Local News Web TV

ဦးစိုးထွန်းရှိန်ရုံးထုတ် တရားလို အစိုးရဝန်ကြီးဌာန အရာရှိကို စတင်စစ်ဆေး(ရုပ်/သံ)

ဦးစိုးထွန်းရှိန်ရုံးထုတ် တရားလို အစိုးရဝန်ကြီးဌာန အရာရှိကို စတင်စစ်ဆေး(ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို တရားစွဲဆိုထားသည့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော်ကို ရမည်းသင်းမြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်စစ်ဆေးခဲ့ကြောင်း ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က ပြောဆိုသည်။

“ဒီနေ့တော့ တရားလို ဦးအေးဇော်ကို စတင်စစ်မေးခဲ့တာပါ၊ သူ့ကို ဆက်လက်စစ်ဆေးဖို့ နိုဝင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်”ဟု ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က ပြောဆိုသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် နိုဝင်ဘာလ ၁၃ ရက်န့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလို အမှတ် ၂ သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော်ကို နေ့လယ် ၁၂ နာရီခန့်အချိန်တွင် တရားခွင်တွင် စတင်စစ်ဆေးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကာ တရားလိုပြသက်သေ ၁၈ ဦး တင်ပြထားကြောင်း သိရသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို အမှတ်(၂ )သတ္တုတွင်းလုပ်ငန်း မှ အထွေထွေ မန်နေဂျာ ဦးအေးဇော်က တရားစွဲဆိုမှု အမှုဖွင့်ထားခြင်းဖြစ်ပြီး နိုဝင်ဘာ(၇)ရက်နေ့တွင် ရမန်ယူပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မိုးထိမိုးမိဒေသတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တင်ဒါ အောင်မြင်ခဲ့ပြီး၊ ဧက ၆၀၀၀ ကျော်တွင် ရွှေလုပ်ငန်းများဆောင်ရွက်ခဲ့ကာ နိုင်ငံတော်ပေးသွင်းရမည့် ရွှေပိသာ ၁၃၀၀ ခန့်ကို ပေးဆောင်ခြင်းမပြုဘဲ တရားမဝင်ဆက်လက်လုပ်ကိုင်နေသည့်အတွက် ၂၀၁၉ခုနှစ် မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုများဖြင့် စွဲဆိုခဲ့ပြီး၊ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် တရားခံပြေးများအဖြစ် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ကို ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ဦးစိုးထြန္းရွိန္ရုံးထုတ္ တရားလုိ အစုိးရအရာရွိကုိ စတင္စစ္ေဆး(ရုပ္/သံ)

ဦးစိုးထြန္းရွိန္ရုံးထုတ္ တရားလုိ အစုိးရ၀န္ႀကီးဌာန အရာရွိကုိ စတင္စစ္ေဆး(ရုပ္/သံ) ရန္ကုန္၊ ႏုိ၀င္ဘာ ၁၃ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို တရားစြဲဆိုထားသည့္ အမွတ္ ၂ သတၱဳတြင္းလုပ္ငန္း အေထြေထြမန္ေနဂ်ာ ဦးေအးေဇာ္ကို ရမည္းသင္းၿမိဳ႕နယ္တရား႐ုံးတြင္ ႏိုဝင္ဘာ ၁၃ ရက္ေန႔တြင္ စတင္စစ္ေဆးခဲ့ေၾကာင္း ရမည္းသင္းၿမိဳ႕နယ္ တရားသူႀကီး ဦးေဇာ္လင္းေမာင္က ေျပာဆိုသည္။“ဒီေန႔ေတာ့ တရားလို ဦးေအးေဇာ္ကို စတင္စစ္ေမးခဲ့တာပါ၊ သူ႔ကို ဆက္လက္စစ္ေဆးဖို႔ ႏုိ၀င္ဘာ ၂၆ ရက္ေန႔ကို ခ်ိန္းဆိုလိုက္ပါတယ္”ဟု ရမည္းသင္းၿမိဳ႕နယ္ တရားသူႀကီး ဦးေဇာ္လင္းေမာင္က ေျပာဆိုသည္။အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ ႏိုဝင္ဘာလ ၁၃ ရက္န႔ နံနက္ ၁၁ နာရီခြဲအခ်ိန္တြင္ ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့ၿပီး တရားလို အမွတ္ ၂ သတၱဳတြင္းလုပ္ငန္း အေထြေထြမန္ေနဂ်ာ ဦးေအးေဇာ္ကို ေန႔လယ္ ၁၂ နာရီခန႔္အခ်ိန္တြင္ တရားခြင္တြင္ စတင္စစ္ေဆးခဲ့ေၾကာင္း၊ ႏိုဝင္ဘာ ၂၆ ရက္ေန႔သို႔ ျပန္လည္ခ်ိန္းဆိုခဲ့ကာ တရားလိုျပသက္ေသ ၁၈ ဦး တင္ျပထားေၾကာင္း သိရသည္။အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို အမွတ္(၂ )သတၱဳတြင္းလုပ္ငန္း မွ အေထြေထြ မန္ေနဂ်ာ ဦးေအးေဇာ္က တရားစြဲဆိုမႈ အမႈဖြင့္ထားျခင္းျဖစ္ၿပီး ႏိုဝင္ဘာ(၇)ရက္ေန႔တြင္ ရမန္ယူၿပီးေနာက္ ရမည္းသင္းအက်ဥ္းေထာင္သို႔ ပို႔ေဆာင္ထားျခင္းျဖစ္သည္။မႏၲေလးတိုင္းေဒသႀကီး မိုးထိမိုးမိေဒသတြင္ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္မွာ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ တင္ဒါ ေအာင္ျမင္ခဲ့ၿပီး၊ ဧက ၆၀၀၀ ေက်ာ္တြင္ ေ႐ႊလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ကာ ႏိုင္ငံေတာ္ေပးသြင္းရမည့္ ေ႐ႊပိသာ ၁၃၀၀ ခန႔္ကို ေပးေဆာင္ျခင္းမျပဳဘဲ တရားမဝင္ဆက္လက္လုပ္ကိုင္ေနသည့္အတြက္ ၂၀၁၉ခုႏွစ္ မတ္လတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕မရဲစခန္း(ပ) ၆၁/၂၀၁၈၊ ျမန္မာ့သတၱဳတြင္းဥပေဒပုဒ္မ ၃၀(က)/က်င့္ ၅၁၂ အမႈမ်ားျဖင့္ စြဲဆိုခဲ့ၿပီး၊ ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ တရားခံေျပးမ်ားအျဖစ္ စိုးထြန္းရွိန္၊ ညီညီလြင္၊ ခင္ေဇာ္၊ မင္းမင္းစိုးႏွင့္ ေစာေမာင္တို႔ကို ရဲတပ္ဖြဲ႕က ေၾကညာခဲ့သည္။www.khitthitnews.com

Posted by Khit Thit Media on Wednesday, 13 November 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts