All News Local News Peace

မြောက်ဦးတွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၈လ ၊ အသက် ၃နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် ၃ဦးသေဆုံး

မြောက်ဦးတွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၈လ ၊ အသက် ၃နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် ၃ဦးသေဆုံး

ရန်ကုန် ဒီဇင်ဘာ၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက် ချင်းပျံစုရှိ ဒေါ်စောသာနုနေအိမ်တွင် ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄နာရီခွဲခန့်က လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် ၈လ အရွယ် ကလေး ၁ ဦး နှင့် ၃နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်း မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်ကပြောဆိုသည်။

ထိုသို့လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သေဆုံးခဲ့သူများမှာ မအေးသူလှိုင် အသက်၈လ၊ ဒေါ်နုနုဝင်း အသက် ၂၃နှစ်၊ မောင်ဉာဏ်လင်းထက် ၃နှစ်အရွယ် ကလေးငယ်တို့သေဆုံးခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ကျွန်တော်ကလွှတ်တော်တက်နေတာ အသေးစိတ်အခြေအနေတော့ ကျွန်တော်မသိဘူး။ ဒဏ်ရာရသူ ၇ယောက်ထဲက ၃ဦးသေတယ်လို့သိရတယ်။ ဘယ်သူပစ်တာလဲ။ ဘယ်လိုပေါက်ကွဲတာလဲ။ အဲတာတွေတော့ ကျွန်တော်မသိဘူး။ မြောက်ဦးမြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေမှာတော့ တိုက်ပွဲပြင်းထန်နေတာတွေရှိတယ်”ဟု ဦးထွန်းသာစိန်ကပြောဆိုသည်။

ထိုသို့ ဒဏ်ရာရရှိသူထဲတွင် ကိုယ်ဝန်၉လလွယ်ထားရသော အမျိုးသမီးသည် ဒဏ်ရာအခြေအနေစိုးရိမ်းရကာ မဘူးမ ဆိုသောအမျိုးသမီးကလည်း ခြေတောက်တစ်ချောင်းဖြတ်တောက်ခဲ့ရပြီး ဒဏ်ရာစိုးရိမ်းရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ထို့ပြင် မြောက်ဦးမြို့နယ်နှင့် မိုင်၂၀အကွာ ရင်းချောင်းဖက်တွင် ယနေ့ နေ့လည် ၁၂နာရီခန့် ငလိတ်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA)တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများပိုမိုပြားလာလျက်ရှိပြီး စစ်ဘေးရှောင် အရေအတွက်မှာလည်း ၁ သိန်းနီးပါးရှိလာပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com