All News Local News Peace

နိုင်ငံတကာက အပြစ်ကျူးလွန်သူများကို အရေးယူရေး အားပေးသော်လည်း မြန်မာပြည်သူများကို နစ်နာအောင် မလုပ်ရန် ကာဒီနယ် ချားလ်မောင်ဘို ပန်ကြား

နိုင်ငံတကာက အပြစ်ကျူးလွန်သူများကို အရေးယူရေး အားပေးသော်လည်း မြန်မာပြည်သူများကို နစ်နာအောင် မလုပ်ရန် ကာဒီနယ် ချားလ်မောင်ဘို ပန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၄

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အမှုရင်ဆိုင်နေရသော မြန်မာနိုင်ငံမှ မြန်မာပြည်သူများကို နစ်နာစေရန် မလုပ်ဆောင်ကြရန်နှင့် ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူရန် အားပေးကြောင်း ဗာတီကန် နန်းတော်က ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ်ကာဒီနယ် ချားလ်စ်မောင်ဘိုက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပန်ကြားချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

အပြည်ပြည်ဆိုင်ရာသို့ ထုတ်ပြန်သော အဆိုပါ ပန်ကြားချက်တွင် ICJ အရေးကိစ္စနှင့်ပတ်သက်ပြီး ကာဒီနယ်က ချားလ်မောင်ဘိုက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ အရေးယူမှုများ ကျရောက်လာနိုင်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများကို အပြစ်ပေး အရေးယူခြင်းမပြုလုပ်ရန် တိုက်တွန်းကြောင်း၊ ဥပဒေမဲ့ လူ့အခွင့်ချိုးဖောက်သူများကို အရေးယူရန် အားပေးကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် OIC အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂတရားရုံး ICJ တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ က လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင် တရားရင်ဆိုင်ရမည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts