All News Local News

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို တရားစွဲဆိုမှု ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို တရားစွဲဆိုမှု ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် အစ္စလမ်နိုင်ငံများ အဖွဲ့ OIC ကိုယ်စားပြု အဖြစ် ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်လူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားမှုကို ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မဟာဗန္ဓုလပန်းခြံတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများကဦးဆောင် ပြုလုပ်ခဲ့သည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲကို မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့က ရဲစခန်းများကိုတိုက်ခိုက်ခဲ့ခြင်းကို တရားစွဲဆိုသော အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက လျစ်လျှူရှုထားကြောင်း ဦးပါမောက္ခက ပြောဆိုခဲ့သည်။

ဂမ်ဘီယာနိုင်ငံသည် နိုဝင်ဘာလ ၁၃ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice(ICJ)တွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူနှင့် နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက်ဆိုကာ ကိုယ်တိုင်အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂ဝရက်နေ့တွင်ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com