All News Local News Peace

AA က အိန္ဒိယနိုင်ငံသားအလောင်း ၁ လောင်းနှင့် လူ ၈ ဦးကို ပြန်လွှတ်ပေး၊ NLD ချင်းအမတ်ကို ဆက်လက်ထိန်းသိမ်းထား

AA က အိန္ဒိယနိုင်ငံသားအလောင်း ၁ လောင်းနှင့် လူ ၈ ဦးကို ပြန်လွှတ်ပေး၊ NLD ချင်းအမတ်ကို ဆက်လက်ထိန်းသိမ်းထား

ရန်ကုန်၊ နိုဝင်ဘာ ၄

ရခိုင်တပ်မတော် AA က ယမန်နေ့က ချင်းNLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း၊ အိန္ဒိယနိုင်ငံသား ၅ ဦး၊ စက်လှေမောင်းသူ ၂ ဦး၊ စကားပြန် ၂ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးကို ထိန်းသိမ်းခဲ့ပြီး ယနေ့ နံနက်တွင် သေဆုံးသွားသော အိန္ဒိယနိုင်ငံသား ၁ ဦး၏ အလောင်းနှင့်လူ ၈ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“နံနက် ၆ နာရီက ပြန်လွှတ်လိုက်တာ။ အိန္ဒိယ နိုင်ငံသား ၁ ဦးကတော့ ဆုံးသွားတယ်။ Heart Attack ကြောင့်ပါ။ အခု အလောင်းကလည်း ကျောက်တော်ရောက်နေပြီ။ ကျန်တဲ့ ၈ ဦးလည်း ကျောက်တော်မှာ။ ဦးဝှေ့တင်းကိုတော့ ဆက်ပြီး ဖမ်းထားတယ်။ AA က ဖမ်းထားတာလည်း အတည်ပြုနိုင်ပါပြီ” ဟု ချင်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ပြောသည်။

ကွယ်လွန်သွားသော အိန္ဒိယနိုင်ငံသား Mr. Vinoo ဖြစ်ပြီး အသက် ၆၀ နှစ်ရှိကြောင်း သိရှိရသည်။

ပြန်လည်လွတ်မြောက်သူများ၏ ပြောဆိုချက်အရ AA အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သူများကို လမ်းမြန်မြန်လျှောက်ခိုင်းပြီး အိန္ဒိယနိုင်ငံသားမှာ ရောဂါအခံဖြင့် အမောဆို့ သေဆုံးခြင်းဖြစ်သည်ဟု အဆိုပါ ချင်းတိုင်းရင်းသားခေါင်းဆောင်က ဆိုသည်။

ရန်ကုန်ခေတ်သစ်က AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပေ။

Photo Credit – ခူမီးမီဒီယာ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com