်အားကိုးလောက်ရသည့် ကျန်းမာရေးစောင့်ရှောက်မှုမျိုးက မရရှိနိုင်သေးပေ။ ငွေကြေးတတ်နိုင်သူများက ပုဂ္ဂလိကဆေးရုံများနှင့် အိမ်နီးချင်းနိုင်ငံများရှိ နိုင်ငံတကာအဆင့်မီ ဆေးရုံဆေးခန်းများသို့ သွားရောက်၍ ဆေးကုသမှုနှင့်ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြသော်လည်း အများစုသော ပြည်သူများမှာ အစိုးရဆေးရုံ၊ ဆေးပေးခန်းများကိုသာ ဒုက္ခခံ၍ ကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရသည်။
လတ်တလော NLD အစိုးရလက်ထက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က Inequality အစီအစဉ်တွင် မေးမြန်းတင်ဆက်ထားပါသည်။
Photo Credit – mosaicscience
Posted by Khit Thit Media on Sunday, 15 December 2019
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
Related Posts