interview Peace political news

စစ်အစိုးရဗိုလ်ချုပ်ဟောင်းတွေရဲ့ တိုင်းပြည်ဘဏ္ဍာ ခိုးဖွက်ကြွယ်ဝချမ်းသာမှုတွေကို တရားစွဲအရေးယူလို့ရနိုင်မလား

စစ်အစိုးရဗိုလ်ချုပ်ဟောင်းတွေရဲ့ တိုင်းပြည်ဘဏ္ဍာ ခိုးဖွက်ကြွယ်ဝချမ်းသာမှုတွေကို တရားစွဲအရေးယူလို့ရနိုင်မလား

By ရန်ကုန်ခေတ်သစ်

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် သိန်းထောင်သောင်းချီတန်သည့် ပြိုင်ကားများစွာဖြင့် ခမ်းနားသော နေအိမ်ထဲတွင် ဓာတ်ပုံရိုက်ထားသော ဗိုလ်မှူးချုပ်ဟောင်းတစ်ဦး၏ သားဖြစ်သူ ဓာတ်ပုံက ပြည်သူများအကြားတွင် ဝေဖန်မှုများစွာမြင့်တက်လျက်ရှိသည်။ အထူးဆောက်လုပ်ရေးအင်ဂျင်နီယာအဖွဲ့မှ အငြိမ်းစား ဗိုလ်မှူးချုပ်သားက သိန်းထောင်သောင်းချီတန်ပြိုင်ကားပေါင်းများစွာ ဝယ်စီးနိုင်သည်ဆိုလျှင် ရာထူးကြီးမြင့်သော စစ်အစိုးရခေါင်းဆောင်များ၏ ကြွယ်ဝချမ်းသာမှုက အငြိမ်းစား အင်ဂျင်နီယာဗိုလ်မှူးချုပ်ထက် ပို၍ များပြားမည်မှာ သေချာလှသည်။

စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ ကျော် တိုင်းပြည်ဘဏ္ဍာကို ခိုးဆိုးလုယူ ခဲ့ကြသော စစ်ဗိုလ်ချုပ်ဟောင်းကြီးများကို လက်ရှိ အစိုးရလက်ထက်တွင် နောက်ကြောင်း ပြန် အရေးယူရေးဆိုသော တောင်းဆိုသံများက လည်း တစ်နေ့ တစ်ခြားကျယ်လောင်လာသည်။

သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ ပုဒ်မ ၄၄၅ တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် စစ်အစိုးရ ( နဝတနှင့်နအဖ) ၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ စစ်အစိုးရ (နဝတနှင့် နအဖ)၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့်ရပိုင်ခွင့်များကိုလည်း ဆက်ခံသည်။ ယင်းအဖွဲ့ (သိုမဟုတ်) အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ ဟု ပြဋ္ဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေတချို့ကမူ ပုဒ်မ ၄၄၅ သည် စစ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်ကို တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ ဟုသာ ပြဋ္ဌာန်းထားပြီး လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုများကို အရေးမယူ၊ တရားမစွဲဆိုရ ဟု ပြဋ္ဌာန်းထားခြင်းမဟုတ်ဟု ဆိုသည်။

ရန်ကုန်ခေတ်သစ်က ဗိုလ်မှူးချုပ်ဟောင်း သား၏ ပြိုင်ကားများ ဓာတ်ပုံများကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနေသော စစ်ဗိုလ်ချုပ်ဟောင်းကြီးများ၏ ကြွယ်ဝချမ်းသာမှုများကို အရေးယူပေးရေး တောင်းဆိုမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါ်နော်ခရစ္စထွန်း (ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

မေး။ ။ တပ်မတာ်အင်ဂျင်နီယာတပ်ဖွဲ့က အငြိမ်စားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းသားက သိန်းထောင်သောင်းချီတန်တဲ့ ပြိုင်ကား ၁ဝစီးကျော်လောက်နဲ့ ဓာတ်ပုံရိုက်ပြီးတော့တင်ထားတယ်။ ဒါပြည်သူ့ ငွေတွေကို အလွဲသုံးစားလုပ်တာဆိုပြီး ဝေဖန်တာတွေရှိတယ်။ တကယ်ပဲ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုရင် ဘယ်လို အရေးယူလို့ရလဲ။

ဖြေ။ ။ အမှန်ကတော့ သူ့ကိုယ်ပိုင်ငွေနဲ့ ဝယ်လား။ ဘယ်ငွေနဲ့ ဝယ်လည်းတော့ မသိဘူးလေ။ သူ့ရဲ့ပိုင်ဆိုင်မှုကို သူထုတ်ကြွားတဲ့ သဘောမျိုးပြောတာလား။ အဓိကကတော့ အခွန်ပေါ့နော်။ အခွန်အကောက် ဥပဒေအရ ဒီဟာက တရားဝင်သွင်းခဲ့တာဆိုရင် သူ့ရဲ့ ဝင်ငွေခွန်တွေက သူဘယ်လိုပြနိုင်လဲဆိုတာ ရှိရမှာပေါ့။ ဒီဟာတွေကကော သတ်မှတ်ထားတဲ့အခွန်ကို မှန်မှန်ကန်ကန်ဆောင်ပြီးတော့မှ တင်သွင်းခဲ့တာလား။ သူ့ဝင်ငွေခွန်ကကော ဘယ်လောက်ဆောင်ခဲ့လည်းပေါ့။ ဒီဝင်ငွေခွန်ပေါ်မှာမရှိဘဲနဲ့ ဝယ်ယူတယ်ဆိုတာ သူပိုင်ဆိုင်မှု သဘောကပေါ့နော်။ အခွန်မဆောင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်မဖြစ်ဆိုတာကတော့ ချက်ချင်းမှန်းလို့ရတာပေါ့နော်။

ဥပမာ အခွန်ရှောင်ခဲ့တာပေါ့နော်။ ဒီငွေတွေက ဘယ်ကရလဲ။ ဒီပိုင်ဆိုင်မှုတွေက ဘယ်ကရလဲ။ ကိုယ့်ရဲ့ဝင်ငွေပေါ်မှာ အကောက်ခွန်တင်ရမှာလေ ဝင်ငွေခွန် ဥပဒေအရတင်ရမှာလေ။ ဒီကားတွေ ဝယ်ယူတဲ့နေရာမှာကော မှန်မှန်ကန်ကန်ဝယ်ယူခဲ့လား။ သတ်မှတ်ထားတဲ့အခွန်တွေကော မှန်မှန်ကန်ကန်ဆောင်ခဲ့လား။ အဓိကကတော့အခွန်ကိစ္စနဲ့ ပိုင်ဆိုင်မှုအပေါ်မှာပြောရမှာပေါ့။

မေး။ ။ ဗိုလ်မှူးချုပ်ဟောင်းဖြစ်နေတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ နောက်ပြန်အရေးယူလို့မရဘူးဆိုတာရှိတော့ အရေးယူမယ်ဆိုရင်ကော ဘယ်ဥပဒေတွေနဲ့ အရေးယူလို့ရလဲ။

ဖြေ။ ။ ဒါကနိုင်ငံသားတစ်ယောက်လေ သူဗိုလ်မှူးချုပ်ဟောင်းပဲဖြစ်ဖြစ် သူကဝန်ထမ်းပဲလေ ဝန်ထမ်းတစ်ယောက်ရဲ့ ဝင်ငွေပိုင်ဆိုင်မှုက ရှိပြီးသားပဲလေ သူ့ရဲ့ စစ်ဝန်ထမ်းပေါ့။ တပ်မတော်သား ဝန်ထမ်းပေါ့။ ဒါကလည်း သူ့ရဲ့ ဝင်ငွေတွေကရှိပြီးသားပဲလေ။ ဒါတွေကကော သူဆောင်ခဲ့လား မဆောင်ခဲ့လား။ သူပိုင်ဆိုင်တာကကော ဒီကားတွေဝယ်နိုင်လို့လား။ အဂတိနဲ့တိုင်လိုက်ရင်တောင် ကိစ္စကပြတ်နေပြီ။ အဂတိနဲ့ တိုင်မယ်ဆိုရင်တိုင်လို့ရတယ်လေ။ သူကလက်ရှိတပ်မတော်ဝန်ထမ်းမှမဟုတ်တာ။ ပြောချင်တာက သူလည်းနိုင်ငံသားပဲလေ လက်ရှိဝန်ထမ်းမှမဟုတ်ဘဲ နိုင်ငံသားတိုင်းက အခွန်ဆောင်ရမှာရှိတာပဲလေ။ ပိုင်ဆိုင်မှုအပေါ်မှာ ဝင်ငွေခွန်ပေးရမှာပဲလေ။

ဒီဟာက ၂ဝဝ၈ဖွဲ့စည်းပုံမှာပါတဲ့ နောက်ပြန်အရေးယူလို့မရဘူးဆိုတာနဲ့ အခုချိန်မှာက တကယ်တော့ တိုက်ရိုက်မပတ်သက်ဘူး။ သို့ပေမယ့်လည်း သိတဲ့အတိုင်းပဲ အခုချိန်ထိ တပ်မတော်ကို အရေးယူလို့မှမရတာ အဂတိကော်မရှင်ကိုယ်တိုင်ကပြောနေတာပဲလေ တပ်မတော်တော့ အရေးယူလို့မရဘူးဆိုတာပါနေတယ်လေ။ အဲတော့ ကော်မရှင်ကြီးသာဖွဲ့ထားတယ်။ တပ်မတော်ကို အရေးယူလို့မရဘူးပေါ့နော်။ နိုင်ငံတကာမှာက အဂတိကော်မရှင်ကျတော့ တပ်ကောဘာကော ခွဲခြားစရာမလိုဘူးလေ။

နိုင်ငံသားဆိုပြီးနေပြီပဲလေ အားလုံးအကျူံးဝင်တာပဲလေ အခုက နိုင်ငံရေးအခြေအနေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရကြောင့်မို့ ဒါခွဲခြားနေတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်သူ့အစိုးရအနေနဲ့ ဘာမှပြောလို့မှမရတာ ဆိုတော့ အစိုးရအနေနဲ့ ကော်မရှင်ကြီးဖွဲ့ထားတာလည်း တပ်မတော်အပေါ် ဘာမှအကျိုးမသက်ရောက်သလိုဖြစ်နေတာပေါ့။

အဓိကကတော့ ဖွဲ့စည်းပုံပြင်ပြီး အရေးယူလို့ရတာပေါ့။ သို့ပေမယ့် အခုချိန်မှာ သူကနိုင်ငံသားတစ်ယောက်ပဲလေ နိုင်ငံသားတိုင်းက တရားဝင် ဝင်ငွေခွန်တွေဆောင်ရမှာပဲလေ ဒီလိုမျိုးမဆောင်ဘဲနဲ့ ကင်းလွတ်သူကတော့ အများကြီးပဲလေ။ အထူးသဖြင့်တော့ စစ်တပ်ကသူအားလုံးက ဒီတိုင်းပဲသွားနေတာပဲလေ ဒါကတောင် ဒီကားလေးတွေပဲတွေ့တာ ဒီထက်မက အများကြီးဖြစ်နိုင်တာပဲလေ။

မေး။ ။ အဂတိက မလုပ်နိုင်ဘူးဆိုတော့ ဘယ်လိုပုံစံမျိုးအရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်ဖို့ရလဲ ။

ဖြေ။ ။ အဂတိကတော့တိုင်ကြားရင်တော့ ချက်ချင်း အရေးမယူနိုင်ရင်တောင်မှ တစ်ဆင့်ချင်းတော့သွားလို့ရတယ်လေ။ လက်ရှိအစိုးရကလုပ်နိုင်တဲ့ အတိုင်းအတာကနေသွားနေရတာကို တစ်နိုင်ငံလုံးက အဂတိမကင်းတာတွေက အရမ်းများတယ်လေ။ လုပ်နိုင်တဲ့အတိုင်းအတာ ဝန်ထမ်းဟောင်းကောလက်ရှိဝန်ထမ်းကော အဂတိဖောက်ဖျက်နေတာက အရမ်းများတယ်လေ။ စစ်တပ်ကလည်း ဝန်ထမ်းပဲလေ။ တကယ်တမ်းက ဝန်ထမ်းလို့ သတ်မှတ်လိုက်ရင် အရေးယူလို့ရနေတာပဲ ဝန်ထမ်းဟောင်းကော လက်ရှိဝန်ထမ်းကော နိုင်ငံသားပဲလေ။

မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။

ဖြေ။ ။ အခုချိန်မှာကတော့ အရေးယူဆောင်ရွက်နိုင်တဲ့အတိုင်းအတာ အထူးသဖြင့် စစ်တပ်နဲ့ ပတ်သက်တဲ့ အဂတိပြဿနာတွေက အရေးယူဆောင်ရွက်ဖို့ ခက်နေတယ်လေ။ ဒီလိုကိစ္စမျိုးတွေက ဘယ်လောက်ရှိနေပြီလဲ ဆိုတာတောင် ခန့်မှန်းလို့မရနိုင်အောင်ဘဲလေ ဒါက သူက Facebook ပေါ်မှာတင်လို့သာ အများပြည်သူကသိတာလေ။

အများမသိနိုင်တဲ့ဟာတွေကလည်း အများကြီးရှိတာပဲလေ။ ဒါတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဓိကကတော့ အစိုးရတက်တုန်းက ကြွေးကြော်သလိုပေါ့။ သန့်ရှင်းတဲ့အစိုးရဖြစ်တော့မှပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မှာပဲလေ။ ဒီအကျင့်ပျက်ခြစားမှုတွေရှိနေသေးသမျှကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ မလွယ်ပါဘူး။ ဒါတွေကလည်း ချက်ချင်းလက်ငင်းရှင်းထုတ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်ဘူး။ တည်ဆဲဥပဒေအရပေါ့။ အရေးယူနိုင်တဲ့ဥပဒေအရဆိုရင်တော့ အခွန်ဆိုင်ရာဥပဒေတွေနဲ့ပဲ အရေးယူလို့ရမှာပေါ့။

ဦးရဲထွဋ် (စစ်ကိုင်းတိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

မေး။ ။ တပ်မတာ်အင်ဂျင်နီယာတပ်ဖွဲ့က အငြိမ်စားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းသားက သိန်းထောင်သောင်းချီတန်တဲ့ ပြိုင်ကား ၁ဝစီးကျော်လောက်နဲ့ ဓာတ်ပုံရိုက်ပြီးတော့တင်ထားတယ်။ ဒါပြည်သူ့ ငွေတွေကို အလွဲသုံးစားလုပ်တာဆိုပြီး ဝေဖန်တာတွေရှိတယ်။ တကယ်ပဲ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုရင် ဘယ်လို အရေးယူလို့ရလဲ။

ဖြေ။ ။ ဖွဲ့စည်းပုံထဲမှာကိုက တချို့ကိစ္စတွေ နောက်ကြောင်းပြန်အရေးယူလို့မရအောင် တားဆီးထားတာတွေရှိတယ်လေ။ အခုဟာက အဂတိကော်မရှင်ရှိတယ်လေ။ အဲဒီကာ်မရှင်ကိုတိုင်ရင်တော့ ကော်မရှင်က စုံစမ်းစစ်ဆေးပြီးတော့ အရေးယူမှာပေါ့။ သို့သော် ဒီနေ့အချိန်မှာ တပ်မတော်ပတ်သက်ပြီး သိရသလောက်ကတော့ အဂတိကော်မရှင်ကလည်း ဘာမှသိပ်လုပ်တာမတွေ့ဘူး။ အဂတိတိုက်ဖျက်ရေး အစီရင်ခံစာ လွှတ်တော်ထဲကိုတင်တဲ့အခါမှာ တပ်မတော်နဲ့ပတ်သက်တာမတွေ့ရသေးဘူး။

တပ်မတော်ပေါ်မှာ အရေးယူလို့ရမရဆိုတာ တပ်မတော်ဆိုတာ တပ်မတော်ရဲ့ အရာရှိတွေပေါ့လေ။ အရေးယူလို့ရမရ မသိဘူးဗျ။ တကယ်ခိုင်ခိုင်လုံလုံ တင်ရင်တော့ အဂတိတိုက်ဖျက်ရေးကော်မရှင်ကလည်း အရေးယူလို့ ရမယ်လို့တော့ထင်တယ်။ အရေးယူလို့ဆိုတာ ဒီကော်မရှင်တွေက သူတို့ကညွန်ပြတာပဲရှိတယ်။ သူတို့က စီရင်ဆုံးဖြတ်ပိုင်ခွင့်တော့မရှိဘူး။

လူ့အခွင့်အရေးကော်မရှင်တို့ အဂတိတိုက်ဖျက်ရေးကော်မရှင်တို့က အဲလိုတွေ့ရတယ်။ နောက်တစ်ခုက အဲဒီပုံလေးကိုလည်း တွေ့လိုက်တယ်။ အဲဒါ ဗိုလ်မှူးချုပ်—–ဆိုတာမသိပါဘူး။ သူ့ကို ကျွန်တော်တို့ သိပ်မသိဘူးဗျ။ မကြားဖူးဘူး။ သူပိုင်တာဟုတ်မဟုတ်လည်း မသေချာဘူးလေ ပုံတော့တွေ့တာပေါ့။ ကားတွေရိုက်ပြတဲ့ပုံတွေ့တယ်။ ——–တစ်ယောက်နဲ့ သူ့သားနဲ့ လက်ထပ်ထားတယ်ဆိုတာတော့တွေ့တယ်။ တိတိကျကျမသိဘဲနဲ့ သိပ်ပြောလို့တော့မရဘူးပေါ့ဗျာ။

မေး။ ။ ဘယ်ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်လို့ရလဲ။

ဖြေ။ ။ အရေးယူလို့ရတဲ့ အခြေအနေတော့ တစ်ခုမှမတွေ့သေးဘူး။ ရှိတာတော့ ရှိမှာပေါ့ဗျာ။ ဒါအရင်ခေတ်တွေကလည်း ဒီလူတွေချမ်းသာနေကျတာ နဝတ၊ နအဖ ဆိုတာကတပ်မတော် အစိုးရပဲလေ။ အဲဒီခေတ်ကိုဖြတ်သန်းပြီးတော့ အဲဒီပုဂ္ဂိုလ်ကြီးကြီးမားမားတွေက ဒီဗိုလ်မှူးချုပ်—-ဆိုတာကတော့ အသေးအမွှားလောက်ဖြစ်ပါလိမ့်မယ်။ ဒီထက်ချမ်းသာနေတာတွေအများကြီးရှိတာပဲ။

လက်ရှိအချိန်ထိတောင်မှ တော်တော်ကိုချမ်းသာပြီး ပိုင်ဆိုင်မှုတွေအများကြီးရှိတာပဲ သူတို့သားသမီးတွေ အမည်တွေနဲ့ ကုမ္ပဏီပေါင်းများစွာပိုင်ဆိုင်နေတာပဲ အဲတာတွေကိုဘာမှအရေးမယူနိုင်ဘူးလေ။ သဘောက ဒါကလည်း NLD အစိုးရကိုယ်တိုင်ကလည်း အမျိုးသားရင်ကြားစေ့ရေးမူနဲ့ ဒါတွေသိပ်မပြောဘူးလေ။ အခုမှပေါ်လာတာပေါ့ဗျာ။ ဒါကတော့ဘယ်သူဆီကနေ ဘယ်လိုဖော်ထုတ်လည်းတော့ မသိဘူးပေါ့။ အရေးယူလို့ရသည်ဖြစ်စေ။ မရသည်ဖြစ်စေ။ တိတိကျကျခိုင်ခိုင်လုံလုံနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို သိတဲ့လူတွေကတိုင်ရင်တော့ တစ်မျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။

ဥပမာ ကျွန်တော်က မပြောနိုင်တာက ခုနပုံမျိုးတွေက တစ်ခြားမှာရိုက်လို့လည်းရတယ်လေ။ ကားတွေအများကြီးရပ်ထားတုန်းပေါ့ဗျာ။ အိမ်တစ်အိမ်မှာ အလှူလုပ်လို့လာတုန်း ရိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ မခိုင်လုံတာကိုပြောတာပါ။ သို့သော် အဂတိလိုက်စားမှုတွေကတော့ ရှိတာပဲ အရက်တုန်းက အဂတိမလိုက်စားဘဲနဲ့ ဒီလူတွေ ဒီလောက်မချမ်းသာနိုင်ဘူးလေ။ ဟိုတုန်းကရတဲ့လခနဲ့ ထောက်ပံ့ကြေးနဲ့ ကျွန်တော်တို့နိုင်ငံမှာ အာဏာရခဲ့တဲ့သူတွေပေါ့။ မချမ်းသာနိုင်ဘူး။

ဦးအောင်လှိုင်ဝင်း(မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

မေး။ ။ တပ်မတာ်အင်ဂျင်နီယာတပ်ဖွဲ့က အငြိမ်စားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းသားက သိန်းထောင်သောင်းချီတန်တဲ့ ပြိုင်ကား ၁ဝစီးကျော်လောက်နဲ့ ဓာတ်ပုံရိုက်ပြီးတော့တင်ထားတယ်။ ဒါပြည်သူ့ ငွေတွေကို အလွဲသုံးစားလုပ်တာဆိုပြီး ဝေဖန်တာတွေရှိတယ်။ တကယ်ပဲ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုရင် ဘယ်လို အရေးယူလို့ရလဲ။

ဖြေ။ ။ အဲဒါက တချို့တွေကပြောနေကြတယ်ပေါ့။ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ပြန်ပြီးတော့အရေးယူမရဘူးဆိုတဲ့ ကိစ္စမျိုးတွေပြောနေကျတယ်ပေါ့။ အဲတာဘာကို အခြေခံပြီးပြောလည်းဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မကိုအခြေခံပြီးပြောတယ်ပေါ့။ အသွင်ကူပြောင်းရေးကာလမှာပါတယ်။ အဲပုဒ်မတွေထဲမှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက အသွင်ကူးပြောင်းရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ခဲ့တဲ့လုပ်ငန်းတွေကိုပဲ အကာအကွယ်ပြုတာပေါ့။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျန်တဲ့လူသတ်တယ်တို့ တခြားရာဇဝတ်မှုတို့ အဂတိလိုက်စားမှုတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးရမယ်ဆိုတာ မပါပါဘူး။ အများပြည်သူကသိထားကျတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီပုဂ္ဂိုလ်တွေ အရင်တုန်းက အုပ်ချုပ်သွားတဲ့ ပုဂ္ဂိုလ်တွေကို နောက်ကြောင်းပြန် အရေးယူမရဘူးလို့ထင်နေတာ အမှန်တော့မဟုတ်ပါဘူး။

အဂတိလိုက်စားမှုကိစ္စတွေ လာဘ်ပေးလာဘ်ပေးယူ ကိစ္စတွေဟာ ကျွန်တော်တို့ အင်္ဂလိပ်လက်ထပ်မှာရှိခဲ့တဲ့ ရာဇသတ်ကြီးဥပဒေမှာတည်းက ပါလာပြီးသားပါ။ အဲဒီတည်းက အဲဒီဥပဒေတွေက တည်ဆဲဥပဒေတွေပါ။ အဂတိလိုက်စားမှုတွေကျူးလွန်တယ်။ အခွင့်အာဏာကို အသုံးချပြီးတော့ ငွေရေးကြေးရေးတွေ အခွင့်အရေးတွေယူတယ်ဆိုရင် အရေးယူနိုင်တယ်ဆိုတဲ့ဟာက အင်္ဂလိပ်ပြဌာန်းတဲ့ ရာဇသတ်ကြီးမှာတည်းက ပါလာပြီးသားပါ။ အဲဒီတော့ အရေးယူလို့ရပါတယ်။ တကယ်လို့သာ တိကျခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပေါ့။ ဘယ်လိုအကြောင်းအရာကြောင့် အများပြည်သူရဲ့ ပိုက်ဆံတွေဖြစ်တယ်။ သို့မဟုတ် အခွင့်အာဏာကိုအသုံးချပြီးယူသွားတာလို့ တိတိကျကျတိုင်တန်းမယ်။ အမှုစွဲနိုင်မယ်ဆိုရင် အရေးယူနိုင်တဲ့အခြေအနေမှာ ရှိတယ်လို့ မြင်တယ်။

မေး။ ။ တရားစွဲလို့ရတယ်ဆိုတော့ ဘယ်လို ဆောင်ရွက်လို့ရတာလဲ။

ဖြေ။ ။ သူကထင်မြင်ချက်နဲ့တော့မရဘူး။ ကျွန်တော်တို့နိုင်ငံက ငွေရေးကြေးရေး ကဏ္ဍတွေမှာ အားနည်းချက် ချို့ယွင်းချက်တွေရှိတယ်ပေါ့။ ငွေကြေး အလွှဲအပြောင်းတွေမှာ ဘဏ်ကနေတစ်ဆင့်မသွားဘူး။ ရိုးရိုး အပြင်မှာ ငွေသားပေးချေတာတွေများတဲ့အခါကျတော့ အဲဒါတွေကို သက်သေပြဖို့ကျတော့ ခဲယဉ်းတာပေါ့။

တစ်ခုရှိတာက ဘာလဲဆိုတော့ နိုင်ငံတကာမှာကော မြန်မာနိုင်ငံမှာကော ဥပဒေအကြောင်းအရာရ တရားစွဲမယ်ဆိုရင် တရားစွဲသူဘက်က သက်သေပြဖို့ တာဝန်ရှိတာပေါ့။ စွပ် စွဲခံရတဲ့သူဘက်ကတော့ ခိုင်လုံတဲ့ သက်သေအထောက်အထားကို တင်ပြနိုင်ရမှာပေါ့။ ဟိုဘက်လူကိုတော့ မဟုတ်ဘဲနဲ့ မနစ်နာစေချင်ဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts