All News interview Peace

ရဲတပ်ဖွဲ့ကို နစ်နာသူ အရပ်သားပြည်သူက တရားစွဲရန် မလွယ်ကူဘဲ အလွန်ခက်ခဲ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဖြင့်သာ အရေးယူနိုင်ဟု တရားလွှတ်တော်ရှေ့နေများပြော

ရဲတပ်ဖွဲ့ကို နစ်နာသူ အရပ်သားပြည်သူက တရားစွဲရန် မလွယ်ကူဘဲ အလွန်ခက်ခဲ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဖြင့်သာ အရေးယူနိုင်ဟု တရားလွှတ်တော်ရှေ့နေများပြော

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

ဗစ်တိုးရီးယားအမည်နှင့် မိဘအမည်များ နေရပ်လိပ်စာများ အပါအဝင် လျှို့ဝှက်အပ်သော အချက်များအားလုံးကို ရဲတပ်ဖွဲ့ ဖွင့်ချလိုက်သည့်အတွက် ရဲတပ်ဖွဲ့ကို တရားစွဲရန် ပြင်ဆင်မှုများရှိလာနေသောလည်း ဥပဒေရှုထောင့်အရ ရဲတပ်ဖွဲ့ကို အရပ်သားပြည်သူက တရားစွဲရန် မလွယ်ကူဘဲ အလွန်ခက်ခဲ့ကြောင်း၊ ရဲတရားရုံး၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဖြင့်သာ အရေးယူနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်က တရားလွှတ်တော်ရှေ့နေများကို ဆက်သွယ်မေးမြန်းထားသည်။

တရားလွှတ်တော်ဦးကြီးမြင့်

ဒီရဲတွေကတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကိုချိုးဖောက်တာကတော့ အတိအကျသေချာသွားပြီ ရှေ့မှာ ဒေါ်ဥမ္မာလှိုင်က သူ့သားနှစ်ယောက် ကိုကို၊ ညီညီလို့ပြောလို့ဆိုပြီးတော့ စုဒါလီအောင်ကို တရားစွဲတင် ကလေးသူငယ်ဥပဒေရယ် နိုင်၊ လွတ်၊ လုံရယ် နှစ်ခုလုံးနဲ့စွဲတာ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးက နိုင်၊ လွတ်၊ လုံကို ပယ်လိုက်ပြီးတော့ လက်မခံဘဲနဲ့ ကလေးသူငယ်ဥပဒေနဲ့ တရားစွဲခွင့်ပြုလိုက်တယ်ပေါ့။ ဒီတစ်ခါချိုးဖောက်တာက အဲဒီထက်ဆိုးတယ်။ တော်တော်ကိုဆိုးတာ အဲလောက် ချိုးဖောက်သူတွေကျတော့ကော တရားစွဲလို့မရဘူးလားဆိုတော့ ဥပဒေအရတော့ ရဲမို့တရားစွဲခွင့်မရှိဘူးလားဆိုတော့ သူတို့ကိုတရားစွဲခွင့်ရှိတယ်။ တရားစွဲလည်းစွဲနိုင်တယ်။ စွဲလည်းစွဲသင့်တယ်။ သို့သော် သူကဘာဖြစ်လည်းဆိုတော့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲက ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတယ်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့အခါကျတော့ ရဲတပ်ဖွဲ့က ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံဖြစ်နေတယ်။ သို့သော် ကွဲပြားတာက ဘာလည်းဆိုတော့ တပ်မတော်သားတွေဆိုရင်တော့ စစ်ဗိုလ်၊ စစ်သား ဘယ်သူမဆို လူပဲသတ်သတ်၊ မုဒိမ်းပဲကျင့်ကျင့် ဓားမြပဲတိုက်တိုက် အဲတာအရပ်ဘက်ရုံးတွေက စစ်လို့မရဘူး။ သူတို့ကိုပြည်သူလူထုကလည်း တရားလိုလုပ်ပြီးတော့တရားစွဲခွင့်မရှိဘူး။ အဲတာကထူးခြားတဲ့အချက်ပဲ ပြီးတော့အဲစစ်သားကို ရဲစခန်း ဒါမှမဟုတ် သင့်တော်တဲ့နေရာခေါ်သွားပြီးတော့ သူတို့စစ်ခုံရုံးမှာ စစ်မယ်လို့ပြောပြီး စစ်လား။ မစစ်လား။ လွှတ်လား။ ဘယ်လောက်ချလဲ။ ၁ဝနှစ်ကို ၇လနဲ့လွှတ်လား။ အဲတာတွေတို့မသိဘူး။ သိခွင့်မရှိဘူးလေ။

သို့သော် သူတို့စစ်တပ်က မည်သည့်အရပ်သားကိုမဆို မည်သည့်ကိုမဆို ငါ့တောင် ၅ဝ၅ (က)နဲ့စွဲထားတာပဲ လွန်ခဲ့တဲ့ ၇လာကဟာကို အဲတာကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းဘာလည်းဆိုတော့ ရဲပေါ့။ ရဲကျတော့ တပ်မတော်သားတွေပေးတဲ့အခွင့်အရေး အပြည့်အဝမရဘူး။ သူကျတော့ လူသတ်၊ မုဒိမ်းကျင့်၊ ဓားပြတိုက်၊ သူခိုးခိုး အဲလိုဖြစ်လာရင် သူကအမှုဖွင့်ခွင့်ရှိတယ်။ တိုင်ခွင့်ရှိတယ်.။ အရပ်သားက တိုင်တဲ့အခါမှာတပ်မတော်နဲ့ ဘာတစ်ချက်သွားကွာလည်းဆိုတော့ တပ်မတော်သားတွေလောက် အခွင့်အရေးအပြည့်အဝမရဘဲနဲ့ တစ်ဝက်တော့ရတယ်။ အဲတာကဘာလည်းဆိုတော့ အရပ်ဘက်ရုံးတွေမှာစွဲတဲ့အပေါ်မှာ ရဲစည်းကမ်းထိန်းသိမ်းရေးက ခွင့်ပြုမှ ဒီဘက်ကိုဆက်သွားလို့ရတာ သူတို့ကို ရဲစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူတာတွေရှိတယ်လေ။

ဒုရဲမှူး မိုးရန်နိုင်တို့လိုမျိုး အဲလိုရှိတယ်။ သို့သော် လူသတ်မုဒိမ်းလိုဓားပြလို ကြီးကျယ်တဲ့အမှုကြီးတွေကိုတော့ တပ်မတော်သားတွေလိုသူတို့က ကင်းလွတ်ခွင့်မရှိဘူး။ သူတို့ရဲစည်းကမ်းထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ဟာမျိုးလောက်ပဲစစ်ခွင့်ရှိတယ်။ အဲတာလည်း သူ့ကို ရာထူးကထုတ်ပြစ်နိုင်တယ်။ ရာထူးချနိုင်တယ်။ အဲတာအပါအဝင် မိုးရန်နိုင်တို့လိုမျိုး ထောင်လေးဘာလေး နည်းနည်းပါးပါးချနိုင်တယ်။ ကျန်တဲ့လူသတ်မုဒိမ်းတို့လိုစတာမျိုးကျတော့ ရဲစည်းကမ်းထိန်းသိမ်းရေးက အာဏာမရှိတော့ဘူး အရပ်ဘက်ရုံးကိုသွားရတာပေါ့။ အခုကိစ္စက တရားစွဲခွင့်ရှိတယ်။ အရပ်ဘက်က သို့သော် ဝန်ထမ်းစည်းမျဉ်းအရ နိုင်ငံတော်သမ္မတ ခွင့်ပြုမိန့်လိုတယ်။ ကြိုတင်ခွင့်ပြုချက်လိုတယ်။

ခုနပြောသလို ရဲကနေပြီးတော့ လူသတ်မုဒိမ်းတို့ဘာတို့ဆို ကြိုတင်ခွင့်ပြုချက်မလိုဘူး။ ကိုယ်တိုင်ဖမ်းလို့ရတယ်။ မိမိတာဝန်ထမ်းဆောင်နေချိန်အတွင်း လုပ်မှားကိုင်မှားဖြစ်တယ်ဆိုရင် ပြောမှားဆိုမှားဖြစ်တဲ့အပေါ်မှာတော့ ကြိုတင်ခွင့်ပြုချက်လိုတယ်။ တာဝန်ဝတ်တရား ထမ်းဆောင်နေချိန်ကျတော့ ကြိုတင်ခွင့်ပြုချက်လိုတယ်။ နိုင်ငံတော်သမ္မတကြီးက ခွင့်ပြုချက်ပေးမလားမပေးလားဆိုတာကတော့ မပေးဖို့များတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုတုန်းက သမ္မတအဆက်ဆက်က စစ်တပ်ကလာတယ်။ စစ်သားတွေဗိုလ်ချုပ်ကြီးတွေပဲဆိုတော့ ဘယ်သူမှမပေးဘူး။ တရားစွဲဆိုခွင့်ဘယ်သူမှမပေးဘူး။ ဦးသိန်းစိန်လက်ထက်ထိပေါ့။

အခုကျတော့ အရပ်သား အစိုးရသစ်တက်တော့ တရားစွဲခွင့်ပေးမပေးဆိုတာ ၅ဝ၊ ၅ဝပဲ အဲ ၅ဝ၊ ၅ဝကိုမှ ဒေါ်အောင်ဆန်းစုကြည်က မီးစိမ်းမပြရင် သမ္မတကခွင့်ပြုချက်ပေးမှာမဟုတ်ဘူး။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကဲခတ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုခွင့်ပြုမယ့် ခေါင်းဆောင်မျိုးလား။ ခွင့်မပြုမယ့် ခေါင်းဆောင်မျိုးလား။ သူ့ကိုအရင်အကဲခတ် သူ့ကိုကြည့်ပြီးတော့မှ သမ္မတကိုနောက်ထပ်တစ်ဆင့်ပြော အဲတော့သမ္မတခွင့်ပြုချက်ပေးမပေးဆိုတဲ့အပေါ်မှာ ဆရာအတွေ့အကြုံတွေပေါင်းစပ်ပြီးပြောရင်တော့ ခွင့်ပြုချက်ပေးမယ်မထင်ဘူး။ တရားစွဲခွင့်မပေးရင်လည်း ဗစ်တိုးရီးယား အဖေအမေကိုတိုင်နိုင်တယ်။

သူတို့က ကလေးသူငယ်အခွင့်အရေး ပုဒ်မဘယ်လောက်ကိုချိုးဖောက်ပါတယ်။ ဒါအရေးယူပါလို့ ပြည်ထဲရေးဝန်ကြီးကိုလည်း တိုင်နိုင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုလည်းတိုင်နိုင်တယ်။ ပြည်ထဲရေးဝန်ကြီး ရဲချုပ်ကိုတိုင်ပြီးဆိုရင် ရဲစည်းကမ်ထိန်းသိမ်းရေးခုံရုံးရောက်သွားပြီ ရောက်သွားရင် သူ့ကိုရာထူးကထုတ်ပစ်နိုင်တယ်။ ပြောင်းရွေ့ပြစ်နိုင်တယ်။ ရာထူးကချထားနိုင်တယ်။ အဲတာတွေတော့ ရှိတယ်ပေါ့။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်

ဥပဒေနဲ့အတိအကျပြောမယ်ဗျာ။ ကလေးသူငယ်ဥပဒေ မကြာသေးခင်ကထွက်တဲ့ အဲဒီကလေးသူငယ်ဥပဒေ ပုဒ်မ ၉၆ အရ ကလေးသူငယ်မှုခင်း (သို့မဟုတ်) ဘယ်မှုခင်းမှာမဆို သက်သေ၊ နစ်နာသူအဖြစ်၊ တရားခံအဖြစ် နောက်တစ်ခါသက်သေအဖြစ် ဖြစ်စေပါဝင်နေတဲ့ ကလေးသူငယ် မည်သူမည်ဝါဖြစ်တယ်ဆိုတာကို ထင်ရှားစေဖို့အတွက် ပြောဆိုတာတွေ အဲဒါတွေကိုမလုပ်ရဘူး။ ကြေညာတာပြောဆိုတာ အဲဒါတွေကို မလုပ်ရဘူး။ ၉၆မှာ ပြဌာန်းပါတယ်။ ပြဌာန်းပြီးတော့ အဲဒီ၉၆မှာပြဌာန်းထားတာဖောက်ပစ်ရင် ကလေးသူငယ် ဥပဒေပုဒ်မ ၁၀၁ (ဃ)အရ အရေးယူနိုင်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားတာက ကလေးမလေးရဲ့နာမည် သာမန်ပေါ့ဗျာ။ ဥပဒေကိုသိပ်ပြီးတော့ မသိဘူးလို့ပြောရမယ့်သူတွေ ဆိုရှယ်မီဒီယာဖြစ်ဖြစ် စာနာစိတ်နဲ့ ဗစ်တိုးရီယားနာမည်ကိုသုံးပြီးတော့ ပြောနေကြတဲ့အချိန်မှာ နာမည်အရင်းကိုဖော်ပြီးတော့ စပြီးပြောတာ ဥပဒေနဲ့ မညီတဲ့အပြင် ဥပဒေကို ကာကွယ်ရမယ်ဆိုတဲ့ ဥပဒေကိုတည်အောင်လုပ်ပေးရမယ့် ရဲအဖွဲ့အစည်းအနေနဲ့ သူရဲ့အကြီးအကဲတွေအနေနဲ့ အင်မတန် ရုပ်ဆိုးတယ်လို့ထင်ပါတယ်။ ဘယ်သူတွေအရေးယူမလဲမသိဘူး။ အထူးသဖြင့် နစ်နာတဲ့ကလေးမိဘတွေ အရေးယူနိုင်ပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေဆိုတာရှိပါတယ်။ အဲဒီဥပဒေအရစွဲမယ်ဆိုရင်စွဲဆိုလို့ရပါတယ်။ တကယ်တန်းပြောရင်သူတို့က တရားစွဲအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒါသူတို့တောင်ထိန်းသိမ်းထားဖို့လိုအပ်တာပေါ့။ ဒီအမှုအမှန်မပေါ်ပေါက်သေးတော့ ထိန်းသိမ်းထားဖို့လိုအပ်တာပေါ့။ ပြောရင်တော့ ဒါကစောင့်ထိန်းရမယ့် ကိစ္စပေါ့ဗျာ။ အခုချိန်ထိတရားရုံးကမှာ အမှုမှန်မပေါ်သေးဘူး။ ဥပဒေထဲမှာလည်းအတိအကျပြဌာန်းထားတယ်။ ဥပဒေနယ်မှာ ကလေးသူငယ်တွေဟာ တရားရုံးရှေ့မှာ သူတို့ကိုယ်တိုင်စွပ်စွဲခံရသူဖြစ်စေ၊ ပြစ်မှုကျုးလွန်သူအနေနဲ့ပဲဖြစ်စေ၊ သက်သေအနေနဲ့ဖြစ်စေ၊ စစ်ဆေးခံရတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သတ်လို့ သူတို့နဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို ထုတ်ပြန်ခြင်းမပြုရဘူး လို့လည်းကလေးသူငယ်အခွင့်အရေးဆိုင်ဥပဒေထဲမှာ တရားဝင်ပြဌာန်းထားပါတယ်။

ကိုယ်ကိုယ်တိုင်ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ တရားဥပေဒကို ကိုင်တွယ်မောင်းနှင်းနေတဲ့အဖွဲ့အစည်းဖြစ်တယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမှာလည်းပဲ တရားဝင်ပြဌာန်းထားတယ်။ နောက်တစ်ခါ ဒီအမှုကိုစစ်ဆေးနေတဲ့ တရားရုံးကလည်းပဲ ဒီကလေးနဲ့ ပတ်သတ်တဲ့ ဒီအချက်အလက်တွေကို ပြည်သူလူထုကို ချမပြသေးပဲနဲ့ လျှိုဝှက်ထိန်းသိမ်းထားတယ်။ နောက်တစ်ခါအလားတူကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီအမှုပါဝင်ပတ်သက်နေတဲ့ ကလေးနှစ်ဦးပေါ့နော်။ ကလေးနှစ်ဦးနဲ့ ပတ်သတ်တဲ့မိခင်ဖြစ်သူက ဒီဗစ်တိုးရီးယားရဲ့ဖခင်အပါအဝင်ပေါ့။ ဒေါ်ရွက်နုအောင်၊ ဦးခင်မောင်ဇော်၊ ဒေါ်ဆုဒါလီအောင် တို့စသည်အားဖြင့် ဒီပါဝင်ပတ်သက်တဲ့လူတွေအကုန်လုံးကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာနဲ့ဥပဒေနဲ့ သူက အရေးယူထားတာရှိနေတယ်။

ဒီအခြေအနေပေါင်းစပ်ပြီးတော့ ချုံပြီးသုံးသပ်လိုက်တဲ့အခါကျတော့ ဒီလို ပြုလုပ်တာသည်တကယ်တန်းပြောရင် ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ပြောဆိုလို့ရတာပေါ့။အကယ်၍ ကလေးမိဘများကကလေးရဲ့ အုပ်ထိန်းသူတွေက မကျေနပ်ဘူးဆိုရင်တော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအရပဲ တရားစွဲဆိုနိုင်တဲ့အနေအထားကျန်တာနဲ့တော့ အရေးယူလို့မရဘူးဗျာ ဒီဟာနဲ့ ပတ်သတ်လို့တော့ ကျွန်တော်တို့တော့ လက်ရှိထားတဲ့အချက်ကတော့ ကလေးသူငယ်အခွင့်ဆိုင်ရာဥပဒေမှာပဲ ဒီပြဌာန်းချက်လေးနဲ့ကလေးတွေရဲ့ မူခင်းဆောင်ရွက်နေတဲ့ ကလေးအခွင့်အရေးကို ကာကွယ်ပေးထားတာရှိပါတယ်။ ဒီကာကွယ်ပေးခြင်းကလည်းပဲ မူခင်းထဲမှာပါဝင်ပတ်သက်နေတဲ့ အနာဂတ်ကာလ သူတို့ဘဝလုံခြုံရေး ဂုဏ်သိက္ခလုံခြုံရေးအတွက်ဒါ ပြဌာန်းပေးတာဖြစ်တဲ့အတွက် တကယ်တန်းပြောရရင်တော့ တရားစွဲအဖွဲ့အစည်းကလည်းဒါလေးကို အလေးအနက်ထားပြီး ထိန်းသိမ်းစောင့်ရှောက်သင့်တာပေါ့။

ဒီကလေးကလောလောဆယ်ပဲ တရားခံကပေါ်ပေါက်ခြင်းမရှိဘဲနဲ့ ပြစ်မှုကျူးလွန်ခြင်းခံထားရတဲ့ တရားခံဘယ်သူလဲဆိုတာ မသိသေးတဲ့အချိန်မှာ နစ်နာမှုကအရမ်းကြီးမားပါတယ်။ ဒီကလေးအတွက် ဒီကလေးကော ဒီကလေးရဲ့ မိဘတွေကော အင်မတန်နစ်နာမှုကြီးမားတဲ့အချိန်မှာ ဒီလိုမျိုးတရားဝင် ဖွင့်ချလိုက်ခြင်းသည် နောက်ထပ် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts