All News Local News

၂၀၁၉ Tulip Myanmar လူ့အခွင့်အရေးဆု ကိုသက်ဆွေဝင်းနှင့် WLB အဖွဲ့ ရရှိ

၂၀၁၉ Tulip Myanmar လူ့အခွင့်အရေးဆု ကိုသက်ဆွေဝင်းနှင့် WLB အဖွဲ့ ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရန်ကုန်အခြေစိုက် နယ်သာလန်နိုင်ငံသံရုံးက ၂၀၁၉ ခုနှစ်အတွက် လူ့အခွင့်အရေး Tulip Myanmar ဆုကို Synergy အဖွဲ့မှ ကိုသက်ဆွေဝင်းနှင့် မြန်မာအမျိုးသမီးအဖွဲ့ ချုပ် WLB တို့ကို ချီးမြှှုင့်ကြောင်း ထုတ်ပြန်ကြေညာသည်။

ကိုသက်ဆွေဝင်းနှင့် နှစ်ပေါင်း ၂၀ ကြာ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်ခဲ့သော WLB တို့ကို ထူးချွန်ပြောင်မြောက်သော လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှုများ အတွက် ချီးမြှင့်ခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်ရေး လှုပ်ရှားမှုများကို ဆက်လက်၍ အားပေး ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

၂၀၁၉ Tulip Myanmar လူ့အခွင့်အရေးဆုပေးပွဲ အခမ်းအနားကို လာမည့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com