All News Features Inequality

မသန့်ရှင်းတဲ့ ဓာတုဆေးပါ အစားအသောက်တွေနဲ့ စားသောက်ရှင်သန်နေရတဲ့ ပြည်သူ့အနာဂတ်

မသန့်ရှင်းတဲ့ ဓာတုဆေးပါ အစားအသောက်တွေနဲ့ စားသောက်ရှင်သန်နေရတဲ့ ပြည်သူ့အနာဂတ်

By ရန်ကုန်ခေတ်သစ်( Inequality )

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၅ နှစ်အတွင်း အတွင်း ကင်ဆာရောဂါ ဝေဒနာသည် ၁သိန်းကျော်(၁၁၃၅၈၁) ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ ဒီလို ကင်ဆာဝေဒနာသည်တွေ များပြားလာတာဟာ မသန့်ရှင်းတဲ့ ဓာတုဆေးပါတဲ့ အစားအသောက်တွေ စားသုံးမှု ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မုန့်ဖက်တွေမှာ ဖော်မလင်ပါတာ၊ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေ ပါနေတာ၊ ငရုတ်သီးမှုန့်တွေမှာ ဆိုးဆေးတွေ ပါနေတာ ၊ စားသုံးဆီတွေမှာ မသန့်ရှင်းတဲ့ ဆီတွေ ရောနေတာ စတဲ့ သတင်းတွေ က မြန်မာပြည်သူတွေအတွက် မဆန်းတော့သလိုတောင်ဖြစ်နေပါပြီ။

ဓာတုဗေဒပစ္စည်းတွေ အစားအသောက်တွေထဲမှာထည့်သွင်းခြင်းဟာ စားသုံးသူတွေကို အန္တရာယ်ဖြစ်စေနိုင်ကာ ကင်ဆာရောဂါအမျိုးမျိုးနဲ့ တခြားသော ဆက်စပ်ရောဂါတွေဖြစ်စေနိုင်တဲ့အတွက် ထုတ်လုပ်ရောင်းချသူများကို တားဆီးရန် ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိတော့ မအောင်မြင်သေးပါဘူး။

အစားအသောက်တွေကို ဓာတုဆေးထည့်သွင်းခြင်းက တာရှည်ခံခြင်း၊ ဈေးသက်သာစေခြင်း၊ အားလုံး လက်လှမ်းမီ ဝယ်ယူစားသုံးနိုင်ခြင်းတို့ကြောင့် အဓိကဖြစ်တယ်လို့ စားသုံးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုပါတယ်။ လက်ရှိ ဈေးတွေမှာ ရောင်းချနေတဲ့ ပဲသွေး၊ ခေါက်ဆွဲ ၊ အကင်မျိုးစုံ၊ ပင်လယ်ငါးတချို့၊ ငါးခြောက်၊ အသင့်စားမုန့်၊ ငရုတ်သီးတွေမှာ ဓာတုဗေဒပစ္စည်းတွေအများဆုံး သုံးထားတာတွေ့ရတယ်သူက ဆိုပါတယ်။

ဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ အစားအသောက်များကို စားသောက်လျှင် နာတာရှည်ရောဂါများနဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်တယ်လို့ ဒေါက်တာကျော်စွာဦးကပြောဆိုပါတယ်။

အစားအသောက်ရောင်းချသူတွေကတော့ မသန့်ရှင်းတဲ့ ဓာတုဗေဒပစ္စည်းပါဝင်တဲ့ အစားအသောက်တွေကို ရောင်းချတာတွေမရှိတော့ဘူးလို့ ငြင်းဆိုပါတယ်။

ပြည်သူတွေဘက်ကတော့ ဓာတုဆေးဝါးတွေပါတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကို မစားလိုပေမယ့်လည်း ဈေးသက်သာတာ၊ ငွေကြေးချို့တဲ့တာနဲ့ ဝင်ငွေနည်းတာတွေကြောင့် ရွေးချယ်စရာမရှိဘဲ ရွေးချယ်နေရတာပါ။

စားသုံးသူတွေဘက်ကတော့ အစားအသောက်တွေမှာ ဓာတုဗေဒပစ္စည်းတွေပါဝင်နေတာကို သိရှိပေမယ့်လည်း မလွှဲသာသော အနေအထားများကြောင့် စားသောက်နေရတယ်လို့ ဆောက်လုပ်ရေးလုပ်သား ကိုစနေကပြောဆိုပါတယ်။

မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ ဓာတုဆေးတွေနဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေ ရောင်းချမှု မရှိစေဖို့ အစိုးရမှာ အဓိက တာဝန်ရှိပေမယ့်လည်း အစိုးရအနေနဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ပြည်သူတွေမှာ ရွေးချယ်ရာ ကင်းမဲ့နေပြီး ကိုယ့်ငွေနဲ့ အဆင်ပြေတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကိုပဲ ဝယ်စားရင်း မကျန်းမမာဖြစ်နေကြရပါတယ်။

စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကတော့ ပြည်သူတွေအနေနဲ့ ပြင်ပစာတွေ ရှောင်ကျဉ်ပြီး နေထိုင် စားသောက်ပုံ ပြောင်းသင့်တယ်လို့ ဆိုပါတယ်။

မသန့်ရှင်းပေမယ့်လည်း တစ်နေ့တာ ဝမ်းရေးအတွက် အလုပ်အကိုင်တွေကြား ပြေးလွှားရင်း ဈေးပေါပေါ အစားအသောက်တွေ ဝယ်စားနေရတဲ့ ပြည်သူတွေရဲ့ ဘဝကတော့ အခုအချိန်အထိ ကယ်ကူသူ မဲ့နေပါတယ်။

မသန္႔ရွင္းတဲ့ ဓာတုေဆးပါ အစားအေသာက္ေတြနဲ႔ စားေသာက္ရွင္သန္ေနရတဲ့ ျပည္သူ႕အနာဂတ္(ရုပ္/သံ)

မသန္႔ရွင္းတဲ့ ဓာတုေဆးပါ အစားအေသာက္ေတြနဲ႔ စားေသာက္ရွင္သန္ေနရတဲ့ ျပည္သူ႕အနာဂတ္(ရုပ္/သံ) By ရန္ကုန္ေခတ္သစ္( Inequality ) ျမန္မာႏုိင္ငံမွာ ၂၀၁၃ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ ၅ ႏွစ္အတြင္း အတြင္း ကင္ဆာေရာဂါ ေ၀ဒနာသည္ ၁သိန္းေက်ာ္(၁၁၃၅၈၁) ရွိတယ္လုိ႔ ကမၻာ့က်န္းမာေရး အဖြဲ႕ႀကီးက ထုတ္ျပန္ပါတယ္။ ေလ့လာဆန္းစစ္မႈေတြအရ ဒီလုိ ကင္ဆာေ၀ဒနာသည္ေတြ မ်ားျပားလာတာဟာ မသန္႔ရွင္းတဲ့ ဓာတုေဆးပါတဲ့ အစားအေသာက္ေတြ စားသုံးမႈ ေၾကာင့္ ျဖစ္တယ္လုိ႔ ဆုိပါတယ္။မုန္႔ဖက္ေတြမွာ ေဖာ္မလင္ပါတာ၊ ဟင္းသီးဟင္းရြက္ေတြမွာ ပုိးသတ္ေဆးနဲ႔ ေပါင္းသတ္ေဆးေတြ ပါေနတာ၊ ငရုတ္သီးမႈန္႕ေတြမွာ ဆုိးေဆးေတြ ပါေနတာ ၊ စားသုံးဆီေတြမွာ မသန္႔ရွင္းတဲ့ ဆီေတြ ေရာေနတာ စတဲ့ သတင္းေတြ က ျမန္မာျပည္သူေတြအတြက္ မဆန္းေတာ့သလုိေတာင္ျဖစ္ေနပါၿပီ။ ဓာတုေဗဒပစၥည္းေတြ အစားအေသာက္ေတြထဲမွာထည့္သြင္းျခင္းဟာ စားသံုးသူေတြကို အႏၱရာယ္ျဖစ္ေစႏုိင္ကာ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးနဲ႔ တျခားေသာ ဆက္စပ္ေရာဂါေတြျဖစ္ေစႏိုင္တဲ့အတြက္ ထုတ္လုပ္ေရာင္းခ်သူမ်ားကို တားဆီးရန္ ႀကိဳးစားေနေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ မေအာင္ျမင္ေသးပါဘူး။အစားအေသာက္ေတြကုိ ဓာတုေဆးထည့္သြင္းျခင္းက တာရွည္ခံျခင္း၊ ေစ်းသက္သာေစျခင္း၊ အားလုံး လက္လွမ္းမီ ၀ယ္ယူစားသုံးႏုိင္ျခင္းတုိ႔ေၾကာင့္ အဓိကျဖစ္တယ္လုိ႔ စားသုံးကာကြယ္ေရး အဖြဲ႕ ဥကၠ႒ ဦးဗအုပ္ခုိင္က ဆုိပါတယ္။ လက္ရွိ ေစ်းေတြမွာ ေရာင္းခ်ေနတဲ့ ပဲေသြး၊ ေခါက္ဆြဲ ၊ အကင္မ်ိဳးစံု၊ ပင္လယ္ငါးတခ်ိဳ႕၊ ငါးေျခာက္၊ အသင့္စားမုန္႔၊ ငရုတ္သီးေတြမွာ ဓာတုေဗဒပစၥည္းေတြအမ်ားဆံုး သံုးထားတာေတြ႕ရတယ္သူက ဆုိပါတယ္။ဓာတုေဗဒပစၥည္းေတြပါဝင္တဲ့ အစားအေသာက္မ်ားကို စားေသာက္လွ်င္ နာတာရွည္ေရာဂါမ်ားနဲ႔ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးျဖစ္ပြားႏုိင္တယ္လို႔ ေဒါက္တာေက်ာ္စြာဦးကေျပာဆိုပါတယ္။အစားအေသာက္ေရာင္းခ်သူေတြကေတာ့ မသန္႔ရွင္းတဲ့ ဓာတုေဗဒပစၥည္းပါဝင္တဲ့ အစားအေသာက္ေတြကို ေရာင္းခ်တာေတြမရွိေတာ့ဘူးလို႔ ျငင္းဆိုပါတယ္။ ျပည္သူေတြဘက္ကေတာ့ ဓာတုေဆး၀ါးေတြပါတဲ့ မသန္႔ရွင္းတဲ့ အစားအေသာက္ေတြကုိ မစားလုိေပမယ့္လည္း ေစ်းသက္သာတာ၊ ေငြေၾကးခ်ဳိ႕တဲ့တာနဲ႔ ၀င္ေငြနည္းတာေတြေၾကာင့္ ေရြးခ်ယ္စရာမရွိဘဲ ေရြးခ်ယ္ေနရတာပါ။စားသံုးသူေတြဘက္ကေတာ့ အစားအေသာက္ေတြမွာ ဓာတုေဗဒပစၥည္းေတြပါဝင္ေနတာကို သိရွိေပမယ့္လည္း မလႊဲသာေသာ အေနအထားမ်ားေၾကာင့္ စားေသာက္ေနရတယ္လို႔ ေဆာက္လုပ္ေရးလုပ္သား ကိုစေနကေျပာဆိုပါတယ္။မသန္႔ရွင္းတဲ့ အစားအေသာက္ေတြ၊ ဓာတုေဆးေတြနဲ႔ ျပဳျပင္ထားတဲ့ အစားအေသာက္ေတြ ေရာင္းခ်မႈ မရွိေစဖုိ႔ အစိုးရမွာ အဓိက တာ၀န္ရွိေပမယ့္လည္း အစုိးရအေနနဲ႔ တစ္ျပည္လုံးအတုိင္းအတာနဲ႔ တားဆီးႏုိင္ျခင္း မရွိေသးပါဘူး။ ဒါေၾကာင့္ ျပည္သူေတြမွာ ေရြးခ်ယ္ရာ ကင္းမဲ့ေနၿပီး ကိုယ့္ေငြနဲ႔ အဆင္ေျပတဲ့ မသန္႔ရွင္းတဲ့ အစားအေသာက္ေတြကုိပဲ ၀ယ္စားရင္း မက်န္းမမာျဖစ္ေနၾကရပါတယ္။စားသုံးသူကာကြယ္ေရးအသင္းဥကၠ႒ ဦးဗအုပ္ခုိင္ကေတာ့ ျပည္သူေတြအေနနဲ႔ ျပင္ပစာေတြ ေရွာင္က်ဥ္ၿပီး ေနထုိင္ စားေသာက္ပုံ ေျပာင္းသင့္တယ္လို႔ ဆုိပါတယ္။မသန္႔ရွင္းေပမယ့္လည္း တစ္ေန႔တာ ၀မ္းေရးအတြက္ အလုပ္အကုိင္ေတြၾကား ေျပးလႊားရင္း ေစ်းေပါေပါ အစားအေသာက္ေတြ ၀ယ္စားေနရတဲ့ ျပည္သူေတြရဲ႕ ဘ၀ကေတာ့ အခုအခ်ိန္အထိ ကယ္ကူသူ မဲ့ေနပါတယ္။www.khitthitnews.comUnicode Versionမသန့်ရှင်းတဲ့ ဓာတုဆေးပါ အစားအသောက်တွေနဲ့ စားသောက်ရှင်သန်နေရတဲ့ ပြည်သူ့အနာဂတ်By ရန်ကုန်ခေတ်သစ်( Inequality ) မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၅ နှစ်အတွင်း အတွင်း ကင်ဆာရောဂါ ဝေဒနာသည် ၁သိန်းကျော်(၁၁၃၅၈၁) ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ ဒီလို ကင်ဆာဝေဒနာသည်တွေ များပြားလာတာဟာ မသန့်ရှင်းတဲ့ ဓာတုဆေးပါတဲ့ အစားအသောက်တွေ စားသုံးမှု ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။မုန့်ဖက်တွေမှာ ဖော်မလင်ပါတာ၊ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေ ပါနေတာ၊ ငရုတ်သီးမှုန့်တွေမှာ ဆိုးဆေးတွေ ပါနေတာ ၊ စားသုံးဆီတွေမှာ မသန့်ရှင်းတဲ့ ဆီတွေ ရောနေတာ စတဲ့ သတင်းတွေ က မြန်မာပြည်သူတွေအတွက် မဆန်းတော့သလိုတောင်ဖြစ်နေပါပြီ။ ဓာတုဗေဒပစ္စည်းတွေ အစားအသောက်တွေထဲမှာထည့်သွင်းခြင်းဟာ စားသုံးသူတွေကို အန္တရာယ်ဖြစ်စေနိုင်ကာ ကင်ဆာရောဂါအမျိုးမျိုးနဲ့ တခြားသော ဆက်စပ်ရောဂါတွေဖြစ်စေနိုင်တဲ့အတွက် ထုတ်လုပ်ရောင်းချသူများကို တားဆီးရန် ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိတော့ မအောင်မြင်သေးပါဘူး။အစားအသောက်တွေကို ဓာတုဆေးထည့်သွင်းခြင်းက တာရှည်ခံခြင်း၊ ဈေးသက်သာစေခြင်း၊ အားလုံး လက်လှမ်းမီ ဝယ်ယူစားသုံးနိုင်ခြင်းတို့ကြောင့် အဓိကဖြစ်တယ်လို့ စားသုံးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုပါတယ်။ လက်ရှိ ဈေးတွေမှာ ရောင်းချနေတဲ့ ပဲသွေး၊ ခေါက်ဆွဲ ၊ အကင်မျိုးစုံ၊ ပင်လယ်ငါးတချို့၊ ငါးခြောက်၊ အသင့်စားမုန့်၊ ငရုတ်သီးတွေမှာ ဓာတုဗေဒပစ္စည်းတွေအများဆုံး သုံးထားတာတွေ့ရတယ်သူက ဆိုပါတယ်။ဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ အစားအသောက်များကို စားသောက်လျှင် နာတာရှည်ရောဂါများနဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်တယ်လို့ ဒေါက်တာကျော်စွာဦးကပြောဆိုပါတယ်။အစားအသောက်ရောင်းချသူတွေကတော့ မသန့်ရှင်းတဲ့ ဓာတုဗေဒပစ္စည်းပါဝင်တဲ့ အစားအသောက်တွေကို ရောင်းချတာတွေမရှိတော့ဘူးလို့ ငြင်းဆိုပါတယ်။ ပြည်သူတွေဘက်ကတော့ ဓာတုဆေးဝါးတွေပါတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကို မစားလိုပေမယ့်လည်း ဈေးသက်သာတာ၊ ငွေကြေးချို့တဲ့တာနဲ့ ဝင်ငွေနည်းတာတွေကြောင့် ရွေးချယ်စရာမရှိဘဲ ရွေးချယ်နေရတာပါ။စားသုံးသူတွေဘက်ကတော့ အစားအသောက်တွေမှာ ဓာတုဗေဒပစ္စည်းတွေပါဝင်နေတာကို သိရှိပေမယ့်လည်း မလွှဲသာသော အနေအထားများကြောင့် စားသောက်နေရတယ်လို့ ဆောက်လုပ်ရေးလုပ်သား ကိုစနေကပြောဆိုပါတယ်။မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ ဓာတုဆေးတွေနဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေ ရောင်းချမှု မရှိစေဖို့ အစိုးရမှာ အဓိက တာဝန်ရှိပေမယ့်လည်း အစိုးရအနေနဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ပြည်သူတွေမှာ ရွေးချယ်ရာ ကင်းမဲ့နေပြီး ကိုယ့်ငွေနဲ့ အဆင်ပြေတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကိုပဲ ဝယ်စားရင်း မကျန်းမမာဖြစ်နေကြရပါတယ်။စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကတော့ ပြည်သူတွေအနေနဲ့ ပြင်ပစာတွေ ရှောင်ကျဉ်ပြီး နေထိုင် စားသောက်ပုံ ပြောင်းသင့်တယ်လို့ ဆိုပါတယ်။မသန့်ရှင်းပေမယ့်လည်း တစ်နေ့တာ ဝမ်းရေးအတွက် အလုပ်အကိုင်တွေကြား ပြေးလွှားရင်း ဈေးပေါပေါ အစားအသောက်တွေ ဝယ်စားနေရတဲ့ ပြည်သူတွေရဲ့ ဘဝကတော့ အခုအချိန်အထိ ကယ်ကူသူ မဲ့နေပါတယ်။ www.khitthitnews.com

Posted by Khit Thit Media on Sunday, 1 December 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com