All News Local News

ရဲတပ်ဖွဲ့ဝင်များ အရေးယူပေးရေးနှင့် ဗစ်တိုးရီးယားအတွက်လူထုဆန္ဒပြပွဲ ရန်ကုန်တွင် ယနေ့ ပြုလုပ်ပြီး မနက်ဖြန် မန္တလေးတွင် လုပ်မည်

ရဲတပ်ဖွဲ့ဝင်များ အရေးယူပေးရေးနှင့် ဗစ်တိုးရီးယားအတွက်လူထုဆန္ဒပြပွဲ ရန်ကုန်တွင် ယနေ့ ပြုလုပ်ပြီး မနက်ဖြန် မန္တလေးတွင် လုပ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ကျင့်ဝတ်နှင့်ဥပဒေချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရေး ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှု ဖော်ဆောင်ပေးရေး ဆန္ဒပြပွဲကို ရန်ကုန်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ရန်ကုန်မြို့တော်ခန်းမရှေ့ ၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပမည်ဖြစ်ပြီး မန္တလေးတွင်လည်း ဒီဇင်ဘာလ ၂၄ ရက်နေ့ ဆန္ဒပြမည်ဖြစ် ကြောင်း သိရှိရသည်။

မန္တလေးတွင် Justice for Victoria နှင့် ကျင့်ဝတ်ဖောက်ဖျက်သူများအားအရေးယူပေးရေး ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီ မနော်ရမ္မံကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

စာရေးဆရာ ထင်လင်းဦးဦးဆောင်သော ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီ တစ်ရပ်ကိုလည်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး အဆိုပါကော်မတီက လမ်းပေါ်ဆန္ဒပြမှုများ မလုပ်ဆောင်ကြရန်နှင့် အခြေ ခံ ဥပဒေပြင်ဆင်ရေးကိစ္စ အရေးကြီးလာချိန် ၊ ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် သမီးကလေး ကိစ္စကို ခုတုံးလုပ်ပြီး ဤသို့လုပ်ဆောင်မှုများ မလုပ်သင့်ကြောင်းနှင့် မလိုလား အပ်သည့် ပြဿနာများ ၊ ပဋိပက္ခများကို ဖန်တီးလိုသူတို့၏ လှည့်ကွက်များ ထောင်ချောက်များထဲသို့ မဝင်မိကြရန် လေးစားစွာ အသ ိပေးလိုကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် ကြေညာချက်ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပ၍ ရဲတပ်ဖွဲ့က တရားခံဟု စွပ်စွဲထားသူ အောင်ကြီးကို တရားရုံးက လွှတ်ပေးမှု စောလွန်းကြောင်း၊ ဗစ်တိုးရီးယားအမည်၊ မိဘအမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်တို့ကို အတိအကျ ထုတ်ပြန်ခဲ့ပြီး အမှုနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကိုလည်း ရဲဇာနည်လူမှုကွန်ရက်စာမျက်နှာပေါ်တင်၍ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်မှုသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း ဥပဒေပညာရှင်ထောက်ပြ ပြောဆိုထားသော်လည်း ယခုအချိန်အထိ အစိုးရနှင့် ရဲတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာ အရေးယူခြင်း၊ တုံ့ပြန်ကြေညာချက်ထုတ်ပြန်ခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts