All News Local News Peace

တပ်မတော်၏လုပ်ရပ်များ ဒေါ်အောင်ဆန်းစုကြည်ဖြေရှင်းနေရ၊ အသိတရားရသင့်ပြီဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ပြောဆို

တပ်မတော်၏လုပ်ရပ်များ ဒေါ်အောင်ဆန်းစုကြည်ဖြေရှင်းနေရ၊ အသိတရားရသင့်ပြီဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တပ်မတော်က ပုဒ်မအမျိုးမျိုး တပ်၍ တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၄ ဦးကို ယမန်နေ့ ဒီဇင်ဘာလ၁၁ရက်နေ့ တွင် မရမ်းကုန်းမြို့နယ်တရားရုံးက ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လချမှတ်ခဲ့ပြီး ရုံးချိန်းအပြီးတွင် တပ်မတော် လုပ်ရပ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်ဖြေရှင်းနေရသဖြင့် တပ်မတော်အသိတရားရသင့် ပြီဟု ထောင်ဒဏ်ချမှတ်ခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူကပြောသည်။

ထိုသို့ ထောင်ဒဏ်ချမှတ်ခဲ့သူများမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၄) ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း ၊မဆုရတနာမြင့်တို့ကို ၆၆(ဃ)ဖြင့် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အခုလုပ်တဲ့ဟာက မြန်မာပြည်ရဲ့ရိုးရာယဉ်ကျေးမူဖြစ်တဲ့ သံချပ်ထိုးတဲ့ဟာ စစ်တပ်က လူအခွင်းအရေးချိုးဖောက်ပြီး တရားစွဲထားတယ်။ အဲဒါမဖြစ်သင့်တော့ဘူး။ စစ်တပ်ရဲ့လုပ်ရပ်တွေ အမေစုကိုယ်တိုင်သွားရောက်ဖြေရှင်းနေရတယ်။ စစ်တပ်က အသိတရားရသင့်ပြီ အသိတရားရသင့်ပြီလို့ ကျွန်တော်အနေနဲ့မြင်တယ်” ဟု ကိုပိုင်ရဲသူကပြောသည်။

၆၆(ဃ)ဖြင့် အမှုစွဲဆိုထားမှုနှင့်ပတ်သက်ပြီး ၎င်းတို့၏ဖုန်းများကို သိမ်းဆည်းထားခြင်း မရှိကြောင်း၊ သံချပ်ဖျော်ဖြေမှု လူမူကွန်ရက်ပေါ်တင်သည်ဟုဆိုကာ တရားစွဲခြင်းဖြစ်ကြောင်း၊ ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်များ ထပ်ထပ်ခါခါ ချ၍မရဟု သတ်မှတ်ချက်ရှိသော်လည်း ပြစ်ဒဏ်များ ထပ်ထပ်ခါချနေကြောင်း၊ ယခု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ ချမှတ်ခံရသော ပြစ်ဒဏ် ၂နှစ်နှင့်၆လဖြစ်သွားပြီးဖြစ်၍ တရားရုံးများကို သပိတ်မှောက်သွားမည်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ကို တပ်မတော်က တရားလိုလုပ်ပြီးစွဲထားတဲ့အမှုက၈မှုရှိတယ်။ ၃မှု အမိန့်ချပြီးပြီ။ အဲဒါက ၂နှစ် ၆လချပြီးပြီ။ နောက်ထပ် ၅ မှုကျန်သေးတယ်။ အဲဒီ၅မှုအားလုံး တပ်မတော်တရားလိုလုပ်ပြီး စွဲတာ၅မှုအားလုံးကို ကျွန်တော်တို့ သပိတ်မှောက်ပါမယ်။ ကျန်ရှိနေတဲ့ အမှုတွေကို တရားရုံးနဲ့ ပူပေါင်းမှာမဟုတ်တော့ဘူး။ တရားစီရင်ရေးကို သပိတ်မှောက်မှာဖြစ်ပါတယ်” ဟု ကိုပိုင်ရဲသူကပြောဆိုသည်။

မရမ်းကုန်းမြို့နယ်တရားရုံးတွေင် တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမူ ပုဒ်မ ၅၀၅(က) ဖြင့် ကိုဇေယျာ လွင် ၊ကိုဇော်လင်းထွဋ်(ခ)ဖိုးသားနှင့်မကေခိုင်ထွန်းကို (၅)ဦးကို အောက်တိုဘာလ ၃၀ရက်နေ့အလုပ်နှင့်ထော င်ဒဏ် (၁)နှစ်ကျခံစေရန် အမိန့်ချခဲ့ပြီး ဗိုလ်တတောင်မြို့နယ်တရားရုံးကလည်း နိုင်ဝင်ဘာလ (၁၈)ရက်နေ့ ပုဒ်မ ၅၀၅ (က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်ချမှတ်ခဲ့ကြောင်း၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဧရာဝတီတိုင်းဒေသကြီး တွင် ဒေးဒရဲ၊ဖျာပုံ၊မအူပင်တို့ ပုဒ်မ ၅၀၅(က) တို့ဖြင့်အမူဖွင့်ထားပြီး ပုသိမ်မြို့နယ်တွင် ပုဒ်မ ၆၆(ဃ)တို့ဖွင့်အမူ ဖွင့်ထားကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts