All News Local News Peace

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်း၏ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးနှင့်ယာဉ်မောင်းကို AA က ဖမ်းဆီးထားဟုဆို

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်း၏ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးနှင့်ယာဉ်မောင်းကို AA က ဖမ်းဆီးထားဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မြန်မာ့တပ်မတော်က ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်နေသော Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ရခိုင် ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင် တို့ ၂ ဦးကို ရခိုင်တပ်မတော် AA က ဖမ်းဆီးထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်စဉ် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့အနီးသို့အရောက် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း၊ ပျောက်ဆုံးမှုအခြေအနေအား စစ်ဆေးစုံစမ်းရာ ဦးဇော်ထွန်းအောင်နှင့် ဦးစောသိန်းမောင် တို့ ၂ ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် စစ်တွေမြို့မှ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့များသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် မင်းပြားမြို့၌ ညအိပ်ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ကျောက်တော်မြို့သို့ ဆက်လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများ၏ ပြောကြားချက် အရ ၎င်းတို့ ၂ ဦးကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီး၌ AA က ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ၂ ဦးမှာ ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts