All News Local News

ရန်ကုန်တိုင်းအစိုးရရုံးရှေ့ဆန္ဒပြသည့် အထည်ချုပ်အလုပ်သမားခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်

ရန်ကုန်တိုင်းအစိုးရရုံးရှေ့ဆန္ဒပြသည့် အထည်ချုပ်အလုပ်သမားခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်

ရန်ကုန် နိုင်ဝင်ဘာလ ၁၅

ရန်ကုန်တိုင်း အစိုးရရုံးရှေ့တွင် အလုပ်ရှင် အလုပ်သမား ပြဿနာ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော Natural Garment အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် ၅ဦးကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ကတရားလိုပြုလုပ်ကာ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသူ ၅ ဦးမှာ Action Labour Right အလုပ်သမားရေးဆောင်ရွက်နေသော မမိုးစန္ဒာမြင့်၊ မသန္တာဖြိုး၊ ကိုချစ်နမ်းမောင်၊ ကိုပြည်စုံအောင်၊ ကိုကျော်မျိုးထိုက် တို့ဖြစ်ပြီး နိုဝင်ဘာလ ၉ရက်နေ့က ဒဂုံမြို့နယ် ရဲစခန်းတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က အမရဲ့ကိုယ်ရေးအချက်အလက်ကို ဒဂုံမြို့နယ်ရဲစခန်မှုးနဲ့ ရဲအုပ်တစ်ယောက်ကလာယူတယ်။ အမကတော့ အမှုကို ရင်ဆိုင်သွားမှာပေါ့။ ကျွန်မတို့ကျူးလွန်ထားတာမှမရှိတာ သူတို့ကမှတ်လောက်သား လောက်အောင်လုပ်ချင်တဲ့ပုံစံမျိုးနဲ့ု လုပ်တာလေ အလုပ်ရှင်ကစာချုပ်ပါအချက်ကို လိုက်နာဖို့ ကျွန်မတို့က ဒီပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုတာပဲရှိတယ်။ လက်ရှိချိန်မှာ စက်ရုံကတော့ ပိတ်သိမ်းသွားပြီ”ဟု မမိုးစန္ဒာမြင့်ကဆိုသည်။

Natural Garment အထည်ချုပ်စက်ရုံ အလုပ်သမား ၂ဝဝခန့်သည် ရန်ကုန်တိုင်းအစိုးရုံးရှေ့တွင် နိုဝင်ဘာ ၇ရက်မှ စတင်ကာ ၉ရက်နေ့ထိ ပြဿနာ ပြေလည်အောင် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကျခြင်းဖြစ်ပြီး လက်ရှိချိန်တွင် စက်ရုံပိတ်သိမ်းသွားသည့်အတွက် သပိတ်စခန်းပိတ်သိမ်းထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com