ဦးစိုးထွန်းရှိန်၏ ရှေ့နေက တရားလို သတ္တုတွင်း မန်နေဂျာကို စစ်မေးပြီး ဒီဇင်ဘာ ၃ ရက်နေ့ ရုံးချိန်း ထပ်မံချိန်းဆို(ရုပ်/သံ)

ဦးစိုးထွန်းရှိန်၏ ရှေ့နေက တရားလို သတ္တုတွင်း မန်နေဂျာကို စစ်မေးပြီး ဒီဇင်ဘာ ၃ ရက်နေ့ ရုံးချိန်း ထပ်မံချိန်းဆို(ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၂၆
မြန်မာ့သတ္တုတွင်းဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို မနက်(၁၁)နာရီခွဲအချိန် ရမည်းသင်းမြို့နယ်တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလို အမှတ်(၂)သတ္တုတွင်း လုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော် ကို စွပ်စွဲခံရသူ ၏ ရှေ့နေဖြစ်သူ တရာလွှတ်တော်ရှေ့နေ ဦးလှိုင်ထွန်းက စစ်မေးခဲ့ကာ တရားလို ဦးအေးဇော်ကို ဆက်လက်စစ်မေးရန်အတွက် ဒီဇင်ဘာ ၃ ရက်နေ့ ပြန်လည်ချိန်းဆိုထားကြောင်း ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က ပြောသည်။
ယနေ့ ရုံးချိန်းမှာတွင် တရားလို အမှတ်(၂)သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော် ကို စွပ်စွဲခံရသူ ဦးစိုးထွန်းရှိန်၏ ရှေ့နေ တရားလွှတ်တော်ရှေ့ ဦးလှိုင်ထွန်းက စစ်မေးခဲ့ပြီး၊ မေးခွန်းမေးမြန်းရန်အတွက် စာရွက်စာတမ်းများလေ့လာရန် ရုံးချိန်းထပ်မံတောင်းဆိုခဲ့ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးလှိုင်ထွန်းက ပြောကြားသည်။
အမှတ်(၂ )သတ္တုတွင်းလုပ်ငန်း မှ အထွေထွေ မန်နေဂျာ ဦးအေးဇော်က အမျိုးသားကြီးပွားတိုး တက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)ဖြင့် တရားစွဲဆို အမှုဖွင့်ထားခြင်းဖြစ်သည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ