Local News Peace political news

လားရှိုးလေယာဉ်ကွင်းနှင့် ရပ်ကွက်တချို့ ရှော့ခ်တိုက် လက်နက်ကြီးဒုံးများဖြင့် အပစ်ခံရ၊ အရပ်သား ၁ ဦးဒဏ်ရာရ

လားရှိုးလေယာဉ်ကွင်းနှင့် ရပ်ကွက်တချို့ ရှော့ခ်တိုက် လက်နက်ကြီးဒုံးများဖြင့် အပစ်ခံရ၊ အရပ်သား ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ရှော့ခ်တိုက် လက်နက်ကြီးဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်ခံရပြီး လားရှိုးလေယာဉ်ကွင်းနှင့် ရပ်ကွက်တချို့ပေါ်သို့ ကျရောက်ပြီး အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။

” လေယာဉ်ကွင်းဘက်ကို တစ်လုံးကျတယ်။ ရပ်ကွက် ၉ နယ်မြေ ၁ လမ်းသွယ် ၈ ထဲ တစ်လုံးကျတယ်။ ရပ်ကွက် ၉ နယ်မြေ ၄ ဗြုန်းတောင်လမ်း၊ စမ်းကျရေ ဆိပ်ကမ်းရေတွင်းနားမှာ တစ်လုံးကျတယ်။ ပစ်ခတ်ခံရတဲ့နေရာတေမှာ တပ်မတော် ၁၅ တပ်ရှိတယ်။ ပညာရေး ၈ ရှိတယ် ။ ၂၄၂ လက်နက်တိုက်ရှိတယ်။ အခုကျနော်တို့ သတင်းရတာက ပစ်တာက တာကန်တောင်ကုန်းပေါ်က ပစ်တယ်လို့ သတင်းရတယ်။ ညာဘက်လက် လက်နက်ကြီး အစမှန်တဲ့ လူတစ်ဦးကို အရေးပေါ်မှာ ပို့ထားတယ်” ဟု လားရှိုးမြို့ အခြေစိုက် ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးဒုံး ၃ လုံးကျရောက်ပြီးနောက် လက်ရှိတွင် အခြေအနေ တည်ငြိမ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Photo Credit – လားရှိုးမောင်မောင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts