All News Local News Peace

တရုတ်-မြန်မာ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ၏မြေယာများ ဆုံးရှုံးပြီး ဘဝရပ်တည်ချက်ပျောက်ဆုံး

တရုတ်-မြန်မာ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ၏မြေယာများ ဆုံးရှုံးပြီး ဘဝရပ်တည်ချက်ပျောက်ဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများနှင့် မြန်မာအစိုးရ စီမံကိန်းလုပ်ငန်းများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် (IDPS) များ၏ မူလလုပ်ကိုင်စားသောက်ခဲ့သော မွေးရပ်မြေများဆုံးရှုံးဆုံးရှုံးကာ ဘဝရပ်တည်ချက်များပျောက်ဆုံးလျက်ရှိကြောင်း ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ(IDPS)မြေယာကော်မတီမှ ကိုနောင်လတ်ကပြောသည်။

နိုင်ငံတော်ကချမှတ်လိုက်သည့် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမူဆိုင်ရာစီမံကိန်းများဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန် များဆောက်လုပ်ပြင်ဆင်ခြင်းနှင့်လျာထားခြင်း၊ လမ်းမကြီးများဖောက်လုပ်ခြင်း၊ နယ်စပ်စီးပွား ရေးဇုန်များ တည်ဆောက်ရန်ပြင်ဆင်ခြင်း၊ ရေကာတာတည်ဆောက်ရန်ပြင်ဆင်နေခြင်း၊ တရုတ်- မြန်မာ မီးရထားလမ်း တည်ဆောက်ရန်ပြင်ဆင်ခြင်း စသည့် စီမံကိန်းများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ မွေးရပ်ဆုံးရှုံးနေရကြောင်း ယင်းကော်မတီက ကြေညာချက်ထုတ်ပြန် ပြောဆိုသည်။

’’ရှမ်းပြည်မြောက်ပိုင်း လာရိူးမြို့နယ်၊ နမ့်မတူမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်ရယ် နန်းခမ်းမြို့ နယ်ရှိတယ်။ စစ်ရှောင်ပြည်သူတွေရဲ့ သဘောတူညီချက်မပါဘူး။ ရင်းနှီးမြုပ်နှံမှုလုပ်တာကတော့ ရထားလမ်းစီမံကိန်း ရေကာတာတို့က နိုင်ငံတော်ရဲ့ စီမံကိန်းဖြစ်နေတယ်ထင်တယ်။ အခုကတော့ IDPSတွေကတော့ ဒေသငြိမ်းချမ်းသွားမယ်ဆိုရင် မိမိရပ်ရွာမြေကိုပြန်ချင်တယ်ပေါ့နော်။ သူတို့ဘဝရပ်တည်ရေးအတွက် ခိုင်ခိုင်မာမာမရှိဘူး။ သူတို့က အခုပတ်ဝန်းကျင်မှာရှိတဲ့ ဒေသအတွင်းမှာအလုပ်နေရတယ်။ ကျပန်းလုပ်နေရတယ်”ဟု ကိုနောင်လတ်ကဆိုသည်။

ထိုသို့ တရုတ်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများနှင့် မြန်မာအစိုးရ စီမံကိန်းလုပ်ငန်းများကြောင့် ဆုံးရှုံးသွားသော မွေရပ်မြေများအတွက် လျှော်ကြေး၊ နစ်နာကြေးများ ပေးခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“အခုချိန်ထိ ဘာလျှော်ကြေး၊ နစ်နာကြေးမှပေးတာမရှိသေးဘူး။ ဘာဆက်လုပ်မလဲ ဆိုတော့ အခုလိုမျိုးပဲ ကျွန်တော်တို့ သဘောထားတွေထုတ်ပြန်မယ်။ တာဝန်ရှိသူတွေနဲ့ သေချာဆွေးနွေးမယ်။ ကိုယ်ဖြစ်ချင်တာ ကိုယ်ရဲ့မြေတွေမဆုံးရူံးအောင် သူတို့ပြန်ပြောမယ်။ ကျွန်တော်တို့နိုင်ငံတော်အစိုးရကိုပြောမယ်။ နယ်မြေဒေသအကြီးအကဲတွေ နယ်မြေဒေသမှာရှိတဲ့ အဖွဲ့စည်းတွေ တာဝန်ရှိတဲ့သူအကုန်လုံးကိုပြောမယ်။ အခုလောလောဆယ်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့စည်းတွေ တင်ပြသွားဖို့ရှိတယ်’’ဟု ဦးနောင်လတ် ကဆိုသည်။

ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPS)၏ မြေယာများတွင် မည်သည့် စီမံကိန်းများကိုမဆိုအကောင်အထည် ဖော်ရန်ပြင်ဆင်မူများနှင့် အကောင် အထည်ဖော်နေမှုများအားရပ်ဆိုင်းရန်၊ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ(IDPS)၏ မြေယာများ အတင်းအဓမ္မသစ်တောကြိုဝိုင်း တည်ဆောက်ခြင်း မြေလွတ်မြေလပ်နှင့်မြေရိုင်းများအဖြစ် အသုံးပြုလုပ်ပိုင်ခွင့် သတ်မှတ်ပေးခြင်း မပြုလုပ်ရန် စသည့်အချက်များပါဝင်သည့် ကြေညာချက်ကို ဒီဇင်ဘာလ ၄ရက်နေ့တွင် ပြည်တွင်းနေရပ်စွန့်ခွာတိမ်ရှောင်သူများ(IDPS)မြေယာကော်မတီက ထုတ်ပြန်ထားသည်။

IDPS များ၏မူရင်းဒေသရှိသဘာဝအရင်းအမြစ်များထုတ်ယူသုံးစွဲခြင်းဖြစ်သည့် (သစ်တောထုတ်လုပ်ခြင်း သစ်တောထွက် ပစ္စည်းများထုတ်ယူခြင်းနှင့် သတ္တုတူဖော်ခြင်း)စသည့်လုပ်ငန်း များကို ရပ်ဆိုင်းထားရန်၊ အမျိုးသာမြေဆုံးရူံးမူ မူဝါဒ အပိုင်း (၈)ပါ တိုင်းရင်းသားလူမျိုးများ၏မြေအသုံးချမူ အခွင်းအလမ်းများအရပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ(IDPS)၏ဘိုးစဉ်ဘောင်ဆက်ရိုးဓလေ့ထုံးတမ်းများကိုအ ခြေခံပြီး အသုံးပြုလျှက်ရှိနေသော ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမူစနစ်အား အသိအမှတ်ပြုကာအပြည့်အဝအကာကွယ်ပေးရန် စသည့်အချက်များလည်း ကြေညာချက်တွင် ပါဝင်သည်။

Photo – Steve Sandford/IRIN

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts