All News Local News Peace

ဦးဝှေ့တင်းကို သိန်း၃၀၀၀ ဖြင့်ရွေးခိုင်းသည့် ကြေညာချက်အတုကိုကိုးကား၍ AA ကို ဓားပြဆန်ဟု သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေး ပြော

ဦးဝှေ့တင်းကို သိန်း၃၀၀၀ ဖြင့်ရွေးခိုင်းသည့် ကြေညာချက်အတုကိုကိုးကား၍ AA ကို ဓားပြဆန်ဟု သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေး ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်တပ်မတော် AA က ကြေညာချက်အတု ဟု တရားဝင်ထုတ်ပြန်ကြေညာထားသည့် ကြေညာချက်အတုကို ကိုးကား၍ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက AA ကိုဓားပြအဖွဲ့ဟု ယနေ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။

အမျိုးသားလွှတ်တော်အမတ်ဦးဝှေ့တင်းကို သိန်း ၃၀၀၀ ဖြင့် ရွေးယူရန်ဆိုသော AA အဖွဲ့ လိုဂိုဖြင့် ဖော်ပြထားသောကြေညာချက်တစ်ရပ် နိုဝင်ဘာလ ၆ ရက်နေ့က ထွက်ပေါ်ခဲ့ပြီး AA အဖွဲ့က ယင်းကြေညာချက်သည် အတုဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်နေ့ က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်နေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ယင်းကြေညာချက် အတုကို ကိုးကား၍ AA ကို ဓားပြအဖွဲ့သာ သာ လုပ်ရပ်အဆင့်သာရှိသည်ဟု ရည်ညွှန်းပြောဆိုသွားခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ် ပါတယ်ဆိုပြီး ဆွဲထားလိုက်တယ်။ဒါက တော်တော်လေးကို မမှန်ကန်တဲ့လုပ်ရပ်ပေါ့နော်။ဆိုချင်တာက နိုင်ငံတကာမှာဆိုရင် ဆိုမာလီယာ အကြမ်းဖက်သမားတွေရှိတယ်။ပင်လယ်ပြင်မှာ တွေ့ တဲ့သူကိုဖမ်းတယ်။ဖမ်းပြီးရင် ငွေညှစ်တယ် တောင်းတယ်။အခု သိန်း ၃၀၀၀ ဆိုတာ တောင်းထားတာလည်း ကျွန်တော်တို့ တွေ့ တယ်။ဒါက ဆိုမာလီယာ ပင်လယ်ဓားပြတွေ လုပ်ရပ်ဆန်တယ်။ဒါက တိုင်းရင်းသားအခွင့်အရေးတောင်းဆိုတာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်`ဟု ဦးဇော်ဌေးက ပြောဆိုသည်။

AA အဖွဲ့ကမူ ဦးဝှေ့တင်းသည် တပ်မတော်နှင့် ပူးပေါင်း AA သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ခူမီးနှင့် ရခိုင်များအကြား ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခြင်းတို့ကြောင့် ထိန်းသိမ်းထားသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts