All News Features Inequality
အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးအလုပ်သမား ပပျောက်ရေး ဘယ်လိုလုပ်ဆောင်ကြမလဲ(ရုပ်/သံ)
By ရန်ကုန်ခေတ်သစ်( Inequality )
မန္တလေးမြို့ရဲ့ ဂေါဝိန်ဆိပ်ကမ်း။ ကျူးကျော်တဲတွေ ပြည့်နှက်နေတဲ့ ဒီဆိပ်ကမ်းရဲ့ လုပ်ငန်းခွင်တွေမှာ အသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေ မြောက်မြားစွာရှိနေပါတယ်။ ကုန်တင်ကုန်ချ၊ သဲကျောက်သယ်၊ ဆီပေပါသယ်ချတဲ့အလုပ်တွေ စတဲ့ အန္တရာယ်ရှိတဲ့ အလုပ်တွေ မှာ ကလေးလုပ်သားတွေ များစွာ လုပ်ကိုင်နေကြတာပါ။
သာမန် လူကြီးတွေတောင် မနည်း အားတင်းပြီးလုပ်ရတဲ့ ဒီလုပ်ငန်းခွင်ဟာ အန္တရာယ်ရှိတာ အသေအချာပါပဲ။ ဒီအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးတွေဟာ လုပ်ခ လစာ အနည်းငယ်ပဲရကြသလို ထိခိုက်ဒဏ်ရာရရင်လည်း ဘယ်သူကမှ တာဝန်ခံပြီး ဆေးကုသမှု ပေးတာမျိုး မရှိပါဘူး။
အလားတူပါပဲ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာလည်း ဆာက်လုပ်ငန်းလုပ်ငန်းတွေ၊ အမှိုက်သိမ်းလုပ်ငန်းတွေအပါအဝင် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးတွေကို ဖောဖောသီသီ သုံးနေပါတယ်။
မိဘတွေဘက်ကတော့ ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် သူတို့ရဲ့ ကလေးတွေကို အလုပ်လုပ်ခိုင်းတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ သန်းကျော်ရှိနေပြီး အဲဒီအထဲကမှ ၆ သိန်းကျော်ဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာလုပ်ကိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
မြန်မာအစိုးရကတော့ ၂၀၁၄ သန်းခေါင်စာရင်အရ အသက် ၁၀နှစ်ကနေ ၁၄ နှစ် အရွယ် ကလေး ၅ သိန်းကျော် အလုပ်လုပ်နေပြီး အလုပ်အကိုင် ရှာဖွေနေတဲ့ ကလေးငယ် ၇၇၀၀ ရှိတယ်လို့ဆိုပါတယ်။
၁၉၉၃ ခုနှစ်ကလေးသူငယ်ဥပဒေ၊ အလုပ်သမားဥပဒေတွေ ရှိနေပေမယ့်လည်း ဒီဥပဒေတွေက သက်ရောက်မှုမရှိပါဘူး။ အလုပ်ရှင်တွေ၊ မိဘတွေက ကလေးတွေကို အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ခိုင်းနေကြသလို အစိုးရဘက်ကလည်း ထိထိရောက်ရောက် ဟန့်တာမျိုး လုံး၀ မရှိပါဘူး။
မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကတော့ ဆင်းရဲမွဲတေမှု ပြဿနာ ရှိနေသမျှကာလပတ်လုံး ကလေးအလုပ်သမား ပြဿနာရှိနေမယ်လို့ ဆိုပါတယ်။
ဥပဒေပညာရှင်ဦးဖိုးဖြူကတော့ ဥပဒေတွေ ရှိနေပေမယ့်လည်း ဥပဒေအသက်ဝင်ဖို့ကတော့ အစိုးရ အဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
အလုပ်သမားအရေး လှုပ်ရှားတွေကတော့ အစိုးရ၊ မိဘ၊ ကလေးတွေနဲ့ အားလုံးစုပေါင်းပြီး လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
Photo Credit – ILO
Posted by Khit Thit Media on Friday, 15 November 2019
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
khitthitnews.com
Related Posts
khitthitnews.com