All News Local News

ကရင်နီလူငယ် ၆ ဦးကို ထောင်ဒဏ် ၆လ ချမှတ်မှုအပေါ် တရားလိုကယားပြည်နယ်အစိုးရ အယူခံတက်မှု ပလပ်

ကရင်နီလူငယ် ၆ ဦးကို ထောင်ဒဏ် ၆လ ချမှတ်မှုအပေါ် တရားလိုကယားပြည်နယ်အစိုးရ အယူခံတက်မှု ပလပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ကယားပြည်နယ်အစိုးရက နိုင်လွှတ်လုံဥပဒေ ပုဒ်မ (၁၀)နှင့်တရားစွဲထားသော ကရင်နီလူငယ် (၆)ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၆လချမှတ်ခဲ့သည့်အပေါ် မကျေနပ်၍ ခရိုင်ရုံးတရားရုံးတွင် ပြင်ဆင်ချက်တင်ခဲ့သော်လည်း ခရိုင်တရားရုံးက မူလအမိန့်အတိုင်းထားအတည်ပြုကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်း ကရင်နီလူငယ်အဖွဲ့ဝင် ကိုခူးရီးဒူကပြောသည်။

တရားလို ကယားပြည်နယ်အစိုးရဘက်က မြို့နယ်တရားရုံး၏ ပြစ်ဒဏ်အမိန့်ကို ပြင်ဆင်ချက်တင်သည့်စာကို နိုဝင်ဘာလ ၁၁ရက်နေ့တွင် လွိုင်ကော်ခရိုင်တရား ရုံးသို့ နိုင်ငံတော်နှင့် ဦးသက်နောင်က ခူးကြူးဖဲကေး(ခ) ဂူးဂူး၊ ခွန်သောမတ်၊ခူးရီးဒူ (ခ)ခူးရီးရယ်၊မျိုးလိူင်ဝင်း(ခ) ပါစကွားလယ်၊ဂျွန်ပေါ(ခ) ပျားလေး၊ဒီးဒီ(ခ)စစ်မုန်းတို့ ၆ဦးအား ချမှတ်ထားသောအမိန့်ကိုပြင်ဆင်ချက်လျှော က်ထားခဲ့ခြင်းဖြစ်သည်။

“ဒီခရိုင်ရုံးက တရားသူကြီးက အောက်ရုံးကအမိန့်ချတဲ့ မူလအမိန့်ကို (၆)လထောင်ဒဏ်ကိုသူကအတည်ပြုလို က်တယ်ပေါ့။ ဝန်ကြီးချုပ်တို့ဘက်က ဥပဒေရှေ့နေကလည်း သူတို့ရဲ့ပြင်ဆင်ချက်ကိုရုပ်သိမ်းတဲ့အပေါ်မှာကဥပေ ဒအရတော့ ပြန်လည်ရုပ်သိမ်းလို့မရဘူးပေါ့။ ဒါပေမယ့်ဟိုအရင် အဟောင်းတွေမှာတော့ ဒီလိုမျိုးပြင်ဆင်ချက်တ က်ပြီးရင်တော့ ပြန်ပြီးတော့မှ အစိုးရရှေ့နေဘက်လည်းကိုယ်ကိုယ်တိုင်လည်း ပြန်ပြီးတော့ရုပ်သိမ်း တယ်ဆို လည်းခေါ်မှာပေါ့နော်။ တစ်ဖက်ကလည်းလက်ရှိလူငယ်တွေလည်း (၆)လကျခံပြီးပြီဆိုတော့ဒီအမှုကို သူက ဆက်ပြီးတော့မှ ဆက်မစွဲပဲနဲ့ တရားသူကြီးက ပလပ်လိုက်တယ် အောက်ရုံးအမိန့်ကိုပဲသူ အတည်ပြုလိုက်တယ်” ကိုခူးရီးဒူကပြောသည်။

ကရင်နီလူငယ် (၆)ဦးသည် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု စိုက်ထူးခြင်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊စီမံဘ ဏ္ဍဝန်ကြီးတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ ကရင်နီအမျိုးသားသစ္စာဖောက်များတိုင်းရင်းသားများသွေးစည်း ချစ်ကြည်ရေး၏ရန်သူများကျေးဇူးသူများအဖြစ်သတ်မှတ်ကြေညာခြင်းကြောင့် တရားစွဲဆိုဖမ်း ဆီးထောင်ချခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကြောင့် လူငယ်များဖမ်းဆီးထောင်ချခံခဲ့ ရသော်လည်း ကြေးရုပ်ရွေ့ဆိုင်းပေး ရေး အတွက် ပြည်သူများနှင့် တိုင်ပင်ဆွေးနွေးကာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု လူငယ်များ ကပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts