All News Local News

ဦးစိုးထွန်းရှိန်ကို ရမည်းသင်းတရားရုံးတွင် ရုံးထုတ်ရမန်ယူ၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ရုံးချိန်း ချိန်းဆို

ဦးစိုးထွန်းရှိန်ကို ရမည်းသင်းတရားရုံးတွင် ရုံးထုတ်ရမန်ယူ၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ရုံးချိန်း ချိန်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၇

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့နယ်တရားရုံးတွင် ယနေ့ ညနေ ၃ နာရီခွဲက ရုံးထုတ်ရမန်ယူလိုက်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ ရုံးချိန်း ချိန်းဆိုထားကြောင်း ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က ပြောဆိုသည်။

ဦးစိုးထွန်းရှိန်ကို တရားလို ဦးအေးဇော် အထွေထွေမန်နေဂျာ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းက တရားစွဲဆိုမှု အမှုဖွင့်ထားခြင်းဖြစ်ပြီး ရမန်ယူပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)၊ ထိုမှတဆင့် တာချီလိတ်မြို့တွင် စောင့်ဆိုင်းနေကြသည့် ရဲတပ်ဖွဲ့၏ ကားများအတူ ဖမ်းဆီးခေါ် ဆောင်လာခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မိုးထိမိုးမိဒေသတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တင်ဒါ အောင်မြင်ခဲ့ပြီး၊ ဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ငန်းများဆောင်ရွက်ခဲ့ကာ နိုင်ငံတော်ပေးသွင်းရမည့် ရွှေပိသာ(၁၃၀၀)ခန့်ကို ပေးဆောင်ခြင်းမပြုဘဲ တရားမဝင်ဆက်လက်လုပ်ကိုင်နေသည့်အတွက် ၂၀၁၉ခုနှစ် မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုများဖြင့် စွဲဆိုခဲ့ပြီး၊ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် တရားခံပြေးများအဖြစ် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ကို ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com