All News Local News Peace

မင်းပြားတွင် လူ ၃ ဦး သေဆုံးမှု AA နှင့် တပ်မတော် ထုတ်ပြန်ချက် ကွဲလွဲနေ

မင်းပြားတွင် လူ ၃ ဦး သေဆုံးမှု AA နှင့် တပ်မတော် ထုတ်ပြန်ချက် ကွဲလွဲနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာတွင် လူ ၃ ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA တို့၏ ထုတ်ပြန်ချက်မှာ ကွဲလွဲလျက်ရှိနေသည်။

တပ်မတော်က ဒီဇင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း၏ နေအိမ်မှ တပ်မတော်ကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်စဉ် ယင်းနေအိမ်ထဲတွင် ဦးဉာဏ်သိန်းနှင့် ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင်တို့ ၂ ဦးကို သေဆုံးလျက်တွေ့ရှိရပြီး သေဆုံးသူ ၂ ဦးစလုံးသည် မသင်္ကာစရာလူများဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဝန်းကျင်တစ်ဝိုက်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် စိတ္တရကျေးရွာအနီးသို့ အရောက် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်မှ AA တပ်ဖွဲ့တချို့က လက်နက်ငယ်ဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင်များသည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိတစ်ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းအား စတင်ပစ်ခတ်ခဲ့သည့် နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ဖုံသာကျေးရွာမှ ဦးဉာဏ်သိန်းနှင့် ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင်တို့ နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးလျက် တွေ့ရှိရကြောင်း ဖော်ပြထားသည်။

မဖြူဖြူဝင်းသေဆုံးမှုကို တပ်မတော်၏ ထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။

AA၏ ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ မြန်မာ့တပ်မတော် ခမရ ၃၈၀ ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း၊ ဒေါ်ဖြူဖြူဝင်း ၊ ဦးကျော်အေးမောင်(ခ) မောင်မဲချေ သေဆုံးခဲ့ကြောင်း၊ ဦးကျော်အေးမောင်(ခ) မောင်မဲချေသည် လည်ပင်းတွင် လှီးထားသော ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com