Inequality interview Web TV
မြန်မာအမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံမှုရှိရဲ့လား(ရုပ်/သံ)
မြန်မာအမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံမှုရှိရဲ့လား(ရုပ်/သံ)
By ရန်ကုန်ခေတ်သစ်(Inequality) 
ယဉ်ကျေးလှသည်ဆိုသော မြန်မာလူမှု အသိုင်းအဝိုင်းတွင် အမျိုးသမီများအပေါ် ခွဲခြားဆက်ဆံမှုများ ခေတ်အဆက်ဆက်ကပင် ရှိနေခဲ့ပြီး ယနေ့တိုင်လည်း တည်ရှိနေဆဲပင်ဖြစ်သည်။ အမျိုးသမီး များသည် မွေးဖွားသည်မှ သေဆုံးသည်အထိ ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခံရပြီး မလုံခြုံမှုများ ခံစားနေကြရသည်။ 
ရန်ကုန်မြို့တော်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးYBS များဖြင့် ခရီးသွားလာနေသူ ပြည်သူ ၂ သန်းကျော်ရှိပြီး ယင်းတို့ထဲတွင် အမျိုးသမီးများလည်း ပါဝင်နေသည်။ အလုပ်သွား၊ ကျောင်းသွား ကိစ္စများအပြင် ပြင်ပသို့ ထွက်ရသည့်အချိန်တိုင်း အမျိုးသမီးအများစုမှာ YBS ဖြင့် သွားလာရပြီး လမ်းပေါ်နှင့် ကားပေါ်တွင် လုံခြုံမှု ခံစားရခြင်း ရှိ၊ မရှိ ရန်ကုန်ခေတ်သစ်က ရန်ကုန်မြို့နေ အမျိုးသမီးများကို တွေ့ဆုံမေးမြန်းထားသည့်အပြင်  အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အမျိုးသမီးများ၏ အမြင်သဘောထားများကိုလည်း မေးမြန်းထားသည်။ 
Posted by Khit Thit Media on Monday, 9 December 2019
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
Related Posts