Features Inequality Web TV

အများပြည်သူသယ်ပို့ဆောင်ရေး YBS က လူထုအတွက် အဆင်မပြေသေးတာဘာကြောင့်လဲ(ရုပ်/သံ)

အများပြည်သူသယ်ပို့ဆောင်ရေး YBS က လူထုအတွက် အဆင်မပြေသေးတာဘာကြောင့်လဲ(ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းအစိုးရက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ မထသ လို့ခေါ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့အစည်းကြီးကို ဖျက်သိမ်းပြီး YBS လို့ ခေါ်တဲ့ ရန်ကုန်တိုင်း အစိုးရ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲတဲ့ ရန်ကုန်ဘတ်စ်ကားလိုင်းသစ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။

YBS စတင်ချိန်မှာ စနစ်မကျဘဲ တက်ကြွလှုပ်ရှားသူတွေကူညီမှုနဲ့ လူထုရဲ့ နားလည်မှုနဲ့ စတင်ခဲ့တာပါ။ စတင်အကောင်အထည်ဖော်ချိန်ကတည်းက ဘာအစီအစဉ်မှမချဘဲ ရုတ်တရက် အကောင်အထည်ဖော်ခဲ့တာ ကြောင့် လက်ရှိ ၃ နှစ်နီးပါး ရှိလာချိန်မှာလည်း YBS ဟာ ပြည်သူလူထုအတွက် သက်တောင့်သက်သာမဖြစ်တဲ့အပြင် အဆင်မပြေမှုတွေရှိနေတယ်လို့ ခရီးသွားပြည်သူတွေက ဆိုကြပါတယ်။

YBS ဟာ ရုံးသွားရုံးပြန်ချိန်တွေမှာ ကျပ်ကျပ်တည်းတည်းစီးနေရသလို ညနေ ၆ နာရီဆိုရင်လည်း ကားမရှိတော့တာ ကြောင့် ကြားကားစနစ်ကလည်း တွင်တွင်ကျယ်ကျယ်ကို ဖြစ်ပေါ်လာနေပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘက်ကတော့ YBS ဟာ လူထုအတွက် အဆင်ပြေနေပြီလို့ တဖွဖွ ပြောနေဆဲပါပဲ။

YBS ဟာ ခရီးသွားပြည်သူတွေ အဆင်မပြေသလို ယာဉ်ပိုင်ရှင်တွေကို ဘတ်စ်ကားလုပ်ငန်း အများပိုင်ကုမ္ပဏီစုဖွဲ့ ခိုင်းမှုကလည်း အခုဆိုရင် ပြဿနာတွေ တက်နေပါပြီ။ YUPT အများပိုင် ဘတ်စ်ကားကုမ္ပဏီမှာ မကြာသေးမီ ရက်ပိုင်းအတွင်းက အမြတ်မရဘဲ အရှုံးပေါ်နေလို့ နှစ်ပတ်လည်ညီလာခံမှာ အော်ကြဟစ်ကြနဲ့ ပြဿနာတွေ တက်ခဲ့ပါသေးတယ်။

ယာဉ်အိုယာဉ်ဟောင်းတွေ ရှိနေသေးတာ၊ အစိုးရက တင်သွင်းတဲ့ တရုတ်ကားတွေက နှစ်ကြာတာနဲ့အမျှ အပျက်များလာတာတွေ ကြောင့်လည်း YBS က အဆင်မပြေသေးတာလို့ ဆိုကြပါတယ်။

ရန်ကုန်တိုင်းဘတ်စ်ကားလိုင်း အာဏာပိုင်အဖွဲ့ YRTA ကတော့ YBS ဟာ သက်တောင့်သက်သာနဲ့ အောင်မြင်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားဂိတ်တွေမှာ ကားအလာကို စောင့်ဆိုင်းနေတဲ့ လူထုကြီးရဲ့ မျက်ဝန်းတွေက ဘတ်စ်ကားတစ်စီးလာတိုင်း မျှော်လင့် ငေးမောပြီး ကားပေါ်ရောက်ဖို့ ပြေးလွှား တက်နေရတဲ့ မြင်ကွင်းတွေက NLD အစိုးရလက်ထက်မှာလည်း မရိုးနိုင်တဲ့ ပုံမှန်မြို့ပြပုံရိပ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲပါပဲ။

YBS က အမ်ားျပည္သူ သယ္ယူပုိ႔ေဆာင္ေရး အဆင္မေျပေသးပါ (Inequality)

Inequality =======အမ်ားျပည္သူသယ္ပုိ႔ေဆာင္ေရး YBS က လူထုအတြက္ အဆင္မေျပေသးတာဘာေၾကာင့္လဲ(ရုပ္/သံ) By ရန္ကုန္ေခတ္သစ္ရန္ကုုန္တုုိင္းအစုုိးရက ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ ၁၆ ရက္ေန႔မွာ မထသ လိုု႔ေခၚတဲ့ နာမည္ဆုုိးနဲ႔ ေက်ာ္ၾကားတဲ့ အဖြဲ႕အစည္းႀကီးကိုု ဖ်က္သိမ္းၿပီး YBS လုုိ႔ ေခၚတဲ့ ရန္ကုုန္တိုုင္း အစုုိးရ တုုိက္ရုုိက္ႀကီးၾကပ္ကြပ္ကဲတဲ့ ရန္ကုုန္ဘတ္စ္ကားလုုိင္းသစ္ကုုိ အေကာင္အထည္ ေဖာ္ခဲ့ပါတယ္။YBS စတင္ခ်ိန္မွာ စနစ္မက်ဘဲ တက္ၾကြလႈပ္ရွားသူေတြကူညီမႈနဲ႔ လူထုရဲ႕ နားလည္မႈနဲ႔ စတင္ခဲ့တာပါ။ စတင္အေကာင္အထည္ေဖာ္ခ်ိန္ကတည္းက ဘာအစီအစဥ္မွမခ်ဘဲ ရုတ္တရက္ အေကာင္အထည္ေဖာ္ခဲ့တာ ေၾကာင့္ လက္ရွိ ၃ ႏွစ္နီးပါး ရွိလာခ်ိန္မွာလည္း YBS ဟာ ျပည္သူလူထုအတြက္ သက္ေတာင့္သက္သာမျဖစ္တဲ့အျပင္ အဆင္မေျပမႈေတြရွိေနတယ္လို႔ ခရီးသြားျပည္သူေတြက ဆုိၾကပါတယ္။YBS ဟာ ရုံးသြားရုံးျပန္ခ်ိန္ေတြမွာ က်ပ္က်ပ္တည္းတည္းစီးေနရသလို ညေန ၆ နာရီဆုိရင္လည္း ကားမရွိ္ေတာ့တာ ေၾကာင့္ ၾကားကားစနစ္ကလည္း တြင္တြင္က်ယ္က်ယ္ကုိ ျဖစ္ေပၚလာေနပါတယ္။ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ဘက္ကေတာ့ YBS ဟာ လူထုအတြက္ အဆင္ေျပေနၿပီလုိ႔ တဖြဖြ ေျပာေနဆဲပါပဲ။YBS ဟာ ခရီးသြားျပည္သူေတြ အဆင္မေျပသလို ယာဥ္ပုိင္ရွင္ေတြကို ဘတ္စ္ကားလုပ္ငန္း အမ်ားပုိင္ကုမၸဏီစုဖြဲ႕ ခုိင္းမႈကလည္း အခုဆုိရင္ ျပႆနာေတြ တက္ေနပါၿပီ။ YUPT အမ်ားပုိင္ ဘတ္စ္ကားကုမၸဏီမွာ မၾကာေသးမီ ရက္ပုိင္းအတြင္းက အျမတ္မရဘဲ အရႈံးေပၚေနလုိ႔ ႏွစ္ပတ္လည္ညီလာခံမွာ ေအာ္ၾကဟစ္ၾကနဲ႔ ျပႆနာေတြ တက္ခဲ့ပါေသးတယ္။ယာဥ္အုိယာဥ္ေဟာင္းေတြ ရွိေနေသးတာ၊ အစုိးရက တင္သြင္းတဲ့ တရုတ္ကားေတြက ႏွစ္ၾကာတာနဲ႔အမ်ွ အပ်က္မ်ားလာတာေတြ ေၾကာင့္လည္း YBS က အဆင္မေျပေသးတာလုိ႔ ဆုိၾကပါတယ္။ရန္ကုန္တုိင္းဘတ္စ္ကားလုိင္း အာဏာပုိင္အဖြဲ႕ YRTA ကေတာ့ YBS ဟာ သက္ေတာင့္သက္သာနဲ႔ ေအာင္ျမင္တယ္လို႔ ဆုိပါတယ္။ဘတ္စ္ကားဂိတ္ေတြမွာ ကားအလာကို ေစာင့္ဆုိင္းေနတဲ့ လူထုႀကီးရဲ႕ မ်က္၀န္းေတြက ဘတ္စ္ကားတစ္စီးလာတုိင္း ေမ်ွာ္လင့္ ေငးေမာၿပီး ကားေပၚေရာက္ဖို႔ ေျပးလႊား တက္ေနရတဲ့ ျမင္ကြင္းေတြက NLD အစုိးရလက္ထက္မွာလည္း မရုိးႏုိင္တဲ့ ပုံမွန္ၿမိဳ႕ျပပုံရိပ္တစ္ခုအျဖစ္ ဆက္လက္ တည္ရွိေနဆဲပါပဲ။www.khithitnews.com

Posted by Khit Thit Media on Friday, 1 November 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com