All News Local News

ရှေ့နေဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို တပ်မတော်က တရားစွဲဆိုမှုအပေါ် အရပ်ဘက်အဖွဲ့ ၁၃၀ က ပြင်းထန်စွာ ရှုတ်ချ

ရှေ့နေဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို တပ်မတော်က တရားစွဲဆိုမှုအပေါ် အရပ်ဘက်အဖွဲ့ ၁၃၀ က ပြင်းထန်စွာ ရှုတ်ချ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး၊ တရားလွှတ်တော် ရှေ.နေကြီး ဦးကြီးမြင့် အပါအဝင်၊ တက်ကြွလှုပ်ရှားသူများ နှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုမှုများအပေါ် တပ်မတော်မှ တရားစွဲဆိုမှုများ ကို အရပ်ဘက် အဖွဲ.ပေါင်း ၁၃၀ က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ယနေ့ ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။

တပ်မတော်အနေဖြင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာရောက်၍ တရားစွဲဆိုမှုကို အမြန်ဆုံးရုပ်သိမ်းတောင်းဆိုကြောင်း၊ တပ်မတော်၏ တရားစွဲဆိုမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com