ရှမ်းပြည်နယ်မှ အသက်မပြည့်သည့် မသန်စွမ်းကလေး ၁ ဦး နှင့် အခြားကလေးငယ် ၁ ဦးကို စစ်သားအဖြစ် စုဆောင်းခံရမှု မိသားစုဘာပြောလဲ(ရုပ်/သံ)

ရှမ်းပြည်နယ်မှ အသက်မပြည့်သည့် မသန်စွမ်းကလေး ၁ ဦး နှင့် အခြားကလေးငယ် ၁ ဦးကို စစ်သားအဖြစ် စုဆောင်းခံရမှု မိသားစုဘာပြောလဲ(ရုပ်/သံ)
ရန်ကုန်၊ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နှင့် ဆီဆိုင်မြို့ နယ်မှ အသက်မပြည့်သေးသော မောင်အာဗြာဟန်နှင့် မသန်စွမ်းကလေးငယ် မောင်အောလွီစေးတို့ကို တပ်မတော်က စစ်သား အဖြစ် စုဆောင်းပြီး အမှုထမ်းခိုင်းထားမှု ၈ လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ယင်းမင်္ဂလာကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်အာဗြာဟန်သည် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖယ်ခုံမြို့ ၊ ခလရ ၄၂၁ တပ်ရင်းမှ တပ်ကြပ်ကြီး မြင့်ဇော်ဦး (ကိုယ်ပိုင်အမှတ်-ကပ- ၉၈၇၈၅) က ကျောင်းထားပေးမည်ဟုဆိုကာ မိဘသဘောတူညီမှုဖြင့် ခေါ်ဆောင်သွားကြောင်း၊ ၈ လ ကြာ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် စစ်တပ်ထဲတွင် ရောက်ရှိနေသည်ဟု သိရှိရကြောင်း ၊ မောင်အာဗြာဟန်သည် ခလရ ၄၆ တပ်ရင်းတွင် ကိုယ်ပိုင်အမှတ်(ကပ-၅၄၆၁၇၈) ဖြင့် ကချင်ပြည်နယ်၊ ဆွန်ဘရန်ဘွန်တွင် တပ်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ခေါ်ဆောင်သွားသူ တပ်ကြပ်ကြီးမြင့်ဇော်ဦးကို အကြိမ်ကြိမ် သွားရောက်တွေ့ဆုံခဲ့သော်လည်း ပြန်ခေါ်ပေးမည်ဟုပြောဆိုခဲ့ဘဲ ရှေ့တန်းထွက်သွားကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ်အောင်ကလပ်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်အော်လီစေးသည် ဉာဏ်ရည်ချို့ ယွင်းသော မသန်စွမ်းတစ်ဦးဖြစ်ပြီး အမည်မသိ လူတစ်ဦး၏ ခေါ်ဆောင်သွားခြင်းခံရကြောင်း၊ ရှစ်လကြာ မိဘများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း၊ ကလေးပျောက်တိုင်ကြားပြီးနောက်ပိုင်းမှ ကယားပြည်နယ် ဒီမောဆိုမြို့နယ် ခမရ ၄၂၇ တွင် တပ်သားအဖြစ် ရောက်ရှိနေကြောင်း၊ မိဘများက ပြန်လည် ထုတ်ယူလိုသော်လည်း ၅ နှစ်စာချုပ်ချုပ်ဆိုထားကြောင်း သိရှိသည်။
“ပညာသင်ပေးမယ်ပေါ့။ ။အားကစားလည်းလုပ်ပေးမယ်ဆိုပြီး တပ်ကြပ်ကြီးမြင့်ဇော်ဦးက ခေါ်သွားလိုက်တယ်။ကျွန်မတို့ ၂ရက်လောက်ကြာတဲ့အချိန်မှာ ကျွန်မတို့ကပြန်လိုက်တောင်းတယ်။ ကလေးကမရှိတော့ဘူး ပျောက်သွားတာ သူကိုမေးတော့လည်းမပြောတော့ ဘူး။ ဒီမြင့်ဇော်ဦး ကကလေးကရှိတယ်။စာသင်ခိုင်းထားတယ်။ဘယ်ကျောင်းလည်းဆိုမပြောလာ ဘူး။ မေမေ့ပျော က်ပျောက်နဲ့ ကလေးကိုလိုက်ရှာလိုက်တော့ ကလေးကမတွေ့ဘူး။မတွေတဲ့အချိန်မှာ ရှစ်လပြည့်တဲ့အချိန်မှာကလေးက ဖုန်းပြန်ဆက်လာတယ်။သူရဲ့ အစ်မရဲ့လိုင်းပေါ်မှာတွေ့ကျတာပေါ့။ သူတို့ချင်းချိတ်ဆက်ကျတဲ့အခါမှာ ကချင်၊ပူတာအိုမှာရောက်နေပြီ”ဟု မောင်အာဗြာဟန်၏ အဒေါ်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကပြောသည်။
အလားတူ မောင်အောလွီစေး၏ မိခင်ဖြစ်သူ ဒေါ်ဆိုးနေဇောကလည်း “ကျွန်မသား ပျောက်သွားတာဧပြီလပိုင်းကတည်းကပျောက်သွားတာပါ။အလုပ်သွားလုပ်တဲ့သဘောမျိုး။ သားက သွေးအားမပြည့်တဲ့ဟာတွေရှိတယ်။သူ့ကို နည်းနည်းခပ်မာမာ ပြောရင်ကြောက်တတ်တာရှိတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ထွက်သွားတ ယ်။ သူငယ်ချင်းတစ်ယောက်ကပြန် ရောက်လာတယ်။ဒါပေမဲ့ သူကဆက်ပျောက်နေတုန်းပဲ။ မိဘတွေစိတ်ပူပန်ပြီးလိုက်ရှာ တယ်။ ဒီဇင်ဘာ လ ၃ ရက်နေ့မှာတိုင်တယ်။ရဲစခန်းတိုင်ပြီး ၄ ရက်နေ့မှာသားနဲ့အဆက်အသွယ်ပြန်ရတယ်။ တောင်ကြီးမှာ ရှိတဲ့သူ့ရဲ့အကိုဆက်သွယ်ပြီးတော့ တပ်ထဲမှာလုပ်တယ်ဆိုတဲ့အကြောင်းပြောလာတယ်” ဟု ပြောဆိုသည်။
တပ်မတော်သည် ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေး စီမံချက်ချ ဆောင်ရွက်နေသော်လည်း အောက်ခြေတွင်မူ ကလေးစစ်သား စုဆောင်းပြဿနာများ မကြာခဏဆိုသလို ပေါ်ပေါက်လျက်ရှိသည်။
ဓာတ်ပုံ- မောင်အာဗြာဟန်နှင့်မောင်အောလွီစေး။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ