All News Local News

ဒေါ်အောင်ဆန်းစုကြည်လာရောက်သည့်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက “ဖောက်ပြန်သူတွေတီးတဲ့စောင်းကို ခွပ်ဒေါင်းမကကြောင်း” စာတမ်းချိတ်

ဒေါ်အောင်ဆန်းစုကြည်လာရောက်သည့်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက “ဖောက်ပြန်သူတွေတီးတဲ့စောင်းကို ခွပ်ဒေါင်းမကကြောင်း” စာတမ်းချိတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုအခမ်းအနားပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်စဉ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက “ဖောက်ပြန်သူအပေါင်းတီးတဲ့စောင်းမှာ ဒွပ်ဒေါင်းဘယ်ခါမကပါ” ဆိုသော စာတမ်းကိုသမဂ္ဂရုံးရှေ့တွင် ချိတ်ဆွဲခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုကောင်းဆက်ကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့က ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမတွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အကြိုအခမ်းအနားပွဲပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက် အမှာစကားပြောကြားခဲ့သည်။

“စာတမ်းချိတ်ဆွဲတာက ကျွန်တော်တို့ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကပါ။ ဘယ်ကြောင့်ချိတ်တာလည်း ဆိုတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီနေ့မှာဒီတိုင်းချိတ်လိုက်တာပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တခြားထွေထွေထူးထူးဖြေစရာတော့မရှိဘူးဗျ။ ကျွန်တော်တို့ သမဂ္ဂကအဲဒါနဲ့ပတ်သက်ပြီးတော့ သဘောထားပေးဖို့အစီအစဉ်မရှိသေးဘူး”ဟု ကိုကောင်းဆက် ကပြောဆိုသည်။

ထိုစာတမ်းချိတ်ဆွဲခြင်းသည် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်းနှင့် ပတ်သက်မှု ရှိ၊ မရှိ ရန်ကုန်ခေတ်သစ်မီဒီယာက ထပ်မံ မေးမြန်းရာ “အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ထွေထွေထူးထူးမပြောလိုဘူး။ ဒီတိုင်း မနက်ကချိတ်ထားတာပဲ ဒီလောက်ပါပဲ”ဟု ကိုကောင်းဆက် က ပြောဆိုသည်။

ရန်ကုန်တက္ကသိုလ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂ဝရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသအဖွဲ့ချုပ်)က ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်တွင် ကျင်းပနေသည့် နှစ်တစ်ရာပြည့်ပွဲသည် အစိုးရတစ်ခုက ဦးဆောင်၍ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မည့် ပျော်ပွဲ ရွှင်ပွဲတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက အစိုးရ လက်ဝေခံအဖြစ် ပါဝင်လိုခြင်း မရှိကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com