All News Local News Peace

ဂမ်ဘီယာကို ထောက်ခံကူညီမည်ဟု နယ်သာလန်နှင့်ကနေဒါ ကြေညာ၊ မြန်မာနိုင်ငံကို သပိတ်မှောက်သည့် ကမ္ဘာလုံးဆိုင်ရာ Boycott Myanmar လှုပ်ရှားမှု စတင်

မြန်မာကို တရားစွဲသည့် ဂမ်ဘီယာကို ထောက်ခံကူညီမည်ဟု နယ်သာလန်နှင့်ကနေဒါ ကြေညာ၊ မြန်မာနိုင်ငံကို သပိတ်မှောက်သည့် ကမ္ဘာလုံးဆိုင်ရာ Boycott Myanmar လှုပ်ရှားမှု စတင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို တရားစွဲသည့် ဂမ်ဘီယာနိုင်ငံကို ထောက်ခံကြောင်း ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့က ထုတ်ပြန်ကြေညာလိုက်ပြီး မြန်မာနိုင်ငံကို သပိတ်မှောက်သည့် Boycott Myanmar လှုပ်ရှားမှုကို ရိုဟင်ဂျာအရေးလှုပ်ရှားမှု အဖွဲ့များက နိုင်ငံပေါင်း ၁၀ တွင် စတင်ကြောင်း ယမန်နေ့က အသီးသီး ထုတ်ပြန်ကြေညာလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ် အရ သိရှိရသည်။

ရခိုင်ပြည်နယ်မှ မွတ်စလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုတွင် ဂမ်ဘီယာနိုင်ငံဘက်မှ ထောက်ခံကူညီမည်ဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံဘက်မှလည်း ထောက်ခံကူညီပေးကြရန် နယ်သာလန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့က ယမန်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အလားတူ နိုင်ငံပေါင်း ၁ဝ နိုင်ငံတွင် ရိုဟင်ဂျာအရေးလှုပ်ရှားမှုအဖွဲ့များက ဦးဆောင်၍ Boycott Myanmar Campaign လှုပ်ရှားမှုတစ်ရပ်ကို ယမန်နေ့က စတင်လိုက်ပြီး မြန်မာနိုင်ငံနှင့် ချိတ်ဆက် လုပ်ဆောင်နေကြသည့် စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ပညာရပ်နှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာက သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။

ယနေ့တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် အမှုကို စတင်ကြားနာမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ ဖြေရှင်းမည်ဖြစ်ကြောင်း မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

Photo Credit – NLD

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com