All News Local News

မြေသိမ်းခံကရင်နီတောင်သူများကို တပ်မတော်အရာရှိများက တရားစွဲဆိုမှု တရားမျှတမှုမရှိဟု ကရင်နီလူငယ်ခေါင်းဆောင်များပြောဆို

မြေသိမ်းခံကရင်နီတောင်သူများကို တပ်မတော်အရာရှိများက တရားစွဲဆိုမှု တရားမျှတမှုမရှိဟု ကရင်နီလူငယ်ခေါင်းဆောင်များပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ၁၈

ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်အတွင်း တောင်သူလယ်သမားများနှစ်စဉ်စိုက်ပျိုးနေသည့်မြေပေါ် ၂ဝ၁၉ခုနှစ်မှစတင်ကာ တပ်မတော်ပိုင်ကို မြေကျုးကျော်သည်ဟုဆိုကာ တပ်မတော်အရာရှိများက တရားလိုပြုလုပ်၍ တရားစွဲခြင်းသည် တရားမျှတမှုမရှိကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဌကို ခူးတူရယ်နှင့် ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီဒီးတို့က ပြောဆိုလိုက်သည်။

တပ်မတော်က ၂ဝ၁၉ခုနှစ်မှစတင်ကာ တောင်သူများနှင့် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များကို ဒီမော့ဆိုမြို့နယ်အတွင်းရှိ တပ်မတော် အမြောက်တပ်ရင်းအမှတ် ၃၆ဝတပ်ရင်းနှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ တပ်မတော် ခလရ ၂၅ဝတပ်တို့ကို ဝင်ရောက်ကျူးကျော်သည်ဟုဆိုကာ ပုဒ်မ ၆(၁)နှင့် ပုဒ်မ ၄၄၇ တို့ဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသော တောင်သူ ၄၁ ဦးအထိ ရှိလာပြီဖြစ်သည်။

“ ဒီအမှုက ဘယ်လောက်တရားမျှတမှုရှိလာမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။ အမှုကကျွန်တော်တို့တောင်သူဘက်မှာ ဘယ်လောက်ခိုင်လုံမှုရှိလဲ၊ တပ်ဘက်မှာလည်း သူရဲ့စွဲချက်ကသက်သေအခိုင်အမာနဲ့လုပ်လာတဲ့ ပုံစံမျိုးစောင့်ကြည်ရမှာပေါ့။ တရားရုံးရဲ့ တရားသူကြီးရဲ့ အဆုံးအဖြတ်ကိုခံယူကြမှာပဲ တရားသူကြီးကမှန်မှန်ကန်ကန်နဲ့ ဘယ်လောက်ထိဆုံးဖြတ်နိုင်မလဲ ဆိုတာကိုကျွန်တော်အနေနဲ့ ပြောရခက်ပါတယ်။ တရားမျှတမှုကတော့ မရှိဘူး”ဟု ခူးတူရယ်ကပြောဆိုသည်။

ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီဒီးကလည်း တပ်မတော်၏ တရားမျှတမှုမရှိသော တရားစွဲဆိုမှုကြောင့် တောင်သူများတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေကြောင်း ပြောဆိုသည်။

“အခုလိုမျိုးမြေသိမ်းတာကတော့ တရားမျှတမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းအကြောင်းအရာပဲကြည့်ကြည့် မြေပြင်အနေအထားအရပဲ ကြည့်ကြည့်တောင်သူတွေ ရဲ့မြေပဲပေါ့။ တောင်သူတွေအကုန်လုံးက တရားရင်ဆိုင်နေရတော့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ အားပေးကူညီတာတွေလုပ်သွားမယ်။ ဒီမြေတွေက တောင်သူတွေမြေဖြစ်ကြောင်းကိုအမြဲပြောဆိုနေမယ်။ တောင်သူတွေကိုပြန်လည် ပေးတဲ့အထိပေါ့” ဟု ကိုဒီဒီးက ပြောဆိုသည်။

တပ်မတော်မှ တရားလို အရာရှိများက သီးခြားစီခွဲ၍ ပုဒ်မ တူများဖြင့်တရားစွဲဆိုခံထားရသော တောင်သူများမှာ ဦးပါစကွားလယ်သည် ပုဒ်မ ၄၄၇ဖြင့် အမှုပေါင်း ၄မှု၊ ပုဒ်မ ၆/၁ ဖြင့် ၂မှု၊ ဦးသော်မတ်သည် ပုဒ်မ ၄၄၇ဖြင့် ၃မှု၊ ပုဒ်မ ၆/၁ဖြင့် ၂မှု၊ ဦးငါးရယ် ပုဒ်မ ၄၄၇ဖြင့် ၃မှု၊ ပုဒ်မ ၆/၁ဖြင့်၂မှု၊ ဒေါ်ညားမာသည် ပုဒ်မ ၄၄၇ဖြင့် ၂ မှု၊ ပုဒ်မ ၆/၁ဖြင့် ၁မှုရင်ဆိုင်ရမည်ဖြစ်ပြီး ကျန်တောင်သူများမှာ ပုဒ်မ ၄၄၇ဖြင့်အမှုရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် တာင်သူ ၁၉ဦးကို ဒီမော့ဆို မြို့နယ်တရားရုံးတွင်ရုံးထုတ်စ စ်ဆေးခဲ့ပြီး လာမည့် ဒီဇင်ဘာလ၃၀ရက်နေ့တွင် ထပ်မံရုံံးချိန်း ချိန်းဆိုထားကြောင်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts