All News Local News Peace

ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ် ကဗျာရွတ်ပွဲ ANP ဌာနချုပ်တွင် ယနေ့ ကျင်းပမည်

ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ် ကဗျာရွတ်ပွဲ ANP ဌာနချုပ်တွင် ယနေ့ ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၅ နှစ်မြောက် ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနားအဖြစ် “သွေးမျက်ရည်နှင့် ဝိညာဉ်များ” ကဗျာရွတ်ပွဲကို စစ်တွေမြို့နယ်ရှိ ရခိုင်အမျိုးသားပါတီ ANPဌာနချုပ်တွင် ယနေ့ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ANP ပါတီ၏ ဗဟိုလူငယ် ဒုတိယခေါင်းဆောင် ကိုစန်းဌေးမောင်က “ကဗျာရွတ်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က ရခိုင့်သမိုင်းကို မမေ့ကြဖို့ပါ။ ဒီနှစ်တော့ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်ပွဲကို အခြားနေရာတွေမှာ လုပ်တာတော့ မကြားမိသေးဘူး။ ကျနော်တို့ ANP မှာ လုပ်တာပဲရှိတယ်” ဟု ပြောဆိုသည်။

၂၃၅ နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းဖွယ် အောက်မေ့ခြင်းအခမ်းအနားကို ဝါသနာရှင်များ၊ လူကြီး၊ လူငယ်အားလုံးတက်ရောက်ကြမည်ဖြစ်ပြီး ညနေ ၆ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ မြောက်ဦးမြို့တွင် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်များက ပိတ်ပင်ခဲ့ပြီး ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ရခိုင်တိုင်းရင်းသား ၇ ဦး သေဆုံးခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com