Features Inequality political news

အခမဲ့ ပညာရေးသည် ကလေးအားလုံးအတွက် မဟုတ်သေးပါ(ရုပ်/သံ)

အခမဲ့ ပညာရေးသည် ကလေးအားလုံးအတွက် မဟုတ်သေးပါ(ရုပ်/သံ)

ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန် လှုပ်ရှားနေကြရင်း ရှာဖွေ စားသောက်နေရတဲ့ ကလေးငယ်တွေ အမြောက်အမြားရှိနေပါတယ်။ ဒီလို ကလေးတွေက ရန်ကုန်မြို့မှာတင်မဟုတ်ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ရှိနေတာပါ။

၂၀၁၈ ခုနှစ် Save the Children ရဲ့ ကလေးဘဝ အဆုံးသတ်ခြင်း အစီရင်ခံစာအရ မြန်မာကလေးငယ်တွေရဲ့ အခြေအနေဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် အဆင့် ၁၀၇ မှာရှိပြီး ကလေး ၅ ယောက်အနက် ၁ ယောက် က ပညာ မသင်ကြားနိုင်ဘူးလို့ ဆိုပါတယ်။

အစိုးရက အခြေခံပညာမူလတန်းဟာ အခမဲ့ ပညာရေးစနစ်လို့ ဆိုထားပေမယ့်လည်း အဲဒီ အခမဲ့ ပညာရေးစနစ်ကိုပဲ ကလေးတွေက လက်လှမ်းမမီနိုင်ကြတာပါ။ စာသင်ခန်းထဲမှာ ရှိသင့်တဲ့ သူတို့တွေဟာ လမ်းမတွေ၊ လုပ်ငန်းခွင်တွေမှာ အရွယ်နဲ့ မမျှအောင် အလုပ်တွေ လုပ်ကိုင်ရင်း ရှင်သန်ကြရပါတယ်။

အခမဲ့ ပညာရေးဖြစ်တဲ့တိုင်အောင် ကျောင်းကိုသွားလာဖို့ စရိတ်တွေရှိပါတယ်။ မိဘက ဆင်းရဲလွန်းတဲ့အခါ အခမဲ့ ပညာသင်ဖို့ စရိတ်ကိုတောင် သူတို့ မတတ်နိုင်ကြပါဘူး။

အခမဲ့ပညာရေးဆိုပေမယ့် ကလေးတစ်ဦးကို အစိုးရကျောင်း လွှတ်ပြီး ပညာသင်နိုင်ဖို့ဆိုတာက ကုန်ကျစရိတ်တွေ ရှိနေပါတယ်။ မိဘတွေအနေနဲ့ ဆင်းရဲတဲ့အခါ ဒီလို စရိတ်အကုန်အကျခံဖို့ နေနေသာသာ နေ့စဉ် ထမင်းနပ်မှန်အောင် ရုန်းကန်ရတဲ့အတွက် သားသမီးတွေကို စာသင်ခန်းအစား လုပ်ငန်းခွင်တွေဆီကို လွှတ်ရပါတယ်။

ဒီနေရာမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ အခမဲ့ ကူညီပေးနေကြတဲ့ စာသင်ပေးနေသူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကလေးတွေကို လုပ်ငန်းခွင်တွေအထိ လိုက်ပြီး စာသင်ပေးကြသူတွေ ရှိပေမယ့်လည်း တစ်နိုင်ငံအတိုင်းအတာနဲ့တော့ မလွှမ်းခြုံနိုင်ပါဘူး။

NLD အစိုးရလက်ထက်မှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့်လည်း ပညာမသင်နိုင်တဲ့ ကလေးတွေ၊ အခမဲ့ ပညာရေးကိုတောင် မသင်နိုင်လို့ ကလေးတွေကို စာသင်ခန်းထဲ ဘယ်လို ခေါ်မလဲ၊ ပညာရေးဟာ တကယ့်ကို ကလေးအားလုံး လက်လှမ်းမီအောင် ဘယ်လို လုပ်မလဲဆိုတာမျိုး ဆောင်ရွက်တာမျိုးတော့ မရှိသေးပါဘူး။

ပညာရေးကဏ္ဍ အားနည်းမှုတွေကို ထောက်ပြတိုင်း ဘတ်ဂျက်မရလို့ ဆိုတာကိုသာ လက်ညိုးထိုးရင်း ကလေးပေါင်းမြောက်မြားစွာရဲ့ဘဝက ရေတိမ်နစ်နေရပါတယ်။

ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးမှာ နှစ်ပေါင်းများစွာ မရင်းနှီး မမြှုပ်နှံခဲ့တဲ့အတွက် ခေတ်နောက်ကျကျန်နေခဲ့ပြီး လိုအပ်ချက်အင်မတန်များပြားနေတယ်ဆိုတဲ့ ဆင်ခြင်ကိုပဲ ပြောဆိုပါတယ်။

အရမ်းတောင်းဆိုနေမယ့် အစားရှိတာတွေ ရှိတာနဲ့ဖြစ်နိုင်အောင် လုပ်တတ်ဖို့ကလည်း အရေးကြီးတယ်ပေါ့။ ဘားဂျတ်တိုးပေးတိုင်း ပြေလည်ချင်မှပြေလည်နိုင်တယ်လို့ လမ်းဘေး စာသင်ဝိုင်းပရဟိလုပ်ဆောင်သူတွေက ထောက်ပြပြောဆိုပါတယ်။

ဝမ်းစာရေးအဆင်မပြေတဲ့ စာသင်ခန်းပြင်ပကလေးငယ်တွေအတွက် ကျောင်းပြန်တက်နိုင်ဖို့အရေးဟာ လက်ရှိ အခြေအနေတွေအရ ေ၀ဝါးနေဆဲပါပဲ။ အခမဲ့ပညာရေးမှာ ပညာရေးဟာ ကလေးအားလုံးအတွက် ဖြစ်မလာသေးပါဘူး။

“ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း” ဆိုတဲ့ကဗျာထဲကအတိုင်း နေခြည်မှာ ရွှေရည်လောင်းမယ့် စာသင်ကျောင်းကို ကလေးအားလုံး ဘယ်တော့များမှ ရောက်ရှိမလဲဆိုတာ အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာပါ။

Photo Credit- ILO

www.khitthitnews.com

အခမဲ့ ပညာေရးသည္ ကေလးအားလုံးအတြက္ မဟုတ္ေသးပါ (Inequality)

အခမဲ့ ပညာေရးသည္ ကေလးအားလုံးအတြက္ မဟုတ္ေသးပါ(ရုပ္/သံ)=================================================ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းမေတြေပၚမွာ ငယ္ငယ္ရြယ္ရြယ္နဲ႔ ရုန္းကန္ လႈပ္ရွားေနၾကရင္း ရွာေဖြ စားေသာက္ေနရတဲ့ ကေလးငယ္ေတြ အေျမာက္အျမားရွိေနပါတယ္။ ဒီလို ကေလးေတြက ရန္ကုန္ၿမိဳ႕မွာတင္မဟုတ္ပါဘူး။ တကယ္ေတာ့ ျမန္မာႏုိင္ငံတစ္ႏုိင္ငံလုံးမွာ ရွိေနတာပါ။၂၀၁၈ ခုႏွစ္ Save the Children ရဲ႕ ကေလးဘဝ အဆုံးသတ္ျခင္း အစီရင္ခံစာအရ ျမန္မာကေလးငယ္ေတြရဲ႕ အေျခအေနဟာ ႏိုင္ငံေပါင္း ၁၇၅ ႏိုင္ငံအနက္ အဆင့္ ၁၀၇ မွာရွိၿပီး ကေလး ၅ ေယာက္အနက္ ၁ ေယာက္ က ပညာ မသင္ၾကားႏိုင္ဘူးလို႔ ဆုိပါတယ္။အစုိးရက အေျခခံပညာမူလတန္းဟာ အခမဲ့ ပညာေရးစနစ္လို႔ ဆုိထားေပမယ့္လည္း အဲဒီ အခမဲ့ ပညာေရးစနစ္ကုိပဲ ကေလးေတြက လက္လွမ္းမမီႏုိင္ၾကတာပါ။ စာသင္ခန္းထဲမွာ ရွိသင့္တဲ့ သူတုိ႔ေတြဟာ လမ္းမေတြ၊ လုပ္ငန္းခြင္ေတြမွာ အရြယ္နဲ႔ မမ်ွေအာင္ အလုပ္ေတြ လုပ္ကိုင္ရင္း ရွင္သန္ၾကရပါတယ္။အခမဲ့ ပညာေရးျဖစ္တဲ့တုိင္ေအာင္ ေက်ာင္းကုိသြားလာဖို႔ စရိတ္ေတြရွိပါတယ္။ မိဘက ဆင္းရဲလြန္းတဲ့အခါ အခမဲ့ ပညာသင္ဖုိ႔ စရိတ္ကုိေတာင္ သူတို႔ မတတ္ႏုိင္ၾကပါဘူး။ အခမဲ့ပညာေရးဆုိေပမယ့္ ကေလးတစ္ဦးကုိ အစုိးရေက်ာင္း လႊတ္ၿပီး ပညာသင္ႏုိင္ဖို႔ဆုိတာက ကုန္က်စရိတ္ေတြ ရွိေနပါတယ္။ မိဘေတြအေနနဲ႔ ဆင္းရဲတဲ့အခါ ဒီလို စရိတ္အကုန္အက်ခံဖုိ႔ ေနေနသာသာ ေန႔စဥ္ ထမင္းနပ္မွန္ေအာင္ ရုန္းကန္ရတဲ့အတြက္ သားသမီးေတြကုိ စာသင္ခန္းအစား လုပ္ငန္းခြင္ေတြဆီကုိ လႊတ္ရပါတယ္။ဒီေနရာမွာ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြ၊ အခမဲ့ ကူညီေပးေနၾကတဲ့ စာသင္ေပးေနသူေတြရဲ႕ အခန္းက႑ကလည္း အေရးႀကီးပါတယ္။ ကေလးေတြကုိ လုပ္ငန္းခြင္ေတြအထိ လိုက္ၿပီး စာသင္ေပးၾကသူေတြ ရွိေပမယ့္လည္း တစ္ႏုိင္ငံအတုိင္းအတာနဲ႔ေတာ့ မလႊမ္းၿခဳံႏုိင္ပါဘူး။NLD အစုိးရလက္ထက္မွာ ပညာေရး၀န္ႀကီးဌာနအေနနဲ႔ ပညာေရးဆုိင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေနေပမယ့္လည္း ပညာမသင္ႏုိ္င္တဲ့ ကေလးေတြ၊ အခမဲ့ ပညာေရးကုိေတာင္ မသင္ႏုိင္လုိ႔ ကေလးေတြကို စာသင္ခန္းထဲ ဘယ္လို ေခၚမလဲ၊ ပညာေရးဟာ တကယ့္ကုိ ကေလးအားလုံး လက္လွမ္းမီေအာင္ ဘယ္လို လုပ္မလဲဆုိတာမ်ဳိး ေဆာင္ရြက္တာမ်ဳိးေတာ့ မရွိေသးပါဘူး။ပညာေရးက႑ အားနည္းမႈေတြကုိ ေထာက္ျပတုိင္း ဘတ္ဂ်က္မရလုိ႔ ဆိုတာကိုသာ လက္ညဳိးထုိးရင္း ကေလးေပါင္းေျမာက္ျမားစြာရဲ႕ဘ၀က ေရတိမ္နစ္ေနရပါတယ္။ ပညာေရးဝန္ႀကီးေဒါက္တာမ်ဳိးသိမ္းႀကီးက ပညာေရးမွာ ႏွစ္ေပါင္းမ်ားစြာ မရင္းႏွီး မျမႇဳပ္ႏွံခဲ့တဲ့အတြက္ ေခတ္ေနာက္က်က်န္ေနခဲ့ၿပီး လိုအပ္ခ်က္အင္မတန္မ်ားျပားေနတယ္ဆိုတဲ့ ဆင္ျခင္ကုိပဲ ေျပာဆုိပါတယ္။အရမ္းေတာင္းဆိုေနမယ့္ အစားရွိတာေတြ ရွိတာနဲ႔ျဖစ္ႏိုင္ေအာင္ လုပ္တတ္ဖို႔ကလည္း အေရးႀကီးတယ္ေပါ့။ ဘားဂ်တ္တိုးေပးတိုင္း ေျပလည္ခ်င္မွေျပလည္ႏိုင္တယ္လို႔ လမ္းေဘး စာသင္ဝိုင္းပရဟိလုပ္ေဆာင္သူေတြက ေထာက္ျပေျပာဆိုပါတယ္။ဝမ္းစာေရးအဆင္မေျပတဲ့ စာသင္ခန္းျပင္ပကေလးငယ္ေတြအတြက္ ေက်ာင္းျပန္တက္ႏုိင္ဖို႔အေရးဟာ လက္ရွိ အေျခအေနေတြအရ ေ၀၀ါးေနဆဲပါပဲ။ အခမဲ့ပညာေရးမွာ ပညာေရးဟာ ကေလးအားလုံးအတြက္ ျဖစ္မလာေသးပါဘူး။"ပန္းကေလးမ်ား ပြင့္ေတာ့မည္ ဖူးတံဝင့္လို႔ခ်ီ ေနျခည္မွာ ေရႊရည္ေလာင္း ငါတို႔စာသင္ေက်ာင္း" ဆိုတဲ့ကဗ်ာထဲကအတုိင္း ေနျခည္မွာ ေရႊရည္ေလာင္းမယ့္ စာသင္ေက်ာင္းကို ကေလးအားလုံး ဘယ္ေတာ့မ်ားမွ ေရာက္ရွိမလဲဆုိတာ အေျဖမရွိေသးတဲ့ ေမးခြန္းတစ္ခုအျဖစ္ ဆက္လက္တည္ရွိေနဦးမွာပါ။Photo Credit- ILOwww.khitthitnews.comUnicode Versionအခမဲ့ ပညာရေးသည် ကလေးအားလုံးအတွက် မဟုတ်သေးပါ(ရုပ်/သံ)=================================================ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန် လှုပ်ရှားနေကြရင်း ရှာဖွေ စားသောက်နေရတဲ့ ကလေးငယ်တွေ အမြောက်အမြားရှိနေပါတယ်။ ဒီလို ကလေးတွေက ရန်ကုန်မြို့မှာတင်မဟုတ်ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ရှိနေတာပါ။၂၀၁၈ ခုနှစ် Save the Children ရဲ့ ကလေးဘဝ အဆုံးသတ်ခြင်း အစီရင်ခံစာအရ မြန်မာကလေးငယ်တွေရဲ့ အခြေအနေဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် အဆင့် ၁၀၇ မှာရှိပြီး ကလေး ၅ ယောက်အနက် ၁ ယောက် က ပညာ မသင်ကြားနိုင်ဘူးလို့ ဆိုပါတယ်။အစိုးရက အခြေခံပညာမူလတန်းဟာ အခမဲ့ ပညာရေးစနစ်လို့ ဆိုထားပေမယ့်လည်း အဲဒီ အခမဲ့ ပညာရေးစနစ်ကိုပဲ ကလေးတွေက လက်လှမ်းမမီနိုင်ကြတာပါ။ စာသင်ခန်းထဲမှာ ရှိသင့်တဲ့ သူတို့တွေဟာ လမ်းမတွေ၊ လုပ်ငန်းခွင်တွေမှာ အရွယ်နဲ့ မမျှအောင် အလုပ်တွေ လုပ်ကိုင်ရင်း ရှင်သန်ကြရပါတယ်။အခမဲ့ ပညာရေးဖြစ်တဲ့တိုင်အောင် ကျောင်းကိုသွားလာဖို့ စရိတ်တွေရှိပါတယ်။ မိဘက ဆင်းရဲလွန်းတဲ့အခါ အခမဲ့ ပညာသင်ဖို့ စရိတ်ကိုတောင် သူတို့ မတတ်နိုင်ကြပါဘူး။ အခမဲ့ပညာရေးဆိုပေမယ့် ကလေးတစ်ဦးကို အစိုးရကျောင်း လွှတ်ပြီး ပညာသင်နိုင်ဖို့ဆိုတာက ကုန်ကျစရိတ်တွေ ရှိနေပါတယ်။ မိဘတွေအနေနဲ့ ဆင်းရဲတဲ့အခါ ဒီလို စရိတ်အကုန်အကျခံဖို့ နေနေသာသာ နေ့စဉ် ထမင်းနပ်မှန်အောင် ရုန်းကန်ရတဲ့အတွက် သားသမီးတွေကို စာသင်ခန်းအစား လုပ်ငန်းခွင်တွေဆီကို လွှတ်ရပါတယ်။ဒီနေရာမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ အခမဲ့ ကူညီပေးနေကြတဲ့ စာသင်ပေးနေသူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကလေးတွေကို လုပ်ငန်းခွင်တွေအထိ လိုက်ပြီး စာသင်ပေးကြသူတွေ ရှိပေမယ့်လည်း တစ်နိုင်ငံအတိုင်းအတာနဲ့တော့ မလွှမ်းခြုံနိုင်ပါဘူး။NLD အစိုးရလက်ထက်မှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့်လည်း ပညာမသင်နိုင်တဲ့ ကလေးတွေ၊ အခမဲ့ ပညာရေးကိုတောင် မသင်နိုင်လို့ ကလေးတွေကို စာသင်ခန်းထဲ ဘယ်လို ခေါ်မလဲ၊ ပညာရေးဟာ တကယ့်ကို ကလေးအားလုံး လက်လှမ်းမီအောင် ဘယ်လို လုပ်မလဲဆိုတာမျိုး ဆောင်ရွက်တာမျိုးတော့ မရှိသေးပါဘူး။ပညာရေးကဏ္ဍ အားနည်းမှုတွေကို ထောက်ပြတိုင်း ဘတ်ဂျက်မရလို့ ဆိုတာကိုသာ လက်ညိုးထိုးရင်း ကလေးပေါင်းမြောက်မြားစွာရဲ့ဘဝက ရေတိမ်နစ်နေရပါတယ်။ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးမှာ နှစ်ပေါင်းများစွာ မရင်းနှီး မမြှုပ်နှံခဲ့တဲ့အတွက် ခေတ်နောက်ကျကျန်နေခဲ့ပြီး လိုအပ်ချက်အင်မတန်များပြားနေတယ်ဆိုတဲ့ ဆင်ခြင်ကိုပဲ ပြောဆိုပါတယ်။အရမ်းတောင်းဆိုနေမယ့် အစားရှိတာတွေ ရှိတာနဲ့ဖြစ်နိုင်အောင် လုပ်တတ်ဖို့ကလည်း အရေးကြီးတယ်ပေါ့။ ဘားဂျတ်တိုးပေးတိုင်း ပြေလည်ချင်မှပြေလည်နိုင်တယ်လို့ လမ်းဘေး စာသင်ဝိုင်းပရဟိလုပ်ဆောင်သူတွေက ထောက်ပြပြောဆိုပါတယ်။ဝမ်းစာရေးအဆင်မပြေတဲ့ စာသင်ခန်းပြင်ပကလေးငယ်တွေအတွက် ကျောင်းပြန်တက်နိုင်ဖို့အရေးဟာ လက်ရှိ အခြေအနေတွေအရ ေ၀ဝါးနေဆဲပါပဲ။ အခမဲ့ပညာရေးမှာ ပညာရေးဟာ ကလေးအားလုံးအတွက် ဖြစ်မလာသေးပါဘူး။"ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း" ဆိုတဲ့ကဗျာထဲကအတိုင်း နေခြည်မှာ ရွှေရည်လောင်းမယ့် စာသင်ကျောင်းကို ကလေးအားလုံး ဘယ်တော့များမှ ရောက်ရှိမလဲဆိုတာ အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာပါ။Photo Credit- ILOwww.khitthitnews.com

Posted by Khit Thit Media on Friday, 8 November 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com